အရက်သေစာသောက်စားမှုဖြင့် သင်္ကန်းဝတ်တစ်ဦးအား အရေးယူ

0
202

မန္တလေး။ ဒီဇင်ဘာ ၁၃။ ၂၀၁၇။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုမြို့သစ် ဇေယျာသီရကျောင်းတွင် သတင်းသုံးနေထိုင်သည့် ဦးဉာဏဝံသ ကို အရက်သေစာသောက်စား မှုကြောင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က သာသနာတော်ညှိုးနွမ်းအောင် ပြုလုပ်မှုဖြင့် အရေးယူခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံဥသျှောင်ရပ်ကွက် မဟာမုနိ ဘုရားကြီး ဗုဒ္ဓဝင်ပန်းဥယျာဉ်အတွင်း သင်္ကန်းဝတ်တစ်ဦးသည် သောက်စား မူးယစ်နေသောကြောင့် မြို့နယ်သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ပြီး ယင်းဥယျာဉ်သို့သွားရောက်ခဲ့ပါသည်။

အရက်သေစာသောက်စားမူးယစ်နေသည့် သင်္ကန်းဝတ်အား မြို့နယ်သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကေလာသမှသိက္ခာချလူဝတ်လဲစေပြီးတရားဥပဒေနှင့်အညီဆောင်ရွက်ရန် လွှဲစာဖြင့် သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းခဲ့ကြောင်း သိရသည်။

အရက်သေစာသောက်စားမူးယစ်နေသည့် ဦးဉာဏဝံသ (ခ) ထိန်လင်း (၆၈) နှစ်အား ချမ်းမြသာစည်မြို့နယ် မြို့မရဲစခန်းမှ ရဲအရေးမပိုင်မှု အမှတ်စဉ် (ပ)၁၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅ (က) အရ အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply