တက္ကဆက်ပြည်နယ် အထက်တန်းကျောင်းသေနတ်ပစ်ခတ်မှု၊ ကျောင်းသား ၉ ဦးနှင့် ဆရာ ၁ ဦး သေဆုံး

0
130

မေ ၁၉
နိုင်ငံတကာသတင်း
ကိုဇေယျာ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က ဆန်တာဖီ အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျောင်းသား ၉ ဦးနှင့် ဆရာ ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေး မှူးကပြောသည်။

သေနတ်သမားသည် အဆိုပါအထက်တန်းကျောင်းက အသက် ၁၇ နှစ်အရွယ် ဒီမီထရီယို ပါဂိုထိဇ် ဆိုသူဟု သိရပြီး လက်ရှိတွင် ၄င်းကို အာဏာပိုင်များက ဖမ်းဆီးကာ လူသတ်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

ဒီမီထရီယိုသည် လက်နက်များကို တရားဝင်ဝယ်ယူထားသည့် ဖခင်ဖြစ်သူထံကနေယူလာသည့် ပစ္စတိုသေနတ် နှင့် ခြောက်လုံးပြူသေနတ်တို့ဖြင့် ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရတ်အဘော့က ကျောင်းတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းမျိုးစုံကိုလည်း တွေ့ခဲ့ရ ကြောင်း၊ ထိုပစ္စည်းများထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အာရုံခံစက်နှင့် ဓာတ်ဆီပုလင်းဗုံးတို့လည်း ပါဝင်ကြောင်း ပြောသည်။

ထိုပြင် ဖမ်းဆီးခံထားရသူသည် တိုက်ခိုက်မှုပြုလုပ်ရန်ကြိုတင်ကြံစည်ထားပြီး ထို့နောက် သူ့ကိုယ်သူ သတ်သေ ရန် ရည်ရွယ်ထားကြောင်း သူ၏နေ့စဉ်မှတ်တမ်းစာအုပ်၊ ကွန်ပြူတာ၊ ဖုန်းတွေကနေ ရဲတပ်ဖွဲ့က သတင်း အချက်အလက်များရထားသည်ဟုလည်း အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါ ဆယ်ကျော်သက်သည် ကိုယ့်ကိုယ်ကိုယ်သေကြောင်း ကြံစည်ရန် သတိမရှိခဲ့သောကြောင့် ရဲထံ လက်နက်ချခဲ့သည်ဟုလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောသည်။

ဆန်တာဖီရဲတပ်ဖွဲ့အကြီးအကဲ ဂျက်ဖ် ပိုဝဲလ်ကမူ ဒေသခံများအနေဖြင့် မသင်္ကာဖွယ်ပစ္စည်း တစ်စုံတစ်ရာတွေ့ပါက မကိုင်တွယ်ဘဲ သတိထားပြီး ရဲထံအကြောင်းကြားဖို့ တိုက်တွန်းသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ အစိုးရသည် ကျောင်းသားများကို ကာကွယ်ရန်၊ စာသင်ကျောင်းများလုံ ခြုံရန်သာမက အန္တရာယ်ပေးနိုင်သည့်သူများလက်ထဲ သေနတ်မရောက်ရန် အတတ်နိုင်ဆုံးလုပ်ဆောင်သွားမည် ဟုပြောသည်။ ယခုပစ်ခတ်မှုတွင် ထိခိုက်သေဆုံးခဲ့သူများကို ၀မ်းနည်းကြောင်းဖော်ပြရန် အိမ်ဖြူတော်တွင်သာမက အစိုးရနှင့် စစ်ဘက်အဆောက်အအုံများတွင် နိုင်ငံတော်အလံကို တ၀က်ချ လွှင့်ထူရန် သမ္မတက ညွှန်ကြားထားသည်။

Leave a Reply