ကျပ် သိန်း ၇၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

0
172

မန္တလေး။ ဒီဇင်ဘာ ၁၃။ ၂၀၁၇။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မိုးကုတ် – မိုင်းလုံ ကားလမ်းပေါ်တွင် မူးယစ်သတင်းအရ ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်စဉ် မောင်းလုံမှ မိုးကုတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးက စစ်ဆေးရေးအဖွဲ့ နှင့် ၁၅ ကိုက်အကွာတွင် ဆိုင်ကယ်အားပစ်လှဲပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည် ။

၎င်းဆိုင်ကယ်အား သက်ဆိုင်ရာက စစ်ဆေးကြည့်ရာ ဆိုင်ကယ်အလယ်ခွကြား၌ လက်ဆွဲအိတ် (၂) လုံးတွေ့ရှိရပြီး ယင်းအိတ်အတွင်း မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ ပြား (ဒေသပေါက်ဈေး တစ်ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၇၂၀၀) တွေ့ရှိရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ အမည်မသိ အမျိုးသားကို မိုးကုတ်မြို့မ ရဲစခန်းမှာ (ပ)၁၁၉/၂၀၁၇ ၊ မူး/စိတ် ပုဒ်မ ၁၉(က) အရအမှုဖွင့်ထားပြီး တရားခံဖမ်းစီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply