KG တန်းမှ Grade 2 တန်းများ သင်ရိုးပြောင်းမည်

0
142

မေ ၂၁
မေစု

၂၀၁၇-၂၀၁၈ခုနှစ် ကျောင်းဖွင့်ရာသီ မှစတင် ၍ မူလတန်းပညာရေး အတန်းများဖြစ်ကြ သည့် KGတန်းမှ Grade-1 ၊ Grade-2 ကလေးအတန်းများတွင် ပြီးခဲ့သည့်နှစ်က သင်ရိုးဟောင်းများအစား ကျောင်းသုံးဖတ်စာ အသစ်များနှင့်စတင်သင်ကြားမည် ဟု အခြေခံပညာဦးစီးဌာနမှသိရသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် ယခုနှစ်ကို ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု ၏ စတင်သည့်နှစ်အဖြစ်သတ်မှတ် ထားပြီး အိမ်နီးချင်းနိုင်ငံများ နှင့်အာရှနိုင်ငံများ၏ ပညာရေးစနစ်များအတိုင်း KG တန်းမှGrade-12 တန်းအထိ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်းသိရသည်။

“ဒီနှစ်မှာKG, Grade-1, Grade-2က ကျောင်းသုံးဖတ်စာအုပ် အသစ်တွေဆိုတော့ စနစ်အဟောင်း နဲ့သွားနေတဲ့မူလ တန်းထဲမှာ ဘာစာအုပ်တွေရှိမလဲ ဆိုတော့ တတိယတန်း Grade 4 နဲ့စတုတ္တတန်း Grade-5တွေကျန်သေးမယ်။လာမယ့်နှစ်အတွက် သင်ရိုးသစ်၂၀၁၉ခုနှစ်မှာတော့ ဒီ၂၀၁၈ခုနှစ် ကGrade-5 စတုတ္ထတန်း ကလေးတွေသည် Grade-6 ဖတ်စာအုပ်နဲ့သင်ရတော့မှာဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးက ကျောင်းအပ်နှံရေးလှုပ်ရှားမှု ရက်သတ္တပတ် ဆရာဆရာမများ နှင့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

၂၀၁၇-၂၀၁၈ခုနှစ် ပညာသင်နှစ်တွင်မူလတန်းပညာရေး၌ စနစ်သစ်သင်ရိုးအဖြစ် KGတန်းမှGrade2တန်းအထိ နှင့် စနစ်ဟောင်း သင်ရိုးကိုတတိယတန်း Grade-4 ၊ စတုတ္ထတန်း Grade-5ဟူ၍ ပြောင်းလဲခြင်းမရှိပဲ တစ်နှစ်တည်း မှာပင်အပြိုင် သင်ကြားနေ မည်ဖြစ် ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ၂၀၁၆ -၂၀၁၇ခုနှစ်ပညာသင်နှစ်တွင် သူငယ်တန်းGrade-1 မတက်ရောက်မီ KGတန်းအား စတင်ဖွင့်လှစ်ခဲ့ပြီး ပညာရေးအခေါ်အဝေါ် များအား မူလအတန်း အခေါ်အဝေါ်များ အပြင် Gradeသတ်မှတ်ချက်များကိုပါထည့် သွင်းခဲ့ပြီး ယခုနှစ်ကျောင်းတက်ရာသီတွင် Gradeသတ်မှတ်ချက် အခေါ်အဝေါ်များအတိုင်းသာ မူလတန်းပညာရေးမှစတင်၍ ပြောင်းလဲမည်ဟုသိရသည်။

နိုင်ငံတကာ ပညာရေးစနစ်များအတိုင်း ပြုပြင်ပြောင်းလဲရာတွင် ပြီးခဲ့သည့် နှစ်က ရှိနေခဲ့သော အထက်တန်းသတ်မှတ်ချက် ဖြစ်သည့် န၀မတန်း မှာ အလယ်တန်းပညာရေးစနစ်သို့ အကျုံးဝင်သွားပြီး ဒသမတန်း ၊ဧက ဒသမတန်း တို့အပြင် ဒွါ ဒသမတန်း ဟူ၍ အတန်းတစ်ခုတိုးလာကာ အထက်တန်းပညာရေးစနစ် အားအတန်း၃ခုသတ်မှတ်ကြောင်းသိရသည်။

Leave a Reply