အဆိုတော်အစ္စဏီ ရုံးချိန်း တရားလိုမလာသောကြောင့် မစစ်ဖြစ်

0
163

မေ ၂၃
ပဉ္စမလှိုင်း

မုဒိမ်းမှုဖြင့်တရားစွဲဆိုခံထားရသည့် အဆိုတော်အစ္စဏီ(ခ)ဟန်ထူးဇော်အား တာမွေမြို့နယ်တရားရုံးတွင် ယနေ့နံနက်ပိုင်းက လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးရာတွင် တရားလိုဘက်မှာ သူ၏လုံခြုံရေးကို စိုးရိမ်မှုကြောင့် တရားရုံးသို့ မတက်ရောက်နိုင်ကြောင်း သိရသည်။

တရားလိုဘက်မှ ရှေ့နေဦးရောဘတ်စန်းအောင် က ” တရားလိုဘက်က သူရဲ့လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံတွေဆောင်ရွက်ပေးမှ လာမယ် ရဲတပ်ဖွဲ့က သူရဲ့လုံခြုံမှုအတွက် စီမံဆောင်ရွက် မပေးနိုင်ဘူးလေ သူမလာဝံ့ဘူး ပြီးတော့ သူကိုအင်တာနက်လူမူကွန်ရက်စာမျက်နှာတွေမှာ သိက္ခာချစော်ကားတိုက်ခိုက်တာတွေ တရားရုံးအရှေ့မှာ စိတ်မချရတဲ့ အမျိုးသမီးတစ်ချို့ကို ခေါ်ထားတွေ သူကို ပိုစိုးပက်စက်လုပ်နေတာတွေကြောင့် သူစိုးရိမ်တယ် အဲ့ဒါကြောင့် ရုံးချိန်း မသွားသေးတာလေ ဘယ်နေ့
ရုံးသွားမလဲဆိုတာ အကြောင်းမကြားသေးဘူး တရားဝင်ကိုယ်စားလှယ်လွဲစား လက်မှတ်ထိုးစာတွေ မရှိသေးဘူး အဲ့ဒါကြောင့် ငါတို့က စောင့်နေတာ “ဟု ပြောကြားခဲ့သည်။

ဧပြီ ၁၁ ရက် ညပိုင်းက ရည်းစားဟောင်းဖြစ်သူ မော်ဒယ်စူးရှထက်၏ငှားရမ်းနေထိုင်သော နေအိမ်တွင် စူးရှထက်အား သားမယားပြုကျင့်ခြင်း ကိုယ်ထိလက်ရောက်ပြုကျင့်မှုများကြောင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

တရားလိုမော်ဒယ်အမျိုးသမီးကိုစစ်ဆေးရန်အတွက် နောက်ထပ်ရုံးချိန်းကို ဇွန်လ ၁ ရက် သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – ဝေယံ

Leave a Reply