မိုင်းဆတ်​မြို့တွင်​ တပ်​မ​တော်​​ထောက်​ခံပွဲ ပြုလုပ်

0
148

မေ ၂၃
ပဉ္စမလှိုင်း

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း မိုင်းဆတ်​မြို့တွင်​ တပ်​မ​တော်​​ထောက်​ခံပွဲတစ်​ရပ်​အား လူအင်​အား ၅၀၀၀ခန့်​ဖြင့်​ ယ​နေ့နံနံက်​ပိုင်းက ပြုလုပ်​ခဲ့​သည်။

အဆိုပါ​ထောက်​ခံပွဲအား မိုင်းဆတ်​မြို့ ​အောင်​​ဇေယျဘက်​စုံအားကစား ကွင်းတွင်​ပြုလုပ်​ခဲ့ခြင်းဖြစ်​ပြီး အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​​ဟောင်း ဦးလှ​ဆွေနှင့်​ အမျိုးသား​ရေးတက်​ကြွလှုပ်​ရှားသူ ဦးဝင်းကိုကိုလတ်​တို့က ​ဟော​ပြောခဲ့ကြသည်​။

ထောက်​ခံပွဲတွင်​ တပ်​မ​တော်​ကိုဖိအား​ပေးပြည်​ပနိုင်​ငံများအလိုမရှိ ၊ UNSC ဖိအား​ပေးမှု မှန်​သမျှ ဆန့်​ကျင်​ကြ ၊ တပ်​မ​တော်​ပြိုကွဲ​အောင်​ ကြံ​ဆောင်​သူမှန်​သမျှ ဆန့်​ကျင်​ကြ ၊ တရား​သောစစ်​ပွဲများ​အောင်​ရမည်​ ၊
တိုင်းပြည်​တည်​ငြိမ်​ ​ကောင်းမွန်​​ရေး တပ်​မ​တော်​ကို အစဉ်​အား​ပေး ဟူ​သော ဗီနိုင်းများ ကိုင်​​ဆောင်​ ​ကြွေး​ကြောခဲ့​ကြောင်းသိရသည်​။

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်းတွင်​ တပ်​မ​တော်​​ထောက်​ခံပွဲအား တာချီလိတ်​မြို့တွင်​ ​မေလ ၂၁ ရက်​ကပြုလုပ်​ခဲ့ပြီး ယခုမိုင်းဆတ်​မြို့တွင်​ ဆက်​လက်​ပြုလုပ်​ခဲ့ခြင်းဖြစ်​ကာ ​မေလ၂၅ ရက်​​ တွင်​ ကျိုင်းတုံမြို့၌ ဆက်​လက်​ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

Photo : Thu Ra Aung

Leave a Reply