နှစ်ကူးရက်တွင် ရွှေတိဂုံဘုရားဖူးမျှော်ခွင့် ခေတ္တကန့်သတ်မည်

0
180

ရန်ကုန်။ဒီဇင်ဘာ ၁၄။၂၀၁၇။

ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် သံဃာအပါး ၁၈၀၀၀ အား ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်သောကြောင့် အခမ်းအနားကျင်းပသည့် အချိန်အတွင်း ရွှေတိဂုံဘုရား ဖူးမျှော်ခွင့်ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်နဝါရီ ၁ ရက် တွင် ရွှေတိဂုံဘုရား ရင်ပြင်တော် ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘုရာဖူးပြည်သူများ စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် အချိန်ပိုင်း ကန့်သတ်ခြင်းဖြစ်ကြောင်းလည်း သာသနာရေးနှင့်ယဉ်ကျေးမှု ညွှန်ကြားရေးမှူး ဦးစိန်မော် က ပြောသည်။

” အခမ်းအနားကျင်းပနေတဲ့အချိန် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းနဲ့ ဇန်နဝါရီ ၁ ရက် နေ့လည် ၁၂ နာရီလောက်ထိ ကို အခမ်းအနားလုပ်မှာ ဖြစ်တဲ့အတွက် ဒီအချိန်းပိုင်းလေးအတွင်းမှာ ဘုရားဖူးပြည်သူတွေ စိတ်အနှောင့်အယှက် မဖြစ်စေချင်တဲ့အတွက် ဖူးမြော်ခွင့် ကို ခေတ္တစောင့်ဆိုင်းပေးဖို့ပြောချင်တာပါ။ ပိတ်တယ် လို့လည်းပြောလို့မရပါဘူး ” ဟု ညွှန်ကြားရေးမှူး ဦးစိန်မော်က ပြောသည်။

သံဃာအပါး ၁၈၀၀၀ နှင့် ၂၈၀၀ တို့အတွက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်ရက်တာပြုလုပ်မည်ဖြစ်ပြီးယင်းအခမ်းအနားကျင်းပခြင်းနှင့် ပတ်သက်ပြီး ရွှေတိဂုံဘုရားဂေါပကရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

သျှင်ရဲထွဋ်

Leave a Reply