လယ်​ယာထွက်​ကုန်​တင်​ပို့နိုင်​ရန်​ တရုတ်​-မြန်​မာ နှစ်​နိုင်​ငံ အစိုးရချင်း MoU ​ရေးထိုးမည်

0
191

မေ၂၄
ဝေ​ဝေဖြိုး

တရုတ်​-မြန်​မာ နှစ်​နိုင်​ငံကြား လယ်​ယာထွက်​ကုန်​များတင်​ပို့နိုင်​ရန်​ အစိုးရချင်း နားလည်​မှုစာ ချွန်​လွှာ (MoU)လက်​မှတ်​​ရေးထိုးသွားမည်​ဖြစ်​​ကြောင်း စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာန​၊
ကုန်​သွယ်​​ရေးဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်
ဦးရန်​နိုင်​ထွန်းက​ပြောသည်​။

နှစ်​နိုင်​ငံ အပြန်​အလှန်​ တင်​ပို့နိုင်​​ရေးအတွက်​ MoU​ရေးထိုး​ရေး လုပ်​ငန်းစဉ်​များနှင့်​ပတ်​သက်​၍
ပြည်​တွင်းလုပ်​ငန်းရှင်​များနှင့်​ညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့ ကုန်​သည်​စက်​မှုအသင်းချုပ်​တွင်
ပြုလုပ်​ခဲ့သည်​။

တရုတ်​နိုင်​ငံ ကူမင်းမြို့ပြည်​သူအစိုးရမှ အဆိုပြုသည့်​ ကုမ္ပဏီတစ်ခုက စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနသို့​ တရားဝင်​ဆက်​သွယ်​ပြီး ဆန်​အပါအဝင်​ လယ်​ယာထွက်​ကုန်​ များကို ဝယ်​ယူလို​သောကြောင့်​ နှစ်​နိုင်​ငံအစိုးရချင်း လက်​မှတ်​​ရေးထိုးလို
ကြောင်းကို အဆိုပြု ထားသည်​ဟုဆိုသည်​​​။

“ဒီအဆိုပြုချက်​ဟာ ကူမင်းမှာရှိ​နေတဲ့ မြန်​မာ​ကောင်​စစ်​ဝန်​ချုပ်​ရုံးက​နေတဆင့်​ သံတမန်​လမ်း​ကြောင်း​က​နေ ကျွန်​​တော်​တို့ဆီကို ​ရောက်​ပါတယ်။ဒီအ​ခြေ​နေ​ပေါ်မှာမူတည်​ပြီး နှစ်​နိုင်​ငံ MoUလက်​မှတ်​​ရေးထိုးနိုင်​​ရေးအတွက်​ကို ပြင်​ဆင်​​ဆောင်​ရွက်
ပါတယ်​။လက်​မှတ်​​ရေးထိုးတဲ့အထဲမှာပါမယ့်​အချက်​လက်​​တွေကို ဒီ​နေ့အစည်း​ဝေးမှာချ ပြပြီး အကြံဥာဏ်
တောင်းခံတာပါ။”ဟု၎င်းက​ပြောသည်​။

လယ်ယာထွက်​ကုန်​​များကို တရုတ်​နိုင်​ငံ
ကူမင်းအစိုးရက အဆိုပြု ထားသည့်​ ကုမ္ပဏီ​များကို အပြန်​အလှန်​​ရောင်းချနိုင်​ရန်​ ​ဆောင်​ရွက်​သွားမည်​ဖြစ်​ပြီး လက်​မှတ်​​ရေးထိုး​ရေးကိုလည်း လာမည့်​ ဇွန်​လအတွင်း ​နှစ်​နိုင်​ငံ အစိုးရချင်း
ရေးထိုးသွားမည်​ဖြစ်​ကြောင်းသိရသည်​။

“MoUထိုးဖို့သက်​မှတ်​ထားတဲ့ လုပ်​ထုံးလုပ်​နည်း​တွေနဲ့အညီ​ ဆောင်​ရွက်​ထားပြီးဖြစ်​ပါတယ်။အခု MoUထဲမှာပါတဲ့ အချက်​လက်​​တွေကို
လုပ်​ငန်းရှင်​​ တွေကို ချပြပြီး အကြံဥာဏ်​​တောင်း​တာပါ။ကူမင်းမှာ ဇွန်​လထဲမှာ ထိုးမှာပါ။
အ​ရောင်းအဝယ်​ပမာဏ ၊​ဈေးနှုန်းနဲ့
အမျိုးအစားက နှစ်​ဖက်​ကုမ္ပဏီ​တွေ ညှိရမှာဖြစ်​ပါတယ်​။ MoUက​တော့ အစိုးရချင်းထိုးမှာပါ။
ဈေးနှုန်းဆိုတာလဲ​ ပေါက်​​ဈေးပဲဖြစ်​ရမယ်​။
အ​ရောင်းအဝယ်​ဆိုတာကလဲ နိုင်​ငံတကာမှာသက်​မှတ်​ထားတဲ့ စံနှုန်း​တွေအတိုင်း ​ဆောင်​ရွက်​ရမှာပါ။”ဟု ဦးရန်​နိုင်​ထွန်းက​ပြောသည်​။

လက်​ရှိတွင်​လယ်​ယာထွက်​ကုန်​များဖြစ်​သည့်​ ဆန်​၊သကြား၊​ပြောင်းနှင့်​သီးနှံ​များကို ​ရောင်းချရန်​တွက်​ MoUကို မူကြမ်းပြင်​ဆင်​ထားသည့်​အဆင့်​သာဖြစ်​ပြီး တရုတ်​နိုင်​ငံမှလည်း မြန်​မာနိုင်​ငံကို တင်​သွင်း​နေသည့်လယ်​ယာသုံး သွင်းအားစု များဖြစ်​​သော
စက်​ကိရိယာ​များ၊လျှပ်​စစ်​ပစ္စည်း​များ၊ ​ဆောက်​လုပ်​​ရေးပစ္စည်းဖြစ်​သည့်​သံတို့ကို နှစ်​နိုင်​ငံ ပစ္စည်းချင်း​ဖလှယ်​သည့်​စနစ်​ဖြင့်​ အ​ရောင်းအဝယ်​ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း မြန်​မာနိုင်​ငံ ဆန်​စပါး
အသင်းချုပ်​မှ ဒုတိယ ဥက္ကဋ္ဌ
ဦး​အောင်​သန်းဦးက​ပြောသည်​။

“သူတို့ဘက်​က ၁ဦးထဲ မြန်​မာနိုင်​ငံအတွက်​ ဝယ်​ယူတာမျိုး အဆိုပြုထားတယ်​။ ဒါ​ပေမယ့်​လည်း မြန်​မာနိုင်​ငံဘက်​ကလည်း ဒီလိုမျိုး တစ်​ဦးထဲမဟုတ်​ဘဲနဲ့ ကုန်​သွယ်​မှုမှာ အားလုံးပါဝင်​နိုင်​တဲ့ အဖွဲ့အစည်း​တစ်​ခုကပဲ တာဝန်​ယူ​ဆောင်​ရွက်​ဖို့ အဓိကညှိနှိုင်း​တယ်​။ဥပမာ – သူတို့ဘက်​က ကုမ္ပဏီတစ်​ခုထဲကို ​ပေးထားတယ်​။ကျွန်​​တော်​တို့ဘက်​မှာကျ​တော့
ဝယ်​ချင်​တဲ့သူဆီကဝယ်​ဆိုရင်​ သူတို့ကလိုက်​ပြီး​တော့မှ ​ဈေးနှုန်းအသက်သာ​ဆုံးနဲ့ ​ဈေးနှိမ်​ပြီးဝယ်​မယ့်​ဟာမျိုး​တွေ ​ရှောင်​ကျဉ်​နိုင်​ဖို့တွက်​ ကျွန်​​တော်​တို့ဘက်​ကလဲ စုစည်းပြီးမှ သူတို့နဲ့ ​ဈေးနှုန်းညှိနှိုင်းပြီး​တော့ ​ဆောင်​ရွက်​လို့ရတဲ့ ဦး​ဆောင်​အဖွဲ့အစည်းတစ်​ခုအ​နေနဲ့ တာဝန်​ခံပြီး​ဆောင်​ရွက်​ဖို့ ညှိနှိုင်းတာပါ။”ဟု၎င်းက​ပြောသည်​။

လယ်​ယာထွက်​ကုန်​များအနက်
ဆန်​တန်​ချိန်​ ၁သန်း​ရောင်းချနိုင်​ရန်​ ညှိနှိုင်း​နေပြီး လက်​ရှိ​ရောင်းဝယ်​​နေသည့်​ ကုန်​သွယ်​မှု
လုပ်​ငန်းများကို မထိခိုက်​​စေရန်​နှင့်​ မြန်​မာနိုင်​ငံ အ​နေဖြင့်​လည်း နယ်​စပ်​၌ တင်​သွင်း​ရောင်းချ​နေသည့်​ လုပ်​ငန်းရှင်​များ ပါဝင်​နိုင်​ရန်​အတွက်​ MoU မူကြမ်း​တွင်​ နှစ်​ဦးနှစ်​ဖက်​ မျှတမှုရှိ​အောင်​ ညှိနှိုင်း​ဆောင်​ရွက်​ခြင်းဖြစ်​​ကြောင်းသိရသည်​။

Leave a Reply