စစ်ဘေးရှောင်ဆရာ/ဆရာမ(၃၁)ဦးတာဝန်ကျရာကျောင်းများသို့ပြန်လည် ရောက်ရှိ

0
163

ရန်ကုန် ။ ဒီဇင်ဘာ ၁၄။၂၀၁၇။

နမ္မတူဒေသအတွင်း တအောင်းပလောင်အဖွဲ့ TNLAနှင့် တပ်မတော်တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော ဆရာ/ဆရာမ ၃၁ဦး သည် တိုက်ပွဲအခြေအနေအေးချမ်းသွားပြီဖြစ်သောကြောင့် ၎င်းတို့တာဝန်ကျရာ ကျေးရွာများသို့ပြန်သွားကြပြီး ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း နမ္မတူမြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပဥ္ဒမလှိုင်းသို့ပြော သည်။

နမ္မတူမြို့နယ် ၊မိုင်းရင်းကျေးရွာအုပ်စု ၊၀ိန့်နန်းကျေးရွာတစ်ဝိုက်တွင်ဒီဇင်ဘာ ၅ရက်နေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်ယင်းကျေးရွာအနီးကျောင်း၉
ကျောင်းမှ ဆရာ/ဆရာမ ၃၁ဦးသည် နမ္မတူမြို့နယ်ပညာရေးမှူးရုံးတွင်လာ ရောက်ခိုလှုံနေထိုင်ခဲ့ကြောင်းသိရသည်။

“ဒီဇင်ဘာ၆ရက်နဲ့ ၇ရက်တွေမှာလာရောက်ခိုလှုံခဲ့တယ် ။ ဒီဇင်ဘာ၁၂ ရက်နေ့ မနက်၁၀နာရီက တာဝန်ကျတဲ့ကျောင်း တွေကိုပြန်သွားကြပြီ။ ကျောင်းတွေလည်းပြန်ဖွင့်နေပါပြီ”ဟုအဆိုပါတာဝန်ရှိသူကဆက်ပြော
သည်။

ဆရာ/ဆရာမများထွက်ပြေးတိမ်းရှောင်လာမှုကြောင့် ဒီဇင်ဘာ၁၂ရက်နေ့ အထိမူလတန်းစာသင်ကျောင်းများကို ယာယီ ပိတ်ထားခဲ့ရကြောင်း သိရသည်။

TNLAအဖွဲ့သည်ဒီဇင်ဘာ၅ရက်နေ့ကတပ်မတော်နှင့်ဖြစ်ပွားသည့်တိုက်ပွဲများအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်တပ်မတော်SSPP/SSAနှင့် နမ္မတူဒေသ မိုင်းရင်းကျေးရွာအုပ်စုတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ နမ္မတူမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ရသည်။

“နားလည်မှုလွဲပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တပ်မတော်နဲ့ကလည်း အဲ့ဒီရက်ပိုင်းမှာပဲတိုက်ပွဲတွေဖြစ်ခဲ့တယ်။တပ်မတော်စစ်ကြောင်းတွေက လည်းဝင်လာတယ်။SSPPနဲ့ကလည်းနားလည်းမှုလွဲပြီးထိတွေ့မှုတွေဖြစ်တယ် ဆိုတော့ ဒေသခံတွေ ကလန့်ပြီးထွက်ပြေးတာပေါ့။အခုတော့ အခြေအနေကအေးချမ်းသွားပါပြီ ။ဒေသခံတွေလည်းပြန်လာကြပါပြီ” ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်ကပြောသည်။

TNLAအဖွဲ့သည် သမ္မတဦးသိန်းစိန်လက်ထက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWCနှင့် တရုတ်နိုင်ငံရွှေလီမြို့တွင် ပြည်နယ် အဆင့်တွေ့ဆုံ ခဲ့ပြီး NCAလက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

TNLAနှင့် SSPPတို့သည် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC အဖွဲ့ဝင်များဖြစ်သည်။

ကိုဥာဏ် ၊ မြတ်ဟိန်းကျော် (ကော့မှူး)

Leave a Reply