▪️မြန်မာနှင့် အိုင်စီစီပြဿနာ▪️

0
166

“အကောင်းဆုံး ဖြေရှင်းနိုင်ဖို့က အစိုးရနဲ့ တပ်မတော် အတူတကွလုပ်ဖို့ လိုတယ်”

ဆလိုင်းငွန်ကျုံးလျန်

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျု

● ICC ကို ကြောက်ဖို့ လိုနေပြီလား ?

● ICC မှာ မြန်မာနိုင်ငံကို အရေးယူဖို့ဆိုတာ ဘယ်အခြေအနေ ရောက်နေပြီလဲ ?

● ICC အဖွဲ့မ၀င်ထားတဲ့ မြန်မာနိုင်ငံကို အရေးယူလို့ရလား ?

● ARSA အဖွဲ့က ဟိန္ဒူလူမျိုး ၉၀ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကရော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ ?

● ICC အတွက် မြန်မာနိုင်ငံက ဘာတွေ ပြင်ဆင်ထားသင့်လဲ ?

● ယနေ့ မြန်မာနိုင်ငံသည် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး … နိုင်ငံတကာ၏ အထူးသတိထား စောင့်ကြည့်ခြင်းကို ခံနေရပြီး ဖိအားများစွာလည်း ကျရောက်လျက်ရှိပါသည်။ အထူးသဖြင့် ရခိုင်ဒေသအရေးအခင်းများတွင် မြန်မာ့တပ်မတော်မှ နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိစေရန် လုံခြုံရေးဆိုင်ရာရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရပြီး အဆိုပါဆောင်ရွက်ချက်များသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) တွင် အရေးယူမှုများ လုပ်ဆောင်နိုင်ရန်အတွက် အနောက်အင်အားကြီးနိုင်ငံများမှ ဦးဆောင်ကြိုးပမ်းနေကြသည်။

● နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) သည် လူမျိုးတုံးသတ်ဖြတ်မှုများ (Genocide)၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crime Against Humanity)၊ စစ်ပွဲဆိုင်ရာရာဇဝတ်မှုများ (War Crime) တို့ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ရပ်ကို ခုံရုံးတင်စစ်ဆေး အရေးယူနိုင်သည်။ ထို အမှု (၃) မျိုးနှင့် အကျုံးမဝင်သည့် ကျန်သည့်အမှုများကို အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ပေ။

● စစ်အတွင်းကျူးလွန်သူများကို ခုံရုံးတင်စစ်ဆေး အရေးယူမှုများသာမက အလားတူ လူသားချင်း မတရားသဖြင့်ရက်စက်မှု၊ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်အတွက် အလေးထား ဆောင်ရွက်လာခဲ့သည့် ခုံရုံးတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးတွင် ကမ္ဘာစစ်အတွင်း စစ်ရှုံးသူများကိုသာ စီရင်ခဲ့ပြီး စစ်နိုင်သည့်နိုင်ငံများမှ ကျူးလွန်သူတဦးကိုမှ အရေးယူခဲ့ခြင်းမရှိဟု ထောက်ပြကြသည်။

● ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်နေရသော အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျု၏ ဥပဒေဌာနမှ ဒါရိုက်တာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်ကို ပဉ္စမလှိုင်းမီဒီယာမှ တွေ့ဆုံမေးမြန်းခဲ့သည်များကို သိရှိနိုင်ရန်ရန် တင်ပြလိုက်ရပါသည်။

ကျော်သူမြင့် တွေ့ဆုံမေးမြန်းသည်။
ရိုက်ကူး-ဝေယံ

Leave a Reply