ဒေါ်အောင်ဆန်းစုကြည်၏ ဆုတံဆိပ် ရုတ်သိမ်းခံရခြင်းအပေါ် နားမလည်ဟု ဦးဥာဏ်ဝင်းဆို 

0
198

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ။ ၂၀၁၇။

ဒေါ်အောင်ဆန်းစုကြည်၏ ဆုတံဆိပ် ရုတ်သိမ်းခံရခြင်းကို နားမလည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြိုက လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆုအား ပြန်လည် ရုပ်သိမ်းရန် ဒဗ္ဗလင်မြို့တော်ကောင်စီမှမဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် NLDပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဥာဏ်ဝင်းက ပဉ္စမလှိုင်း ၏မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော်တို့လုပ်စရာရှိတဲ့အလုပ်ကို အကောင်းဆုံးလုပ်နေပါတယ်။ သူတို့ရုပ်သိမ်းတာကိုတော့မသိသေးဘူး ။နားလည်းမလည်ပါဘူး။ နိုင်ငံတကာကဖိအားပေးခံနေရတာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းမဟုတ်ပါဘူး ။ကျွန်တော်တို့ တစ်တိုင်းပြည်လုံး ခံစားနေရတာပါ။ ကျွန်တော်တို့လုပ်ဆောင်နေတဲ့အလုပ်ကို မှန်မှန်ကန်ကန်နဲ့လုပ် ဆောင်နေတာပဲဖြစ်ပါတယ်”ဟု ဦးဥာဏ်ဝင်း ကပြောသည်။

ဒဗ္ဗလင်မြို့တော်ကောင်စီက ဂုဏ်ထူးဆောင်ဆုကိုပြန်လည်ရုပ်သိမ်းရန် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၅၉မဲ ၊ကြားနေမဲ ၁မဲ ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

၁၉၆၇က အတိုင်ပင်ခံပုဂ္ဂိုလ်ဘွဲ့ရရှိခဲ့သည့် ဗြိတိန်နိုင်ငံအောက်စဖိုဒ့် တက္ကသိုလ် St.Hugh`s College ရှိ၎င်း၏ဓာတ်ပုံ ကိုဖြုတ်ချခဲ့ပြီး Freedom of City Oxford ဆုကိုပြန်လည်ရုပ်သိမ်းခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဂုဏ်ထူးဆောင်စာရင်းတွင် ထည့်သွင်း ထားသည့်အတွက် ပေါ့ပ်အဆိုတော် ဘော့ဘ် ဂဲလ်ဒေါဖ့်က ၎င်းရရှိ ထားသည့် ဒဗ္ဗလင်မြို့လွတ်မြောက်ရေးဂုဏ်ထူးဆောင်ဆုကို ပြန်လည်အပ်နှံခဲ့သည်။

လက်ရှိအစိုးရအနေဖြင့် ရခိုင်ဒေသမြောက်ပိုင်းရှိ လူမျိုးရေးပဋိပက္ခ များကြောင့် နိုင်ငံတကာ၏ဖိအားများကိုခံစားနေရ ကြောင်း ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေ ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ နိုင်ငံတကာမှပေးအပ်သည့် ဂုဏ်ထူးဆောင်ဆုတံဆိပ် ပေါင်း ၁၁၅ဆုရရှိခဲ့သည်။

ကိုဥာဏ်

ဓာတ်ပုံ-Myanmar State Counsellor Office

ပုံစာ-ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ပရာမီလာ ပတ်တန်ကို လက်ခံတွေ့ဆုံနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်။

Leave a Reply