ဓားရှည်များကိုင်ကာ နေအိမ်တွင်း ဝင်ရောက် ခိုးယူသူများကို ဖမ်းမိ

0
121

မေ ၃၀
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းက နေအိမ်တစ်ခုတွင် မေလ ၂၁ ရက် နံနက်အစောပိုင်း က ဓားရှည်များကိုင်ဆောင်ကာ နေအိမ်အတွင်းရှိ ဆိုင်ကယ်ခိုးယူသွားခဲ့သူများကို မေလ ၃၀ ရက် က ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းခိုးယူခဲ့သည်ကို မှတ်တမ်းတင်ထားသည့် စီစီတီဗီမှတ်တမ်းတစ်ခုသည်လည်း အခင်းဖြစ်ပွားသည့်နေ့တွင် လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့ပြီး အများပြည်သူ စိုးရိမ်ထိတ်လန့် မှုဖြစ်ခဲ့သည် ။

“ခုလက်ရှိကတော့ ငါးယောက်ကိုဖမ်းထားပါတယ်။ ဘယ်သူတွေပါသေးလဲဆိုတာသိရဖို့ ဆက်လက်စစ်ဆေးနေတယ် ။ စစ်ဆေးစဲဖြစ်တဲ့အတွက် သတင်းအတိအကျတော့ ထုတ်ပြန်ပေးလို့မရသေးဘူး ” ဟု ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆိုင်ကယ်ခိုးသူများကို အမှတ် (၈)နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေမှုများပြုလုပ်ခဲ့ပြီး တရားခံဟုယူဆရသူ အမျိုးသားငါးဦးကို ဖမ်းဆီးကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့အတွင် ဆိုင်ကယ်ခိုးမှုများ ၊ ဓါးကိုင်ရမ်းကားသူများနှင့် ဆိုင်ကယ်ဖြင့် လူယက်သူများ ယခုရက်ပိုင်းအတွင်း ပိုမိုများပြားနေပြီး အများပြည်သူ စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လျှက်ရှိသည်။

Leave a Reply