ဂူဂဲလ်ကိုအကျပ်အတည်းတွေကနေ ကာကွယ်ပေးနေတဲ့ Security Princess

0
88

ပဉ္စမလှိုင်း

သူမဟာ ငယ်ရွယ်ဖျက်လတ်ပြီး ထူးချွန်ထက်မြက်တဲ့ ဟက်ကာတစ်ဦးပါ။ ဂူဂဲလ်ရဲ့ ထိပ်တန်းလျှို့ဝှက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ networking ပိုင်းကာကွယ်ရေးအဖွဲ့ကြီးရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမကတော့ Security Princess လို့တင်စားခံရတဲ့ အသက် ၃၅နှစ်အရွယ် Ms.Parisa Tabriz ပဲဖြစ်ပါတယ်။

သူမရဲ့တာဝန်ဟာ Google Chrome (ဂြိုလ်တုကနေ တစ်ဆင့်အင်တာနက်ဘရောက်စာနဲ့အများဆုံးအသုံးပြုခြင်း) အသုံးပြုသူသန်းပေါင်းများစွာသော userတွေကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။

အိုင်တီလောကရဲ့ ကြီးမားသော ကျား/မရေးရာတန်းတူညီမျှခြင်း နဲ့ပတ်သက်ပြီး အသိအမှတ်ပြုခြင်းခံရတဲ့ အမျိုးသမီးတစ်ဦးဖြစ်သလို အမေရိကန်နဲ့ဥရောပမှာ အမျိုးသားတွေသာအများဆုံးပါဝင်တဲ့ ပညာရှင်အသိုင်းအဝိုင်းကို ဦးဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

အစောပိုင်းနှစ်တွေတုန်းက ဒီလို အားသွန်ခွန်စိုက်လုပ်ရတဲ့လုပ်ငန်း ခွင်တွေမှာ ၁၀၀မှာ ၃၀လောက်ပဲ အမျိုး သမီးတွေဖြစ်ကြတယ်လို့ ဂူဂဲလ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
“လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က ဆေးပညာနယ်ပယ်၊ ဥပဒေပညာနယ်ပယ်တွေမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီး အရေအတွက်က ၁၀၀မှာ ၃၀လောက်ပဲရှိတယ်။

အခုအိုင်တီလောကရဲ့အမျိုးသမီးအရေအတွက်ကိုကြားရတာ တကယ်ကျေနပ်စရာကောင်းတယ်”လို့ Ms Tabrizကပြောပါတယ်။
ဒါ့အပြင် “နည်းပညာဆိုတာ အရှိန်အဟုန်နဲ့ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးနေ တဲ့နယ်ပယ်တွေထဲကတစ်ခုဖြစ်တယ်၊ ဒီလိုတိုးတက်မှုနောက်ကိုထပ်ကြပ်မကွာလိုက်နေသူတွေဟာ တကယ်လေးစားစရာကောင်းတယ်”လို့သူမကထပ်မံပြောကြားခဲ့ပါတယ်။

မစ္စတဘရိဇ် ဟာ၂၀၀၇ခုနှစမှာ ဂူဂဲလ်နဲ့စတင်လက်တွဲခဲ့ပြီး ကောလိပ်ကျောင်းသူဘဝမှာကတည်းက အလုပ်တွေကမ်းလှမ်း ခံခဲ့ရပါတယ်။
၂၀၁၂ခုနှစ်မှာ အသက် ၃၀အောက်အိုင်တီလောကရဲ့ထိပ်တန်းပညာရှင် ၃၀ဦးထဲက ထိပ်တန်းအမျိုးသမီးတစ်ဦးအဖြစ် Forbes မဂ္ဂဇင်း မှာဖော်ပြခြင်းခံခဲ့ရပါတယ်။

သြဇာကြီးမားတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦးဖြစ်သူ ဂူဂဲလ်ရဲ့ ယခင်ဒုတိယဥက္ကဌဟောင်းနဲ့ ဖေ့စ်ဘွတ်ရဲ့ လက်ရှိ COO(Chief Operationg Officer) Ms. Sheryl Sandberg က “အမျိုးသမီးတွေကို သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်း စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ရင် နှိမ့်ချအသိအမှတ်ပြုတာ သမားရိုးကျကိစ္စတစ်ခုလိုဖြစ်နေတယ်။ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်ရဲ့အရည်အချင်းသတ်မှတ်ချက်တွေကိုယှဉ်တဲ့အခါအမျိုးသားတွေကအမြဲတမ်းနှာတစ်ဖျားအသာအဖြစ်သတ်မှတ်ခြင်းခံရလေ့ရှိတယ်” လို့ဆိုပါတယ်။

မစ္စတဘရိဇ် ကတော့ “ အမျိုးသမီးတွေဆိုရင် ပျမ်းမျှအားဖြင့် အဆင့်ဘီအနည်းဆုံးရနေတဲ့သူတွေမှ ပေးလေ့ရှိပြီး၊ အမျိုးသားတွေ ဆိုရင်တော့ အဆင့် စီထက်နိမ့်နေရင်တောင် အသိအမှတ်ပြုကြတယ်၊ ဒါကသိပ်ပြီးစိတ်ဝင်စားစရာမကောင်းဘူး”လို့ဆိုပါတယ်။

ဒါ့အပြင် သူမရဲ့ ထူးခြားချက်တွေထဲမှာ ခေါင်းစခြေဆုံးအနက်ရောင် ပဲဝတ်ဆင်တဲ့ဖက်ရှင်လည်းပါဝင်ပါတယ်။ သူမကိုအမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့မှာ ဖခင်ဖြစ်သူ ဆရာဝန်နဲ့ မိခင်ဖြစ်သူ သူနာပြုတို့ ကနေမွေးဖွားခဲ့ပါတယ်။ မောင်အငယ်နှစ်ယောက်ရဲ့ အစ်မကြီး တစ်ဦးဖြစ်ပြီး ငယ်စဉ်က ယောက်ျားလေးတစ်ယောက် လိုပြုမူနေထိုင်ခဲ့ပါတယ်။

အီလီနွိုက်တက္ကသိုလ်ရဲ့ ပထမနှစ်ကျောင်းသူဘဝရောက်တဲ့အထိ ကွန်ပျူတာဆိုတာကို ထိတွေ့ရင်းနှီးဖူးခြင်းမရှိခဲ့ပါဘူး။ ကမ္ဘာ့အစောဆုံးဟက်ကာတစ်ဦးဖြစ်သူ John Draperအကြောင်း ဖတ်ပြီးတော့မှ အိုင်တီသမားတစ်ယောက်အဖြစ်ရူးသွပ် ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

“ဒီနေ့ခေတ်မှာ ဟက်တဲ့အလုပ်ဆိုတာ နာမည်အားဖြင့်တော့အကျည်း တန်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ နေရာတိုင်းမှာ နာမည်ကျော်ကြား သူတွေရဲ့ ဓာတ်ပုံတွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အွန်လိုင်းမှာ ဖြန့်ဝေနေတဲ့သူတွေကတော့ ဒါကိုသိပ်ပြီးအရေးကြီးတယ် လို့ယူဆကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက တကယ့်ရာဇဝတ် မှုမြောက်တယ်။ ဟက်ကာတစ်ယောက်အနေနဲ့ ကျွန်မကတော့ ဒီလိုကိစ္စတွေကို တကယ်ပဲမနှစ်မြို့ဘူး”လို့ မစ္စတဘရိဇ်ကပြောပါတယ်။

ကွန်ပျူတာတစ်လုံးနဲ့အလုပ်လုပ်နေရတဲ့ လုံခြုံရေးစနစ်ဆိုတာ မင်းက ယောက်ျားဖြစ်တယ်၊ မိန်းမဖြစ်တယ်ဆိုတာ ထက်ပိုတဲ့ ကိစ္စတွေကို စွမ်းဆောင်နေရခြင်းဖြစ်တယ် လို့လည်း သူမကဆိုပါတယ်။
အခုတော့ မစ္စတဘရိဇ်တစ်ယောက် နေ့စဉ်အကြပ်အတည်းတွေထဲက ကမ္ဘာကြီးကိုကယ်တင်ဖို့သူမရဲ့အိပ်ရေးပျက်ညပေါင်းများစွာပေးဆပ်ပြီး ကြိုးစားနေဆဲဖြစ်ပါတယ်။

ref:Business Insider

Leave a Reply