0
172

ရန်ကုန်။ ဒီဇင်ဘာ ၁၅ ။၂၀၁၇။

ကချင်ပြည်နယ်တနိုင်းမြို့နယ်တွင် ယခုလဆန်းပိုင်းကဆန်နှင့်စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီး ယခုသီတင်းပတ်အ တွင်းဆန်နှင့် စက်သုံးဆီ တင်သွင်းခွင့်ရရှိခဲ့သောကြောင့် ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်း ခဲ့ကြောင်း ကချင်ပြည်နယ် တနိုင်းမြို့နယ် မဲဆန္ဒနယ်(၂) မှ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းကပြောသည်။

“ဒီဇင်ဘာဒုတိယပတ်ထဲမှာ ဆန်တင်ပို့ခွင့်ပြန်ရတယ် ။ဆန်ဈေး ကျသွားပြီပေါ့။ ဒီဇင်ဘာပထမပတ်ကဆို တော်တော်တက်သွားတယ်။ ဆန်တစ်အိတ်ကို ၆၀၀၀၀ကျော်တယ်။အခုကတစ်အိတ်ကို ၄၃၀၀၀ လောက်ပဲ ရှိတော့တယ် ။ ကျွန်တော်တို့ ရှင်ဗွေယန်မြို့နယ်အပိုင်းကတော့ ဆန်အိတ် ၃၉၃၀နဲ့ စက်သုံးဆီ ပေပါ ၃၀၀ခွဲတမ်းရတယ်။ အခုတော့ ကော်မတီလေးဖွဲ့ပြီးရောင်းပေးနေတယ်”ဟု ဦးဇော်ဝင်းကပြောသည်။

တနိုင်းမြို့နယ်တွင် တစ်လလျင်တစ်ကြိမ်သာ ဆန်နှင့်စက်သုံးဆီကို တရားဝင်တင်သွင်းခွင့်ပြုထားပြီး တပ်ပိုင်းဆိုင်ရာ နှင့် ရုံးပိုင်းဆိုင်ရာလုပ်ထုံး လုပ်နည်းကြန့်ကြာမှုများကြောင့်တနိုင်းဒေသတွင်၂လတစ်ကြိမ်သာတင် သွင်း ခွင့်ရရှိသည့် အခြေအနေဖြစ်နေကြောင်းဦးဇော်ဝင်းကဆိုသည်။

တနိုင်းဒေသအတွင်း တပ်မတော်မှ KIA၏ ပယင်းနှင့်ရွှေလုပ်ကွက် များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီးစေသည်ဟုဆိုကာ နယ်မြေရှင်းလင်းရာမှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး အဆိုပါ လုပ်ကွက်များသို့ စားနပ်ရိက္ခာနှင့် စက်သုံးဆီ များရောင်းချနိုင်ခြင်းမရှိစေရန် ကန့်သတ်ထားခြင်းဖြစ်သည်ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကဆိုသည်။

ဆန်နှင့်စက်သုံးဆီ လွတ်လပ်စွာဝယ်ယူခွင့်ရရှိရေးအတွက် ၂၀၁၇ မတ်လအတွင်းက ပြည်နယ်လွှတ်တော်တွင်အရေး ကြီးအဆို တင်သွင်းအောင်မြင်ခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၎င်းကဆို သည်။

“ဖြစ်တာကတော့၂၀၁၆ဒီဇင်ဘာလောက်ထဲကဖြစ်နေတယ်။ ၂၀၁၇မတ်လမှာအရေးကြီးအဆိုတင်တယ်။နယ်/လုံဝန်ကြီးဖြေသွားတာကတော့ ဒီဒေသတွေမှာKIO/KIAကို ဆန်ဆီ စက်သုံးဆီတွေကို အသုံးပြုပြီးတော့ ပြည်သူလူထုကနေအခွန်အခတွေရနေတယ်ပေါ့။ စက်သုံးဆီတွေဆန်တွေအသုံးပြုပြီးတော့ သံယံဇာတတွေ ပယင်းတွေ ရွှေတွေတူးနေတဲ့အတွက် သဘာဝပတ်ဝန်းကျင်တွေလည်းပျက်ဆီး တယ်ပေါ့။ KIO/KIAတွေကို စက်သုံးဆီတွေ မရောက်စေချင်ဘူး။ သဘာဝ ပတ်ဝန်းကျင်ပျက်ဆီးမှာစိုးလို့စီစစ်တယ်ဆိုပြီးတော့ လွှတ်တော်မှာ တရား ၀င်ဖြေသွားပါတယ်”ဟု ဦးဇော်ဝင်းကပြောသည်။

၂၀၁၇ခုနှစ်ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တနိုင်းမြို့ပေါ်ရှိ ဘာသာရေးအဆောက်အဦးများတွင် ခိုလှုံ နေသည့် စစ်ဘေးရှောင်ပြည်သူ များ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

ကိုဥာဏ်

Leave a Reply