မန္တလေးတက္ကသိုလ် နှစ် (၆၀) ပြည့်အထိမ်းအမှတ် စာပေစကားဝိုင်းကျင်းပ

0
162

ဇွန် ၅
နိုင်လင်းဦး

မန္တလေးတက္ကသိုလ် နှစ် (၆၀) ပြည့်အထိမ်းအမှတ် စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများက ဦးဆောင်ပြီး ဇွန်လ (၅) ရက်နေ့က မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ အင်းဝခန်းမတွင် ကျင်းပခဲ့သည်။

ယင်းစာပေစကားဝိုင်းတွင် စာရေးဆရာ ဆူးငှက် ၊ ဆရာညီပုလေး ၊ ဆရာ ကျော်ရင်မြင့် နှင့် ဆရာမ ခင်ခင်ထူးတို့ မှ က “ကိုယ့်ခတ်ကိုယ့်အခါက ကိုယ်တို့ကျောင်းသားဘဝနှင့် မန္တလေးတက္ကသိုလ်´´ ခေါင်းစဉ်ဖြင့် တက္ကသိုလ်ကျောင်းသူ ကျောင်းသား ဘဝများကို ဟောပြောမှုပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့တက္ကသိုလ်က ဇွန်လ တစ်ရက်နေ့မှာ နှစ်ခြောက်ဆယ်ပြည့်ခဲ့တယ် ။ ဒီလိုနှစ်ပြည့်တိုင်း အထိမ်းအမှတ်အခမ်းအနားလုပ်တယ် ။ ဒီမန္တလေးတက္ကသိုလ်မှာ စာပေစကားဝိုင်းလုပ်မယ်ဆိုပြီး အကြံပြုကြတဲ့အတွက် နှစ်ခြောက်ဆယ်ပြည့်နဲ့ စာပေစကားဝိုင်းကို တစ်ခါတည်းလုပ်တဲ့သဘောဖြစ်သွားတယ် ” ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးအောင်စိုးသန်း က ပြောသည်။

မန္တလေးတက္ကသိုလ်ကို ၁၉၂၀ ခုနှစ်​ ဇူလိုင်​လ ၄ ရက်​​နေ့ က မန္တလေး ဥပစာ​ကောလိပ်​ အဖြစ်ဖွင့်ခဲ့ပြီး ၁၉၄၈ ခုနှစ်​တွင် ၂ နှစ်​သင်​ဥပစာ​ကောလိပ်​ မှ ၄ နှစ်​သင်​ ဒီဂရီ​ကောလိပ်​အဖြစ်​မြှင့်​တင်​ခဲ့ ရန်ကုန်တက္ကသိုလ် လက်အောက်ခံ မန္တ​လေးယူနီဗာစီတီ​ကောလိပ် ဟု နာမည်ပြောင်းခဲ့သည်။

ထို့နောက် ၁၉၅၈ ခုနှစ်​ ဇွန်​လ ၁ ရက်​​နေ့တွင် မန္တ​လေးတက္ကသိုလ်​အဖြစ်​ သီးခြားလွတ်​လပ်​သည့် တက္ကသိုလ်​ဖြစ်ခဲ့ကြောင်း သိရသည်။

Leave a Reply