မူဆယ်​တွင်​ ယာဉ်​​ကြောပိတ်​ဆို့မှု​ကြောင့်​ ကုန်စီးဆင်းမှု​ ကြန့်​ကြာ

0
158

ဇွန်​ ၆
ဝေ​ဝေဖြိုး

ယခုရက်​ပိုင်းအတွင်း မူဆယ်​တွင်​ ကားအတက်​အဆင်းများပြားမှု​ကြောင့်​ ယာဉ်​​ကြောပိတ်​ဆို့မှုများဖြစ်​​ပေါ်​နေပြီး ကုန်​စည်​စီးဆင်းမှု ကြန့်​ကြာလျှက်​ရှိ​ကြောင်း မူဆယ်​ကုန်​စည်​ဒိုင်​မှ သိရသည်​။

“လမ်းကတစ်​လမ်းထဲရှိ​တော့
ကား​တွေအဝင်​အထွက်​များတဲ့အခါ ယာဉ်​​ကြောပိတ်​ဆို့မှု​တွေဖြစ်​​နေပါတယ်​။ ယာဉ်​​တွေက မျက်​နှာချင်းဆိုင်​လာ​တော့ ​ရှေ့လဲတိုးမရ ​နောက်​​လဲဆုတ်​မရတဲ့အတွက်​ ပိတ်​ဆို့မှု​တွေဖြစ်​သွားတာပါ။ဒီလိုဖြစ်​တဲ့အတွက်​ ကုန်​စည်​စီးဆင်းမှုက ကြန့်​ကြာမှု​တွေ ဖြစ်​ကုန်​တယ်​။ဆုံးရှုံးမှု​တော့မရှိပါဘူး။ ပစ္စည်းပျက်တာတို့ ​ရေစိုသွားတာ​တွေ​တော့ရှိတယ်​။ “ဟု မူဆယ်​ကုန်​စည်​ဒိုင်​မှ
ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက​ပြောသည်​။

ယာဉ်​​ကြောပိတ်​ဆို့မှုမှာ ၁ ပတ်​ခန့်​ ကြာမြင့်​​နေပြီဖြစ်​ပြီး ယခင်​က ၁၀၅မိုင်​မှ မူဆယ်​သို့ လာလျှင်​ အချိန်​ ၁နာရီခန့်​သာကြာ​သော်​လည်း ယခုအခါ ၁၀ နာရီခန့်​ကြာမြင့်​လျှက်​ရှိ​သည်​ဟုဆိုသည်​။

ထိုသို့ဖြစ်​​ပေါ်မှု​ကြောင့်​ အခြားကုန်​စည်​များကို မထိခိုက်​​သော်​လည်း အသီးအနှံများမှာ ရက်​ကြာမြင့်​မှု​ကြောင့်​ အထိုက်​အ​လျောက်​ ထိခိုက်​မှုများရှိသည်​ဟုဆိုသည်​။

“အသီးကား​တွေ သရက်​သီးတင်​တဲ့ကား​​တော့ ထိခိုက်​တယ်​။ ယာဉ်​ထိန်း​တွေ ခရီးသွား​တွေက​တော့ လုပ်​​ပေး​နေကြတာပဲ ဒါ​ပေမယ့်​ ပိတ်​ဆို့​နေတုန်းပါပဲ ။ စီမံချက်​ချပြီး လုပ်​မယ်​ဆိုရင်​​တော့ ဖြစ်​သွားမှာပါ။ မဟုတ်​ရင်​ ဒီလိုပဲပိတ်​ဆို့မှု​တွေဖြစ်​​နေဦးမှာပဲ။စီမံချက်​ချပြီးလုပ်​မယ်​လို့​တော့​ပြောတယ်​၊ အခုထိ​တော့ လာမလုပ်​​ပေး​သေး
ပါဘူး ။”ဟု ဦးမင်းသိန်းက​ပြောသည်​။

တစ်​ရက်​ကို ရန်​ကုန်​မှ မူဆယ်​သို့ ကားအစီး​ရေ
နှစ်​​ထောင်​​ခန့်​ နှင့် မူဆယ်​မှ မန္တ​လေးသို့ ကားအစီး​ရေ နှစ်​​ထောင်​​ခန့်​ စုစု​ပေါင်း ကားအစီး​ရေ ​လေး​ထောင်​ခန့်​ အတက်​အ​ဆင်းများ ပြုလုပ်​လျှက်​ရှိ​ကြောင်းသိရသည်​။

လက်​ရှိတွင်​ မူဆယ်​ဘက်​၌ ဆန်​​ဈေးများကျဆင်း​နေပြီး အ​ရောင်းအဝယ်​ နည်းပါး၍ ဆန်​အိတ်​များ ​သောင်းဂဏန်းခန့်​ ​သောင်​တင်​​နေ​ကြောင်း
မန္တ​လေးမှ ဆန်​ကုန်​သည်​တစ်​ဦးဖြစ်​သူ ဦးစိုင်း​ကျော်​က​ပြောသည်​။

” ဟိုဘက်​ကလဲ လမ်း​တွေပိတ်​ထားတယ်​။
ဟိုဘက်​ကိုကူးတဲ့အ​ပေါက်​မှာ လက်​မှတ်​ထိုးရတယ်​။ဟိုဘက်​က​နေတင်းတင်းကြပ်​ကြပ်​နဲ့စစ်​​ဆေးမှု​တွေ လုပ်​​နေတဲ့အ​တွက်​ ကြာ​နေတာပါ။ အရင်​ကလူတ​စ်​​ယောက်​ကို ၁၅စက္ကန့်​​လောက်​ပဲ စစ်​တာ အခု ၁မိနစ်​​လောက်​ကြာ​နေတယ်​။မှတ်​ပုံတင်​ ၂ခုကိုင်​​ဆောင်​တဲ့သူ​တွေရှိတဲ့အတွက်​ စစ်​တာလို့​ပြောတယ်​။
ဒီလိုစစ်​​ဆေး​ရေးတင်းကြပ်​တဲ့တွက်​ ကုန်​သည်​​တွေ အနည်းများ​တော့ထိခိုက်​တယ်​။”ဟု ၎င်းက​ပြောသည်​။

ယခုရက်​ပိုင်းအတွင်း တရုတ်​အစိုးရမှ နယ်​စပ်​ဂိတ်​များတွင်​ စစ်​​ဆေးမှုများ တင်းကြပ်​လာ​သော​ကြောင့်​ မူဆယ်​မှ တရုတ်​နိုင်​ငံအတွင်းသို့ သွား​ရောက်​မည့်​သူများ အချိန်​ကြန့်​ကြာမှုများဖြစ်​၍ အခက်​အခဲများဖြစ်​​ပေါ်လျှက်​ ရှိ​ကြောင်း သိရသည်​။

Leave a Reply