ဂျပန်ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့ တွေ့ဆုံမည်

0
131

ဇွန် ၇
နိုငံတကာသတင်း

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းနဲ့အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ထိပ်သီးဆွေးနွေးပွဲပြု လုပ်မယ့်ရက် ကပ်နေချိန်မှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်အာဘေးရဲ့အမေရိကန်ခရီးစဉ်ဟာ စင်ကာပူမှာ ဇွန်လ ၁၂ ရက်နေ့မှာပြုလုပ်မယ့် မမျှော်လင့်ထားတဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် သံတမန်ရေးဆွေးနွေးမှုတွေ မြင့်တက်လာနေမှုတစ်စိတ်တစ်ပိုင်း ပဲဖြစ်ပါတယ်။
ထရမ့်နဲ့ကင်တို့ရဲ့ဆွေးနွေးပွဲအသေးစိတ်ကိုတော့ သက်ဆိုင်ရာနိုင်ငံတွေက မထုတ်ပြန်သေးပါဘူး။

အာဘေးဟာ ဇွန်လ ၇ ရက်နေ့မှာ ၀ါရှင်တန်မှာ သမ္မတထရမ့်နဲ့တွေ့ဆုံတဲ့အခါ ဂျပန်ရဲ့လုံခြုံရေး ဆိုင်ရာစိုးရိမ်ရတဲ့အချက်တွေကို အဓိက ထားဆွေးနွေးနိုင်ချေရှိတယ်လို့ ဘီဘီစီသတင်းမှာဖော်ပြပါတယ်။

တစ်နေ့တည်းမှာပဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရှစ်ရှ်နန်ဟာ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန် ကြီး ရီယောင်ဟိုနဲ့တွေ့ဆုံဖို့ ပြုံရမ်းမြို့ကို သွားရောက်နေပြီဖြစ်ပါတယ်။

ဝန်ကြီးချုပ်အာဘေးဟာ သမ္မတထရမ့် ရာထူးစယူချိန်ကတည်းက ပုံမှန်တွေ့ဆုံမှုတွေ လုပ်ထားတဲ့သူဖြစ်ပါတယ်။

ဆယ်စုနှစ်တွေအတွင်း အမေရိကန်ရဲ့မူဝါဒတစ်ကွေ့ပြောင်းတဲ့အနေနဲ့သမ္မတထရမ့်က မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအွန်းနဲ့တွေ့ဆုံဆွေးနွေးမယ်လို့ ရည်ရွယ်တဲ့အခါ ၀န်ကြီးချုပ်အာဘေးဟာ ဂျပန်ရဲ့စိုးရိမ်မှုတွေကို သမ္မတထရမ့်ကို ပြောကြားဖို့ စိတ်အားထက်သန်နေခဲ့တယ်လို့လည်း ဘီဘီစီ သတင်းမှာဖော်ပြပါတယ်။

တိုကျိုမှာလည်း သမ္မတ ထရမ့်က ဂျပန့်အကျိုးစီးပွားဘေးထွက်နေမယ့်သဘောတူညီချက်တစ်ခုကို မြောက်ကိုရီး ယားခေါင်းဆောင်နဲ့ပြုလုပ်မှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

နျူကလီးယားအရေး၊ ဒုံးကျည်အရေးနဲ့ အရေးအကြီးဆုံးက မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့တဲ့ ဂျပန်နိုင်ငံသားတွေအရေးမှာ တိုးတက်မှုရအောင် သမ္မတထရမ့်နဲ့ဆွေးနွေးလိုတယ်လို့ အမေရိကန်ကို မထွက်ခွါခင် ၀န်ကြီးချုပ်အာဘေးက ပြောထားပါတယ်။

မြောက်ကိုရီးယားဟာ ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ နိုင်ငံ့ထောက်လှမ်းရေးတွေကို ဂျပန်ဘာသာနဲ့ယဉ်ကျေးမှုတွေပေးရာမှာ အထောက်အကူဖြစ်ဖို့ ဂျပန်နိုင်ငံသားတွေကို ပြန်ပေးဆွဲခဲ့ပါတယ်။

ကိုဇေယျာ

Leave a Reply