ရပ်ကွက်အုပ်ချုပ်ရေးမှူး အဂတိလိုက်စားသည်ဟုဆိုကာ ကော်မရှင် နှင့် ဒေါ်အောင်ဆန်းစုကြည်ထံ ထပ်မံတိုင်ကြား

0
144

ဇွန် ၇
လင်းသုည

မြောက်ဥက္ကလာပမြို့နယ်၊(ဂ)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်အောင်မိုး အဂတိလိုက်စားခဲ့သည့်အတွက် သက်သေများနှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံခရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့များထံသို့ တိုင်ကြားခဲ့သော်လည်း ထူးခြားမလာခြင်းကြောင့် ရပ်ကွက်နေပြည်သူများမှ အရေးယူပေးရန် ထပ်မံ တောင်းဆိုလိုက်သည်။

” လက်ရှိအုပ်ချုပ်ရေးမှူး အောင်အောင်မိုးဟာ ၁၂ နှစ်ရှိခဲ့ပါပြီ၊ ရပ်ကွက်ထဲမှာလည်း ဘာမှ အကျိုးမပြုဘူး၊ ရှိသမျှမြေကွက်တွေလည်း အကုန်လုံး လက်ညိုးထိုးရောင်းစားလို့ကုန်ပြီ၊ အဲဒါတွေကို ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်အပါဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန အဆင့်ဆင့်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို တိုင်ကြားစာတွေ အကြိမ်ကြိမ်ပို့ပြီး တိုင်ကြားထားပါတယ်။ ဒါပေမယ့် ဘာမှ မထူးခြားပါဘူး၊ အရေးလည်း မယူကြပါဘူး ” ဟု
မြောက်ဥက္ကာလာပမြို့နယ်၊ (ဂ) ရပ်ကွက်မှ ရပ်မိရပ်ဖဖြစ်သူ ဦးကြည်ဝင်း ကပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများပြန်ရွေးရန် တခြားရပ်ကွက်များတွင် အဆင်ပြေ အခွင့်အရေးများ ရခဲ့သော်လည်း (ဂ) ရပ်ကွက်၌ အကြောင်းအမျိုးမျိုးနှင့်ကန့်ကွက်ခံခဲ့ရခြင်းကြောင့် အုပ်ချုပ်ရေးမှူးအသစ်ရွေးလို့မရခဲ့ဘဲ ယခုလက်ရှိ အုပ်ချုပ်ရေး မှူးသည် သက်တမ်း (၁၂) နှစ်အထိရှိနေပြီဖြစ်ခြင်းကြောင့် သမ္မတ (၂) ယောက်သာပြောင်းသွားတယ်၊ သူက အခုထိမပြောင်းသေးဘူး၊ သူ့ကို တိုင်ကြားထားသည့် တိုင်စာများက ဘယ်ရောက်ရောက်သွားတာလဲ၊ ပြည်သူကို မလေးစားတာလား၊ ပြည်သူကတင်မြောက်ထားသည့် အစိုးရကပဲ မျက်ကွယ်ပြုထားတာလား ” ဟု မြောက်ဥက္ကာလာပမြို့နယ်၊ (ဂ) ရပ်ကွက်မှ ရာအိမ်မှုဟောင်း ဦးသက်နိုင်ကပြောသည်။

အုပ်ချုပ်ရေးမှူး ဦးအောင်အောင်မိုးက ” သူတို့တိုင်ကြာချက်များသည် သတင်းအမှားများသာဖြစ်သည်။ ကျနော့လက်မှတ်နှင့် ရောင်းစားနေတာတွေရှိသည်ဆိုလျင် ရတယ်၊ လုပ်လိုက်ပါ၊ အဲလိုမှ မဟုတ်ဘဲ မမှန်မကန် စွပ်စွဲပြောဆိုပြီး ဆောင်ရွက်နေမည်ဆိုလျင်တော့ တရားစွဲဆိုသွားမည် ” ဟု ပြောသည်။

(ဂ) ရပ်ကွက်ထဲမှ ပြည်သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်ကြည်က ” အများပြည်သူပိုင်မီးသတ်ကန်နှင့်ရပ်ကွက်ထဲမှ ကလေးအားကစားကွင်းများအပါဝင်မြေဧက ၂၀ ကျော်အား အကွက်ရိုက်ပြီး ရောင်းစားနေခြင်းကို ရပ်ကွက်နေ ပြည်သူများမှ ကန့်ကွက်ခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ဦးအောင်အောင်မိုးက တိုင်ချင်သည့်နေရာတိုင်နိုင်သည်” ဟု ခြိမ်းခြောက်၍ ပြောကြောင်း ပြောသည်။

နိုင်ငံတော်အတိုင်ပင်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထဲရေးတို့ထံသို့ သက်သေများနှင့်အတူ တိုင်ကြားထားသည့် တိုင်ကြားစာထဲတွင် တရားမဝင်သစ်ခွဲစကနှင့်သစ်ဆိုင်များအား မသိကျိုးကျွန်ပြုပြီး ခွင့်ပြုထားခြင်း၊ စည်ပင်သာယာပိုင် ပလပ်မြေနေရာကို ကျူးကျော်ပြီး အဆောက်အဦးဆောက် ခြံစည်းရိုးခတ်၍ စတိုးဆိုင်ဖွင့်ထားခြင်းကို မသိကျိုးကျွန်ပြုပြီး ခွင့်ပြုထားခြင်း၊ ရပ်ကွက်အများပိုင် မီးသတ်ကန်ကို ဂရမ်အမည်ပေါက်နှင့် ပိုင်ဆိုင်သွားသည့်အထိ အဂတိလိုက်စားခဲ့ခြင်းနှင့် အားကစားကွင်းအား အကွက်ချ၍ ကျူးကျော်အိမ်များ ထပ်မံတိုးချဲ့ဆောက်လုပ်ခွင့်များကို အုပ်ချုပ်ရေးမှူး ဦးအောင်အောင်းမိုးက ပေးထားသည်ဟု ဖော်ပြထားသည်။

Leave a Reply