SME လုပ်​ငန်းများ အာမခံပစ္စည်း​ပေးစရာမလိုဘဲSMID ဘဏ်​ တွင်​ ​ချေး​ငွေထုတ်​​ချေးနိုင်​ပြီ

0
169

ဇွန်​ ၇
ဝေ​ဝေဖြိုး

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအ​နေဖြင့်​ အာမခံအပေါင်ပစ္စည်းမပါဘဲ SMID ဘဏ်​တွင်​ ​ချေး​ငွေများ စတင်​ချေးယူနိုင်​ပြီဖြစ်​​ကြောင်း အ​သေးစားနှင့်အလတ်စားစက်မှု လုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB)မှ အမှုဆောင်အရာရှိချုပ် ​ဒေါက်တာဇေယျာညွှန့်က​ပြောသည်​။

ယင်း​ချေးငွေသည် အာမခံအပေါင်ပစ္စည်းအပေါ်တွင် အဓိကအခြေမခံပဲ လုပ်ငန်းတစ်ခု၏ ငွေသား စီးဆင်းလည်ပတ်မှုနှင့်အမြတ်ရရှိမှု အပေါ်တွင် အခြေခံကာ ထုတ်ချေးသည့် ချေးငွေအမျိုးအစား ဖြစ်ပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍ သုံးရပ်ရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို အဓိက ဦးစားပေးချေး​ပေးသွားမည်​ဟုဆိုသည်​။

“ဘဏ်သတ်မှတ်ချက်အတိုင်း ချေးငွေကို မသုံးစွဲဘူးဆိုရင် ဒီချေးငွေကိုရပ်တန့်ပြီး၊ မူလရယူထား တဲ့ ချေးငွေကိုပြန်သိမ်းမှာပါ။ဘာကြောင့်လဲဆိုတော့ အာမခံအပေါင်ပစ္စည်းမယူထားတဲ့အတွက်ပါ။ ဘဏ်တွေ အနေနဲ့လဲ မဆုံးရှုံး​အောင်၊ လုပ်ငန်းရှင်အနေနဲ့လဲ တစ်ခြားမှာ အလွဲသုံးစားမလုပ်နိုင်အောင် ရည်ရွယ် လုပ်တာ ဖြစ်ပါတယ်။ လုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်တဲ့ သူတွေကို ​ခေါ်ယူတွေ့ဆုံပြီး ချေးငွေ ထုတ်ချေး ပေး သွား မှာဖြစ်ပါတယ်။”ဟု ၎င်းက​ပြောသည်​။

ယင်းကဏ္ဍသုံးရပ်မှ ထပ်မံ၍ ဦးစားပေးချေးပေးမည့် လုပ်ငန်းများကို သတ်မှတ်ထားပြီး စိုက်ပျိုးရေးကဏ္ဍတွင်စပါးနှင့်ပြောင်း ၊မွေးမြူရေးကဏ္ဍတွင် ငါး၊ပုစွန်၊ ဂဏန်း၊ ကြက်၊ နို့စားနွား၊ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စားသောက်ကုန်၊ လူသုံးကုန်၊ အ၀တ်အထည်စသည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး နှင့်ပို့ကုန် အားပေးသည့် လုပ်ငန်းများအား အဓိကဦးစားပေး ထုတ်ချေး သွားမည်ဖြစ်သည်​။

ထိုသို့ထုတ်ချေးပေးရာတွင်လည်း ကဏ္ဍအလိုက်တိုးတက်မှုနှုန်းကို ထင်သာမြင်သာမှုရှိစေရန် အတွက် တစ်နှစ်ပတ်လုံး ထုတ်ချေးခြင်း မပြုဘဲ အဆင့်အလိုက်သာ ထုတ်ချေးပေး
သွားမည်ဟုဆိုသည်​။

” လုပ်ငန်းကိုအောင်မြင်စွာလုပ်နိုင်မှသာ ကျွန်တော်တို့ကချေးမှာပါ။ အာမခံ ပစ္စည်း အခက်အခဲ တွေ့နေတဲ့ လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ထုတ်ချေးခြင်းဖြစ်ပါတယ်။ ​ချေး​ငွေကို ​ဒီ​နေ့​ချေးချင်​တယ်​ဆို စတင်​​ချေးယူလို့ရပါပြီ။”ဟု ​ဒေါက်​တာ​ဇေယျာညွှန့်​က​ပြောသည်​။

ယခုနှစ် ဇွန်လ ၇ရက်မှ စတင်၍ 
SMIDB ဘဏ်ခွဲတိုင်းတွင် ​ချေး​ငွေ​လျှောက်ထား နိုင်ပြီဖြစ်ကာ ဇူလှိုင်လ ၁၆ရက်နေ့ နောက်ဆုံးထား၍ ချေးငွေလျှောက်လွှာများကို ပေးပို့ရမည်ဖြစ်​ပြီး အတိုးနှုန်းကို တစ်လလျှင် ၁ရာခိုင်နှုန်းဖြင့် တစ်နှစ်လျှင် ၁၂ရာခိုင်နှုန်း သတ် မှတ်ထားကာ ၀န်ဆောင်ခအတွက် ၁ ရာခိုင်နှုန်း ​ပေးဆောင်ရမည်ဟုဆိုသည်​။

ထို့ပြင်​ ချေးငွေသက်တမ်းကို အများဆုံး ၃နှစ်အထိသတ်မှတ်ထားကာတစ်ဦးလျှင် ချေးငွေပမာဏ သိန်း၅၀၀ အထိ ချေး ယူနိုင်မည်ဖြစ်သည်။

ချေးငွေလျှောက်ထားလိုသူသည် အသက် ၂၀နှင့်၆၀နှစ်အကြား မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး၊ စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းလုပ်သက် (၂)နှစ်နှင့်အထက်ရှိရမည်ဖြစ်သည်။

ချေးငွေအတွက် တင်ပြသော လုပ်ငန်းသည် အနည်းဆုံး (၁)နှစ်ဆက်တိုက်လည်ပတ်နေသော လုပ်ငန်းဖြစ်ရမည်ဖြစ်ကာ SME အသင်းဝင် ကဒ်ရှိရန် လိုအပ်မည်ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးအဖွဲ့တွင်​ SME ကတ်ပြားလုပ်​ဆောင်​ထားသူ ၆သောင်းကျော်ရှိကာ
ကတ်ပြား ထုတ်ယူ ထား သည့်
လုပ်ငန်းရှင်​ပေါင်း ၃သောင်းကျော်ရှိပြီး စက်​မှုဝန်​ကြီးဌာနက သတ်​မှတ်​ထားသည့်​ SME ကတ်​များအ​ပေါ် ပြန်​လည်​စိစစ်​၍ ​ရွေးချယ်​ ထုတ်​​ချေး​ပေးသွားမည်ဟုဆိုသည်​​။

Leave a Reply