မောင်တောမြို့နယ်တွင် ကျောင်းဆရာ ၄ ဦး အပါအဝင် လူ၅ဦးအဖမ်းခံရ

0
119

ရန်ကုန်၊ဒီဇင်ဘာ ၁၆၊၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အင်ဒင်ရွာမှ ကျောင်းဆရာလေးဦးနှင့် ရွာသားတစ်ဦးတို့ကို သက်ဆိုင်ရာက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မောင်တောမြို့နယ်၊မဲဆန္ဒနယ်၂ မှ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

“မနေ့ကသုံးယောက်ဖမ်းခံရတယ်။လာခေါ်သွားတာပေါ့။တစ်ယောက်ကို မနက်၁၂နာရီမှာ ခေါ်သွားတယ်။နောက်နှစ်ယောက်ကို ည ၁၂ နာရီမှာ ခေါ်သွားတယ်။အလယ်သံကျော် စရဖက ခေါ်သွားတာ။ခေါ်သွားတာ မောင်တောရဲစခန်းကို ခေါ်သွားတယ်။ဒီမနက် ဆယ်နာရီလောက်က လက်ထောက်ပညာရေးမှူး တစ်ယောက်ပါ ပါတယ်။နောက်တစ်ယောက်က ကျောင်းအုပ်။ဒီနေ့မနက်ပိုင်းမှာ လာထပ်ခေါ်သွားတယ်။ ဒီနေ့ခေါ်သွားတဲ့ နှစ်ယောက်ကိုတော့ ဘယ်သူတွေခေါ်သွားသလဲ မသိသေးဘူး။ အခုသတင်းကြားတာတော့ စစ်တွေ ကို ခေါ်သွားတယ်လို့ သတင်းကြားတယ်။ဘာကြောင့်ခေါ်သွားရသလဲဆိုတာကို အခုထိကို မသိရဘူး။တွေ့ခွင့်လည်း မပေးဘူး။အခုခေါ်သွားတဲ့သူတွေက ရခိုင်လူမျိုးတွေချည်းပဲ။ကျောင်းဆရာလေးယောက်ပါတယ်။” ဟု ဦးအုန်းမောင်က The Fifth Wave News၏ ဆက်သွယ်မေးမြန်းမှုကို အတည်ပြုပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင် အင်းဒင်ကျေးရွာမှ လက်ထောက်ပညာရေးမှူးဦးမြင့်စိုးနှင့် အင်းဒင်ခွဆုံ ကျေးရွာမှ မူလတန်းကျောင်းအုပ် ဦးအောင်သိန်းဖြူ တို့ ပါဝင်နေကြောင်း သိရှိရသည်။

ဖမ်းဆီးခေါ်ဆောင်မှုများကို မိသားစုများနှင့် အသိမိတ်ဆွေများက တွေ့ဆုံခွင့်မရကြောင်းလည်း မောင်တောမြို့နယ် မဲဆန္ဒနယ်၂ မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောကြားသည်။

သျှင်ရဲထွဋ်

Leave a Reply