Road To Like PES 2018 Tournament ဂိမ်းပြိုင်ပွဲတွင် ထိုင်းနိုင်ငံ အဆင့် (၁) ကစားသမားပါဝင်ယှဉ်ပြိုင်

0
159

ဇွန် ၉
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၈ လမ်း၊ ၇၃ လမ်းနှင့် ၇၂ လမ်းကြားရှိ LIKE PS4 Game Centre တွင် ဇွန်လ ၉ ရက်နေ့က Road To Like PES 2018 Tournament ဂိမ်းပြိုင်ပွဲကျင်းပခဲ့ပြီး ယင်းဂိမ်းပြိုင်ပွဲတွင် ထိုင်းနိုင်ငံ အဆင့် (၁) ကစားသမား Bossui ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်းဂိမ်းပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး စသည့်မြို့များမှ ကစားသမား (၁၁၄) ဦးနှင့် ထိုင်းနိုင်ငံသား ကစားသမား (၆) ဦး စုစုပေါင်း ပြိုင်ပွဲဝင် (၁၂၀) ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

“ဒီလိုကစားပွဲတွေက E – Sport ထဲမှာပါတယ် ။ E – Sport ကစားနည်းတွေကအမျိုးမျိုးရှိပါတယ် ။ ဒီလိုပွဲတွေလုပ်ပေးတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ E – Sport ကစားသမားတွေအတွက် ခြေလှမ်းတစ်ခုဖြစ်ပါတယ် ” ဟု ပွဲစီစဉ်သူ ကိုကျော်ဇင်သက် က ပြောသည်။

Road To Like PES 2018 Tournament ဂိမ်းပြိုင်ပွဲတွင် FIFA World cup Russia 2018 ၌ ယှဉ်ပြိုင်မည့် နိုင်ငံပာအသင်းမျာကို ကိုင်တွယ်က ကစားရမည်ဖြစ်သည် ။ E – Sport ကစားပွဲများမှာ နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် ကစားနေသော်လည်း မြန်မာနိုင်ငံသည် E – Sport နှင့် ပတ်သက်၍ နောက်ကျနေကြောင်း ကိုကျော်ဇင်သက် က ပြောသည်။

Road To Like PES 2018 Tournament ဂိမ်းပြိုင်ပွဲတွင် Total Prize Pool ၇ သိန်းကျပ်ချီးမြှင့်မည်ဖြစ်ကာ ပထမဆု (၅) သိန်း ၊ ဒုတိယဆု တစ်သိန်းငါးသောင်း နှင့် တတိယဆု ငါးသောင်းချီးမြှင့်ပေးမည်ဖြစ်သည်။

ထို့အပြင် ပြိုင်ပွဲတွင် ဆုရရှိသည့်သူများအနေဖြင့် သြဂုတ်လအတွင်း ကျင်းပမည့် Game ပြိုင်ပွဲအား တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကာ ယင်းဂိမ်းပြိုင်ပွဲအား ခန်းမတစ်ခုငှားရမ်း၍ ကြီးကျယ်ခမ်းနားစွာကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply