GenerationTreeအဖွဲ့၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်ခြင်း အကြိုကာလ လေ့လာဆန်းစစ်မှုအစီရင်ခံစာ ထုတ်ပြန်

0
120

ရန်ကုန်၊ဒီဇင်ဘာ ၁၆၊၂၀၁၇

Gencration Treeအဖွဲ့၏ ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်ခြင်းအကြိုကာလလေ့လာဆန်းစစ်မှုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ဗိုလ်ချုပ်လမ်းရှိCentral Hotle ၌ ဒီဇင်ဘာလ ၁၆ ရက်နေ့၊နေ့လယ်၁နာရီအချိန်တွင်ကျင်းပခဲ့သည်။

“ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနဲ့ပတ်သက်ပြီး ရန်ကုန်ဧရိယာမှာ အချိုးစားအရခွဲပြီး စစ်တမ်းကောက်ယူမှုနေရာ(၁၀၀)ကို ကျွန်မတို့ရွေးချယ်ပါတယ်။ကြီးကြပ်ရေးအဖွဲ့(၉၂)ဖွဲ့က အဖွဲ့ဝင်တွေကို တွေ့ဆုံမေးမြန်းနိုင်ခဲ့တယ်။(၃)နေရာက ရွေးချယ်မှုလုံးဝမလုပ်ရသေးပါဘူး။ နေရာ(၂)နေရာက ကြီးကြပ်ရေးအဖွဲ့ကိုဖျက်သိမ်းပြီး ခေတ္တ ဆိုင်းငံထားတယ်။(၁)နေရာမှာကြီးကြပ်ရေးမှူး(၅)ဦးလုံးဖြေဆိုမှုမရှိပါ”ဟု Generation Tree Opration မှ Managerဒေါ်ဆွေမာဦးက ပြောသည်။

အဆိုပါGenerationTreeအဖွဲ့သည် PACEအဖွဲ့၏ ပူးပေါင်းကူညီမူဖြင့် ရွေးကောက်ပွဲအကြိုကာလနှင့် ပတ်သက်ပြီး စစ်တမ်းတစ်စောင်ကို ကောက်ယူနိုင်ရန် စေတနာဝန်ထမ်း(၅၁)ဦးဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာ(၇)နေ့မှ (၁၀)ရက်နေ့အတွင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က စောင့်ကြည့်လေ့လာရေးအဖွဲ့မဟုတ်ပါဘူး။ စစ်တမ်းကောက်ယူတဲ့အဖွဲ့ပါ။ နည်းပညာအရ စစ်တမ်းကောက်ယူနိုင်ဖို့ လုံလောက်တဲ့အချက်လက်တွေကို မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုဌာန(MIMU) ရဲ့ အင်တာနက်စာမျက်နှာပေါ်ကရရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးရပ်ကွက်ကျေးရွာစာရင်းကို အခြေခံပြီး အသုံးပြုခဲ့တာပါ”ဟု PACE Progran Manager ဦးဟန်စိုးထွန်းက ဆိုသည်။

၎င်းအစီရင်ခံစာ၏ကောက်နူတ်ချက်အရ (၁)ပြည်သူကိုမေးမြန်းခြင်း (၂)ကြီးကြပ်ရေးအဖွဲ့ကိုမေးမြန်းခြင်း (၃)မဲဆန္ဒရှင်ပညာပေး (၄) ကြီးကြပ်ရေးအဖွဲ့နှင့်ပတ်သက်သည့်အမြင်(၅)ရွေးချယ်ပွဲတွင်ပါဝင်မှု (၆)မဲပေးအစီအစဉ် စသည်တို့ဖြင့် ပိုင်းခြားပြီးစစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

အသက်ရွယ်အားဖြင့်(၃၅)အထက်သည် အများသဘောကျပြီး စစ်တမ်းအရ ကျေးလက်ဒေသတွင် အမျိုးသမီး(၆)ဦး၊ အမျိုးသား၁၇၃ဦး၊အမျိုးသမီး ပါဝင်ရွေးချယ်မှု (၃)ရာခိုင်နှုန်းသာရှိကြောင်း၊ မြို့ပြဒေသတွင် အမျိုးသမီး (၂၀)ဦး၊အမျိုးသား(၂၅၁)ဦးနှင့် အမျိုးသမီးပါဝင်မှု (၇)ရာခိုင်နှုန်းရှိကြောင်း ကြီးကြပ်ရေးအဖွဲ့၏ ပါတီနိုင်ငံရေးဆက်စပ်မူအားဖြင့် မည်သည့်ပါတီဝင်မှ မဟုတ်ကြသူ (၃၂၄)ဦး(၇၂) ရာခိုင်နှုန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ(၆၇)ဦး (၁၅)ရာခိုင်နှုန်း၊ပြည်ခိုင်ဖြိုးပါတီမှ(၂၆)ဦး (၆)ရာခိုင်နှုန်း၊ အခြားပါတီများမှ(၂၃)ဦး (၅)ရာခိုင်နှုန်းရှိကြောင်း ယခုစစ်တမ်းသည် အများအားဖြင့် မှန်နိုင်ပြီး (၃ဒသမ၈)ရာခိုင်နှုန်းခန့် လွဲမှားနိုင်ကြောင်း အစီရင်ခံစာတွင် ထုတ်ပြန်ဖေါ်ပြထားပါသည်။

ယခုကဲ့သို့ စစ်တမ်းကနဦးအစီရင်ခံစာထုတ်ပြန်ရခြင်းမှာ ရွေးချယ်ပွဲများ၏ ပွင့်လင်းမြင်သာမှုကို အများပြည်သူကြိုတင်သိရှိနိုင်ရန် ဘက်မလိုက် စောင့်ကြည့်လေ့လာမူများသည် ပွင့်လင်းမြင်သာမူနှင့်သမာသမတ်ကျမှုကို ဖော်ထုတ်ရာရောက်သဖြင့် ရွေးချယ်ပွဲစောင့်ကြည့်လေ့လာမူနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်အဖွဲ့စည်းများ
နှင့်ပူးပေါင်းကာ နည်းဥပဒေများပြဌာန်းသင့်ကြောင်း အကြံပြုလို၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စုလွတ်တော်သည် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်ပြဌာန်းခဲ့ပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် ပြည်တဲရေးဝန်ကြီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အသစ်ရွေးချယ်ရန် ကြေငြာချက်တစ်စောင်ထုတ်ပြန်၍ ၂၀၁၈ခုနှစ် ဧပြီလမတိုင်မီ ရွေးချယ်မှုကို အပြီးကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြတ်ဟိန်းကျော်

Leave a Reply