ယခုဘဏ္ဍာနှစ်​ ၆လအ​တွင်း ပြည်​ပသို့ ဆန်​တန်​ချိန်တစ်သန်း​ကျော်​ တင်​ပို့နိုင်​ရန်​ ​မျှော်​မှန်း

0
147

ဇွန်​ ၊ ၉
ဝေ​ဝေဖြိုး

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်​၏ ၆လတာကာလအတွင်း ပြည်​ပသို့ဆန်​တန်​ချိန်​ ၁သန်း​ကျော်​ကို နယ်​စပ်​ဂိတ်​​ပေါက်​များနှင့်​ ပင်​လယ်​​ရေ​ကြောင်းမှတဆင့်​ တင်​ပို့နိုင်​ရန်​ ကြိုးစား ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီး ဌာန ကုန်​သွယ်​​ရေးဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​ ဦးရန်​နိုင်​ထွန်းက​ပြောသည်​။

ယခုဘဏ္ဍာနှစ်​၂ လတာ ကာလအတွင်း ပြည်​ပသို့ ဆန်​တန်​ချိန်​ ၃သိန်းခန့်​သာ တင်​ပို့နိုင်​ပြီး ယင်းပမာဏအတိုင်း တင်​ပို့သွားမည်​ဆိုပါက ယခင်​နှစ်​ တင်​ပို့မှု စံချိန်​ကို မှီနိုင်​မည်​မဟု​တ်​​ကြောင်း မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​မှ ဒုတိယဥက္ကဋ္ဌ ဦး​အောင်​သန်းဦးက​ပြောသည်​။

“ဒီနှစ်​က ပမာဏအားဖြင့်​ တင်​ပို့နိုင်​​သော်​လည်း ကမ္ဘာ့ ​ဈေးနဲ့ပြည်​တွင်း​ဈေးကွက်​​ပေါ်မှာ အ​ခြေခံပြီး​တော့မှ တင်​ပို့မှုက ပိုလာမလား၊ ​လျော့သွားမလား ဆိုတာက​တော့ အခုချိန်​မှာမှန်းဖို့ခက်​​သေးတယ်​။”ဟု ၎င်းက​ပြောသည်​။

လာမည့်​ပွင့်​လင်းရာသီတွင်​ ကမ္ဘာ့​ဆန်​ဈေးနှုန်းများနှင့်​ ပြည်​တွင်းဆန်​​ဈေးနှုန်းများနှင့်​ တွက်​​ခြေ ကိုက်​ညီလာမည်​ဆိုပါက ယခင်​နှစ်​ထက်​ ပိုမိုတင်​ပို့နိုင်​မည်​ဟုဆိုသည်​။

ယခုဘဏ္ဍာနှစ်​အတွက်​ ပြည်​ပသို့ဆန်​တန်​ချိန်
၃သန်းခန့်​တင်​ပို့နိုင်​မည်​ဟု ​မျှော်​မှန်းထား​သော်​လည်း စပါးစိုက်​ပျိုးရာသီချိန်​တွင်​ ရာသီဥတုအ​ခြေ​နေကို ​စောင့်​ကြည့်​ရဦးမည်​ဖြစ်​​ကြောင်း မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က​ပြောသည်​။

“ဒီနှစ်ကတော့ ဆန်တန်ချိန်ကို ၂သန်းကျော်၊ ၃သန်း​လောက်တင်ပို့နိုင်မယ်လို့ မှန်းထားတယ်။ ဒါပေမယ့်​ စိုက်ပျိုးရာသီမှာ ရာသီဥတုကိုလည်း စောင့်ကြည့်ရဦးမယ်လေ။ ရာသီဥတုလည်းမဖောက်ပြန်ဘူး။ ရေကြီးတာတွေ ဘာတွေလည်းမရှိဘူးဆိုရင်​ အားလုံးအဆင်ပြေတယ်။ ပြီးခဲ့တဲ့နှစ်ကလို ကောင်းမယ်ဆိုရင် တန်ချိန် ၃သန်းလောက်တင်ပို့နိုင်မယ့် အနေအထားတော့ မြန်မာပြည်က ရှိလာမှာပါ။ ဇွန်၊ ဇူလ၊ စက်တင်ဘာ ဒီကာလမှာ ရာသီဥတုအခြေအနေက အရေးကြီးတယ်။”ဟု ၎င်းက​ပြောသည်​။

ပြည်​တွင်းမှ ထွက်​ရှိသည့်​ဆန်​များကို တရုတ်​နိုင်​ငံသို့ အဓိကတင်​ပို့လျှက်​ရှိပြီး ဥ​ရောပ ​ဈေးကွက်​ကိုလည်း တက်​ပို့လျှက်​ရှိ​ကြောင်းသိရသည်​။

အာဖရိကဈေးကွက်ကို နှစ်​စဉ်​ ဆန်​တန်​ချိန်​ ၁သန်းခန့်​တင်​ပို့လျှက်​ရှိရာ ယခုထက်​ပို၍ ဆန်​အပါအဝင်​ လယ်​ယာထွက်​ကုန်​များကိုလည်း တင်​ပို့နိုင်​ရန်​ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ဦးရဲမင်း​အောင်​က​ပြောသည်​။

” ရန်ကုန်ဆိပ်ကမ်းက သွားတာ အများစုက အနောက်အာဖရိက နိုင်ငံတွေကို သွားတာများတယ်။ အဲဒီနိုင်ငံတွေကို ဆန်တင်မဟုတ်ဘူး။ တခြားလယ်ယာ ထွက်ကုန် ​ရောင်းနိုင်မယ်ဆိုရင် အများကြီးအလုပ်ဖြစ်မှာပါ။”ဟု ၎င်းက​ပြောသည်​။

အာဖရိက​နိုင်​ငံသည်​ လူ​နေမှု မြင့်​မားလာသည်​နှင့်​အမျှ လိုအပ်​ချက်​များပြားလာ​သော​ကြောင့်​ စနစ်​တကျ ထိုး​ဖောက်​ ​ရောင်းချသင့်​​သော ​ဈေးကွက်​တစ်​ခုဖြစ်​​​သော်​လည်း သံရုံးမရှိ​သဖြင့်​ အခက်​အခဲများရှိ​သော​ကြောင့်​ ဒူဘိုင်းနိုင်​ငံမှတဆင့်​ ​ဈေးကွက်​ထိုး​ဖောက်​နိုင်​​အောင်​ ​ဆောင်​ရွက်​သွားမည်​ဟုဆိုသည်​။

မြန်​မာနိုင်​ငံ၏ ပြည်​ပဆန်​တင်​ပို့မှုပမာဏသည်​ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်​မှစပြီး နှစ်​စဉ်​တိုးတက်​လာခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်​တွင်​ ဆန်​တန်​ချိန်​ ၃ ဒသမ ၅၈ သန်း​ကျော် စံချိန်​တင်​ တင်​ပို့နိုင်​ခဲ့ပြီး နိုင်​ငံခြား​ငွေ အ​မေရိကန်​​ဒေါ်လာ ၁၁၃၇ သန်းခန့်​ ဝင်​​ငွေရရှိခဲ့​သည်​။

ယင်းဘဏ္ဍာနှစ်​ ၆လတာကာလအတွင်း
ကုန်​သွယ်​မှုပမာဏအ​နေဖြင့်​ အ​မေရိကန်​​ဒေါ်လာ ၁၃ဘီလီယံ​​ကျော်​ခန့်​ရရှိမည်​ဟု ခန့်​မှန်းထားပြီး လယ်​ယာထွက်​ကုန်​၊ ချုပ်​ပြီးအဝတ်​အထည်​များ အများဆုံးတင်​ပို့နိုင်​မည်​ဟု ​မျှော်​မှန်းထား​ကြောင်း သိရသည်​။

Leave a Reply