ရှစ်တန်းကျောင်းသူတစ်ဦးကို ပါးစပ်ပိတ်ကာ မအော်နဲ့ဟုဆိုပြီး အသက်(၅၅)နှစ်အရွယ် အိမ်နီးချင်းမှ သားမယားပြုကျင့်

0
224

ရန်ကုန်၊ဒီဇင်ဘာ ၁၆၊၂၀၁၇၊

ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ် ထမ္မနိုင်ကျေးရွာတွင် ရှစ်တန်းကျောင်းသူတစ်ဦးကို ပါးစပ်ပိတ်ကာ မအော်နဲ့ဟုဆိုပြီး အသက်(၅၅)နှစ်အရွယ် အိမ်နီးချင်းမှ သားမယားပြုကျင့်ဖြစ်ပွားခဲ့ကြောင်း ကော့မှူးမြို့မရဲစခန်းမှ သတင်းရရှိသည်။

“စခန်းကို ဒီဇင်ဘာ၁၅ရက်မနက်၁၀နာရီ၃၀မိနစ်လောက်မှာ အမှုလာဖွင့်တာပါ။ တရားလိုကမိခင်ဖြစ်သူပါ။ အမှုဖွင့်ပြီး နံနက်၁၁နာရီကျော်လောက်မှာ နယ်မြေနယ်ထိန်းအဖွဲ့က တရားခံကို သွားဖမ်းပါတယ်။အခုအင်းစိန်ထောင်ကိုပို့ထားတယ်၊၊ရဲလုပ်ငန်းစဉ်အရ လုပ်သင့်တာကို အချိန်မဆိုင်း ဆောင်ရွက်နိုင်ခဲ့လို့ တရားခံမိတာပါ”ဟု ကော့မှူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေးကပြောသည်။

ဖြစ်စဉ်မှာကော့မှူးမြို့နယ်၊ထမ္မနိုင်ကျေးရွာနေဒေါ်……….(၃၅)နှစ်၊ (ဘ)ဦးတင်စိန်မှ ထမ္မနိုင်ဈေးသို့ ဈေးသွားရောင်းနေစဉ် ခင်ပွန်းဖြစ်သူဦး……(၅၅)နှစ် (ဘ)ဦးလှညွန့်သည် စပါးရိတ်သွားနေခဲ့ကြောင်း၊ မိဘများ မရှိချိန်တွင် အိမ်၌သမီးဖြစ်သူ မ…….အသက်(၁၄)နှစ်(၇)လ၊ ရှစ်တန်း ကျောင်းသူနှင့်သားဖြစ်သူ မောင်………(၁၀)နှစ်၊ စတုတ္တတန်းတို့ မောင်နှမနှစ်ဦးသာ အမြဲကျန်ခဲ့ကြောင်း၊ ဒီဇင်ဘာ၁၅ရက်နေ့ နံနက် ၆နာရီအချိန်တွင် အိမ်ချင်းကပ်ခေါင်းရင်းအိမ်မှ ဦီးဝင်းမြိုင်(၅၅)နှစ် (ဘ)ဦးထွန်းရသည် မိဘများမရှိခိုက် နေအိမ်ထရံချိုးဖျက်ဝင်ရောက်၍ အိမ်ရှေ့ခန်းတွင် စာကျက်နေသော မ……..၏ပါးစပ်ကို ပိတ်ကာ “မအော်နဲ့”ဟုဆိုပြီး အခန်းထဲဆွဲခေါ်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၀ရက်နေ့ကလည်း သားမယားအဖြစ် ပြုကျင့် ခဲ့ဖူးကြောင်း မိဘတွေကိုပြန်ပြောရင် သတ်ပစ်မည် ဟုခြိမ်းခြောက် ခဲ့ကြောင်း ထိုဖြစ်စဉ်များကို မိခင်ဒေါ်…..အား သမီးဖြစ်သူက ပြောပြ၍ မိခင်ဖြစ်သူမှ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် ကော့မှူးမြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

၎င်းအမှုနှင့်ပတ်သက်၍ကော့မှူးမြို့မရဲစခန်းမှ ပ/၅၀၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်အရေးယူကာ တရားခံကို ဖမ်းဆီး၍ ကော့မှူးမြို့မစခန်းမှူးဒုရဲမှူးသက်လွင်မှအမှုစစ်အဖြစ်ဆောင်ရွက်လျှက်
ရှိကြောင်းသိရသည်။

မြတ်ဟိန်းကျော်

Leave a Reply