တရားမျှတမှုမရှိဘူးဟု ဆက်လက်ပြောဆိုနေပါက ဦးလှဆွေအားတရားစွဲမည်ဟု ရွေးကော် သတိပေး

0
117

ဇွန် ၁၂
ယဉ်ကေနွယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်တရားမျှတမှုမရှိဘူးဟု ဆက်လက်ပြောဆိုနေပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်မှ ဦးလှဆွေအားတရားဆွဲဆိုသွားမည်ဖြစ်ကြောင်း ၄င်းကိုယ်တိုင် ပြောဆိုသည်။

“ရွေးကောက်ပွဲ ၂၀၁၈ ကြိုတင်ဟောကိန်းဆိုပြီးတော့ ပြောတာကတော့ တရားမျှတမှုမရှိဘူးလို့ ခဏခဏပြောရင် သိက္ခာကျတဲ့အတွက်ကြောင့် တရားစွဲမယ်လို့ ကျွန်တော့်ကိုပြောလိုက်ပါတယ်” ဟု ဦးလှဆွေက ပြောသည်။

ဦးလှဆွေမှ ဂျာနယ်တစ်စောင်၏ ဆောင်းပါးတွင် ရွေးကောက်ပွဲ ၂၀၁၈ ကြိုတင်ဟောကိန်းဘုလက်မှာတမ်း အစရှိသည့်ခေါင်းစဉ်ဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ရေးသားမှုတွင်”ကျွန်တော်ဂျာနယ်ထဲမှာ ​ဆောင်းပါးတစ်ပုဒ်ရေးလိုက်တယ်။ အဲဒိထဲမှာ ​ရေးထားတာက ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာနန္ဒာလှမြင့်က ရွေးကောက်ပွဲကော်မရှင်ရဲ့တရားမျှတမှုကို သံသယရှိတယ်လို့ ရေးထားတယ်။ အဲ့ဒါတွေကို ကျွန်တော်လည်း ​ရေးထားတယ်” ဟု ဦးလှဆွေက ပြောသည်။

ဦးလှဆွေက “သူတို့သန်းပေါင်း ၁၆၀၀ တင်တာနဲ့ ပတ်သက်ပြီး ၈ယောက်တုန်းကလည်း သန်းပေါင်း ၁၆၀၀ ၁၃ ယောက်တုန်းကလည်း သန်းပေါင်း ၁၆၀၀ ဖြစ်နေတယ်လို့ ကျွန်တော်က ရေးထားတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ​ရွေးကောက်ပွဲကော်မရှင်၏ ရှင်းပြမှုတွင် ဘတ်ဂျက်ကို ပိုတင်ထားကြောင်း၊၂၀၁၇ ခုနစ်ကြားဖြတ်ရွေးကောက်ပွဲမှ ပိုသည့်ဘတ်ဂျက်များလည်း ပြန်လည်အပ်နှံခဲ့ကြောင်း၊ဦးလှဆွေ၏ရေးသားမှုသည် ကော်မရှင်အဖွဲ့ဝင်များမှ ခွဲဝေယူသည့်ပုံပေါက်နေကြောင်းလည်း ဦင်္းလှဆွေမှ ​ပြောကြားခဲ့သည်။

ယင်းကိစ္စအပြင် ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းထိန်တို့ silent day တွင် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ​ပြောခဲ့သည့်အတိုင်းဒီအပတ်လည်းပြောအုံးမှာလားဆိုသည့် ရေးသားမှုအပေါ်တွင်လည်း ၎င်းကိစ္စသည်ဖြေရှင်းပြီးသားဖြစ်သည့်အတွက် ဆက်မရေးသင့်ကြောင်း ဦးလှဆွေအား ကော်မရှင်ဘက်မှပြောကြားခဲ့သည်ဟု ၎င်း ကပြောသည်။

ဆက်လက်ပြီး ၎င်းအကောင့်ဖျက်ခံရမှုနှင့်ပတ်သက်၍လည်း “ဘယ်သူဖျက်တယ်ဆိုတာ ကျွန်တော်မသိဘူး။ဖျက်တဲ့သူတွေက သူရဲဘောကြောင်တဲ့သူတွေ၊သတ္တိမရှိတဲ့သူတွေလို့ ပြောချင်ပါတယ်” ဟု ဦးလှဆွေမှ ရှင်းလင်းပြောကြားခဲ့သည်။

၎င်းသည် ဖောက်ခွဲရေးသမား၊အကြမ်းဖက်သမား၊မူးယစ်ဆေးဝါးခေါင်းဆောင်များလည်း မဟုတ်သည့်အတွက် ယခုလိုအကောင့်ပိတ်ခြင်းသည် မသင့်လျော်ကြောင်း ဦးလှဆွေက ပြောသည်။

ထို့အတူ ၎င်းသည် ပြည်ခိုင်ဖြိုးပါတီမှ ဖြစ်သည့်အတွက် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကောင်းပါတယ်၊ တအားတော်ပါတယ်” ဟု မည်သည့်အခါမှပြောမည်မဟုတ်ကြောင်းလည်း ဦးလှဆွေမှ ဆက်လက်ပြောကြားခဲ့သည်။

Bullet News Journalထုတ်ဝေသူဦးလှဆွေအား မေလ ၁၇ ရက်နေ့က Bullet News Journal အတွဲ ၂၊အမှတ် ၄၄ ၊စာမျက်နှာ ၁၅ တွင်ပါရှိသည့် “ရွေးကောက်ပွဲ ၂၀၁၈ ကြိုတင်ဟောကိန်းဘုလက်မှာတမ်း” ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာနှင့်ပတ်သက်သည့်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ ခေါ်တွေ့မှုအပြီးတွင် ဦးလှဆွေမှ မီဒီယာများ၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Leave a Reply