စက်သုံးဆီအရည်သွေးမကောင်းခြင်းကို သုံးလအတွင်း ပပျောက်အောင် ဆောင်ရွက်ပေးနိုင်သည်ဟုဆို

0
158

ဇွန် ၁၆
ဝေဝေဖြိုး

စက်သုံးဆီ အရည် အသွေးမကောင်းမွန်ခြင်းနှင့် အရည်အသွေး မပြည့်ဝခြင်းကိစ္စများကို မြန်မာနိုင်ငံ စက်ဆီတင်သွင်းရောင်း ချဖြန့်ဖြူးရေးအသင်းအား တာဝန်ပေးမည်ဆိုပါက ယင်းကိစ္စရပ်များကို
၃ လအတွင်း ပျောက်ကင်းအောင် ဆောင်ရွက်ပေးနိုင်ကြောင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်ကပြောသည်။

“အဲ့ဒီအရည်အသွေးရောတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ လုပ်လို့ရပါတယ်။ ကျွန်တော်တို့အသင်းကို တာဝန်ပေးလိုက်ပါ။
၃ လအတွင်း အဲ့ဒီ ဆီရောတဲ့ကိစ္စတွေပျောက်စေရမယ်။ တရားမျှတတဲ့ဆောင်ရွက်ချက်လဲဖြစ်စေရမယ်။ဒါလုပ်လို့ရတယ်။ နိုင်ငံခြားသားလဲ လုပ်ခိုင်းမယ် ၊ဒီကလူတွေလဲ မည်သူမဆို လုပ်ဆိုရင်တော့ ထိန်းသိမ်းတဲ့စနစ်တွေမကောင်းရင် ဆီရောတာနဲ့ ဆီအရည်သွေးလျော့တာ ရှိနေမှာပဲ။”ဟု ၎င်းကပြောသည်။

ယင်းကိစ္စဖြေရှင်းရေးမှာ နည်းလမ်း ၂ခုရှိပြီး လူနည်းစုကို ကန့်သက်ပြီးလုပ်ခိုင်းခြင်းနှင့် မည်သူမဆို ဆက်လက်လုပ်ဆောင် စေဟုဆိုသော်လည်း စက်သုံးဆီများ အရည်အသွေးမပြည့်ဝ ရခြင်းမှာ ချက်ဆီများကို ရောနှောထား ခြင်းကြောင့်ဖြစ်၍ ချက်ဆီများအား အရောင်ဆိုးရန် ဥပဒေပြဋ္ဌာန်းထားသော်လည်း ယင်းဥပဒေအတိုင်း ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် သက်ဆိုင်ရာဌာနများ တွင် တာဝန်ရှိသလို ဥပဒေလိုက်နာခြင်းမရှိသည့် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများကိုလည်း အရေးယူဆောင်ရွက်ရမည်ဟုဆိုသည်။

စက်သုံးဆီအရည်အသွေးနှင့်အရေအတွက် မပြည့်ဝသည့်
ကိစ္စများသည် သက်ဆိုင်ရာ ဌာနများက ကြပ်မတ်ဆောင်ရွက် သွားရမည့်ကိစ္စဖြစ်ကာ ချက်ဆီများတွင် ဆေးအရောင်ဆိုးထား ခြင်းကြောင့် အရည်အသွေးကောင်းမွန်သည့် စက်သုံးဆီများနှင့် ရောနှောကာဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချမှုမှာ ပပျောက်သွားမည်ဖြစ်ပြီး သဘာဝချက် ဆီများကို ဆီချက်ဖိုများမှတဆင့် မည်သည့်နေရာများသို့ ကုန်သွယ်မှုပြုလုပ် လျက်ရှိသည်ကို စနစ်တကျစစ်ဆေးမှု များ ပြုလုပ်နိုင်သည်ဟုဆိုသည်။

ထို့ပြင်စက်သုံးဆီဆိုင်များကိုလည်း အင်တာနက်မှတဆင့် ဆီ ၁ လီတာ ရောင်းချသည်မှအစ အွန်းလိုင်း စနစ်ဖြင့် ကြည့်ရှု့စစ်ဆေးနိုင်ကာ စား သုံးပြည်သူများမှလည်း စက်သုံးဆီများ၏ ဝန်ဆောင်မှုကောင်းမွန်ခြင်း၊ အရည် အသွေးနှင့် အရည်အတွက် ပြည့်ဝမှု ရှိ မရှိစစ်၍ ဝယ်ယူသုံးစွဲလာပါက ဈေးကွက်အတွင်း မမှန်မကန်ပြုလုပ်မှု များ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဒီမဟုတ်​မမှန်​တဲ့ကိစ္စဟာ နည်းနည်း​တော့ အလုပ်​ရှုပ်​တာ​ပေါ့​နော်​။ဒါ​ပေမယ့်​ တဖက်​က ဥပ​ဒေနဲ့ ထိန်း​ကျောင်းခြင်း ​သဘာဝထိန်း​ကျောင်းခြင်းက သူ့ဟာသူ စားသုံးသူက​ရွေးလာလိမ့်​မယ်​။ စနစ်​​လေး​တွေ ပြောင်းလာမှာပါ။ အခုက​တော့ ဒီလုပ်​ငန်းသည်​ နိုင်​ငံသားတိုင်း မည်​သူမဆို လုပ်​ခွင့်​ရတယ်​ဆိုတဲ့ အနစ်​သာရက ပိုတန်​ဖိုးကြီးတယ်​။နည်းလမ်းရှိတယ်​ ဆီကို ​အရောင်​ဆိုးလိုက်​ရင်​ ဘာမှ​ရောလို့မရ​တော့ဘူး။လုပ်​လို့ရပါတယ်​ နည်းလမ်း​တွေလဲ အများကြီးရှိတယ်​။ အဲ့နည်းနဲ့လုပ်​လိုက်​ရင်​ ကျွန်​​တော်​တို့ မိုနိုပိုလီ (တစ်​ဦတည်းလုပ်​ကိုင်​ခွင့်​) လုပ်​ရာမလိုပါဘူး။ တချို့က​တော့ အဲ့တာနဲ့ အ​ကြောင်းပြပြီး မိုနိုပိုလီလုပ်​ချင်​ကြတယ်​။”ဟု ​ဒေါက်​တာဝင်းမြင့်​က​ပြောသည်​။

ပြည်​ပမှ စက်​သုံးဆီ တင်​သွင်းမှုသည်​ ယခင်​နှစ်​ဖြင့်
နှိုင်းယှဉ်​ပါက ၁၀ ရာခိုင်​နှုန်းခန့်​ တိုးလာနိုင်​ပြီး
လက်ရှိတွင် ပြည်ပနိုင်ငံများမှ တစ်လလျှင် ဓါတ်ဆီတန်ချိန် (၂)သိန်းနှင့်​ ဒီဇယ်ဆီ တန်ချိန် (၄)သိန်းဝန်းကျင်ခန့်​ တင်သွင်းလျှက်​ရှိ​သည်​ဟုဆိုသည်​။

ပြည်ပ တင်သွင်းသည့် စက်​သုံးဆီများကို ပြည်တွင်း၌ သို​လှောင်​ကန်​ငှါးသည့်​ ကုမ္ပဏီ (၅) ခုရှိကာ ယင်းကုမ္ပဏီ များမှ စက်​သုံးဆီဆိပ်​ကမ်းကို ဝန်​​ဆောင်​မှု​​ပေးလျှက်​ရှိပြီး
နိုင်​ငံခြားမှ စက်​သုံးဆီတင်​သွင်းသည့်​ ကုမ္ပဏီ​ပေါင်း ၅၀ ခန့်ရှိကြောင်း သိရသည်။

Leave a Reply