မောင်​​တော​ဒေသ ပြန်​လည်​ထူ​ထောင်​ရန် မန်းတိုင်း ဝန်​ကြီးချုပ်​နှင့် အဖွဲ့ ​မောင်​​တော​ဒေသသို့ ​​ရောက်​ရှိ

0
177

မန္တလေး၊ဒီဇင်ဘာ ၁၇၊၂၀၁၇

မောင်တောဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။

ရခိုင်​ပြည်​နယ်​၊မောင်​​တော​ဒေသတွင် နေထိုင်ရာအိမ်များနှင့် စာသင်ကျောင်းများဆောက်လုပ်ရန်​ ပြည်​နယ်​နှင့်​ တိုင်း​ဒေသကြီး (၁၄) ခုက အစိုးရအဖွဲ့များအနေဖြင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တ​လေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်နှင့်အတူ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် တို့လည်း ပါဝင်ကြောင်း သိရသည်။

မန်းတိုင်းဝန်ကြီးချုပ်သည် ကျန်းမာရေးကြောင့် အနားယူဖွယ်ရှိနေသော သမ္မတဦးထင်ကျော်၏ နေရာကို အစားထိုးခန့်အပ်ခံရမည့် ပုဂ္ဂိုလ်အဖြစ် ရေပန်းစားနေသူ ဖြစ်ပြီး ယခုခရီးစဉ်အတွက် အသေးစိတ်သိနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ပဉ္စမလှိုင်း မှဆက်သွယ်စုံစမ်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

နိုင်လင်းဦး

ပုံစာ-ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိနေသော ဒေါက်တာဇော်မြင့်မောင်ကို ဒီဇင်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ်။

ဓာတ်ပုံ-ဒေါက်တာအောင်မိုးညို Facebook

Leave a Reply