ဦးကိုကိုကြီးဦးဆောင်မည့်ပါတီကို ၈၈၈၈ ပါတီဟု အမည်သတ်မှတ်

0
182

မန္တလေး၊ဒီဇင်ဘာ ၁၇၊၂၀၁၇

၈၈မျိုးဆက်​​ကျောင်းသား​ဟောင်းများတည်​​ထောင်​မည့်​ ပါတီကို မြန်​မာအမည်​ဖြင့်​ ရှစ်​​လေးလုံးပါတီဟု​ရွေးချယ်​​ကြောင်း ပါတီဖြစ်​​မြောက်​​ရေးဦး​ဆောင်​အဖွဲ့က ဦးကိုကိုကြီးကတရားဝင်​ထုတ်​​ဖော်​​ပြောဆိုလိုက်​သည်​။

“ကျွန်​​တော်​တို့ပါတီအမည်​ကို မြန်​မာလို ရှစ်​​လေးလုံးပါတီလို့​ပေးထားပါတယ်​။အလံနဲ့လိုဂိုလည်း ရွေးချယ်ပြီးပါပြီ” ဟုဦးကိုကိုကြီးက​ပြောသည်​။

နိုင်​ငံ​ရေးပါတီတစ်​ရပ်​ဖြစ်​​မြောက်​​ရေးအတွက်​ ဒုတိယအကြိမ်​စုံညီအစည်းအ​ဝေးကိုဒီဇင်​ဘာ ၁၆နှင့်​၁၇ရက်​တို့တွင်​ရန်​ကုန်​မြို့၊သင်္ဃန်းကျွန်းမြို့နယ်​ရှိဓမ္မပီယ ​ကျောင်းတိုက်​တွင်​ပြုလုပ်​ခဲ့ပြီး အစည်းအ​ဝေးအပြီးသတင်းစာရှင်းလင်းပွဲတွင်​ ဦးကိုကိုကြီးက တရားဝင်​ထုတ်​​ဖော်​​ပြောဆိုလိုက်​ခြင်းဖြစ်​သည်​။

ပါတီအမည်​နှင့်​အမှတ်​တံဆိပ်​အပြင်​ ပါတီဖွဲ့စည်းပုံကို​ရေးဆွဲအတည်​ပြုခဲ့ပြီး ယခုဒီဇင်​ဘာမကုန်​မှီ ပါတီမှတ်​ပုံတင်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

“ပါတီဖွဲ့စည်းပုံ​ရေးဆွဲအတည်​ပြုပြီးပါပြီ ဖွဲ့စည်းပုံအရပါတီညီလာခံမကျင်းပရ​သေးခင်​ ပါတီကိုဘယ်​သူ​တွေဦး​ဆောင်​မယ်​ဆိုတာ ကြားကာလအချိန်​မှာ​​ဆွေး​နွေးပြီး​တော့ ​ဆောင်​ရွက်​သွားမှာဖြစ်​ပါတယ်​´´ဟု ၎င်းက​ပြောသည်​။

ပါတီတည်​​ထောင်​ပြီးပါက မဟာမိတ်​​ပေါ်လစီကို ကျယ်​ကျယ်​ပြန့်​ပြန့်​​ဆောင်​ရွက်​မည်​ဖြစ်​ပြီး ဒီမိုက​ရေစီဖက်​ဒရယ်​ပြည်​​ထောင်​စုတည်​​ဆောက်​​ရေးသည်​ဦး စား​ပေး​ရေးဆွဲထားပြီး ငြိမ်းချမ်း​ရေးနှင့်​ဖွံ့ဖြိုး​ရေးသည်​ ပါတီ၏ဦးစား​ပေးရည်​မှန်းချက်​ဖြစ်​​ကြောင်း ဦးကိုကိုကြီးက​ပြောသည်​။

ကိုဥာဏ်

Leave a Reply