ရှစ်လေးလုံးပြည်​သူ့ပါတီ အမည်​ ကိစ္စ ဇွန်​ ၂၄ ရက်​တွင်​ စုံညီအစည်းအ​ဝေးပြုလုပ်​ ဆုံးဖြတ်​မည်

0
150

ဇွန်​ ၁၇
ကျော်သူမြင့်

၈​လေးလုံး ပြည်​သူ့ပါတီ အမည်​​ပြောင်းလဲမည်​ မ​ပြောင်းလဲမည်​ကို ဇွန်​လ ၂၄ ရက်​တွင်​ စုံညီ အစညးအ​ဝေး ​ခေါ်ယူ ဆုံးဖြတ်​မည်​ဟု ပါတီတည်​​ထောင်​သူ ဦးကိုကိုကြီးက ​ပြောသည်​။

“ကျွန်​​တော်​တို့စုံညီ အစည်းအ​ဝေးကို ၂၄ ရက်​​နေ့မှာ​ခေါ်ဖို့ရှိပါတယ်​ ​နေရာ​တော့ ပြင်​ဆင်​​နေစဲပါ ” ဟု ဦးကိုကိုကြီးက​ပြောသည်​။

ရန်​ကုန်​မြို့ ​တောင်​ဥက္ကလာမြို့နယ်​ရှိ နိုင်​ငံ​ရေးပါတီတစ်​ရပ်​ ဖြစ်​​မြောက်​​ရေး ​ကော်​မတီရုံးခန်းတွင်​ ပါတီအမည်​ ကိစ္စနှင့်​ ပတ်​သတ်​၍ ယ​နောနံနက်​ပိုင်းက ပြုလုပ်​သည့်​သတင်းစာရှင်းလင်းပွဲတွင်​​ပြောဆိုခဲ့ခြင်း ဖြစ်​သည်​။

၈၈၈၈ ပြည်​သူ့ပါတီအမည်​အား ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​က ပါတီအမည်​ ၊ အလံ ၊အမှတ်​တံဆိပ်​ အား ​ပြောင်းလဲပြင်​ဆင်​၍ ထပ်​မံ ​လောက်​ထားရမည်​ဖြစ်​​ကြောင်း အ​ကြောင်းပြန်​ကြားထားသည်​။

ဓာတ်​ပုံ- ​ဝေယံ

Leave a Reply