နန်းမားတွင် မီးရထားနှင့် ထော်လာဂျီ တိုက်မှုဖြစ်ပွား

0
174

မန္တလေး၊ဒီဇင်ဘာ ၁၇၊၂၀၁၇

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန်းမားမြို့တွင် မီးရထားနှင့် ထော်လာဂျီ တိုက်မှုတစ်ခု ဒီဇင်ဘာလ၁၇ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမှမန္တလေးသို့ အထူးအမြန်အစုန် မီးရထား မောင်းနှင်လာစဉ် ပိုင်ငြိမ်းဦး မောင်းနှင်လာသည့် ထော်လာဂျီမှာ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်းရဲအုပ်ဝင်းနိုင်က ပြောသည်။

ယင်းဖြစ်စဉ်ကြောင့်ကျား(၂)ဦး၊မ (၁)ဦး ပွန်းပဲ့ထိလိုက်ဒဏ်ရာများရရှိခဲ့ပြီး သက်ဆိုင်ရာကျန်းမာရေးဋ္ဌာနမှ ဆေးကုသမှုပေးထားကြောင်း ထော်လာဂျီမောင်းနှင်လာသူ ပိုင်ငြိမ်းဦးကို နန်းမားနယ်မြေခံရဲစခန်းတွင် (ပ)၂၆/၂၀၁၇ ၊ ရထားပို့ဆောင်ရေးဥပဒေ ၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး

ဓာတ်ပုံ-ရှင်းရှင်းFacebook

Leave a Reply