မြောက်​ကိုရီးယား​ခေါင်း​ဆောင်​ ကင်​ဂျုံအွန်း တရုတ်​​ရောက်​​နေ

0
210

ဇွန် ၁၉
နိုင်ငံတကာသတင်း

မြောက်​ကိုရီးယား​ခေါင်း​ဆောင်​ ကင်​ဂျုံအွန်းသည်​ ဇွန်​လ ၁၉ ရက်​​မှာ တရုတ်​နိုင်​ငံတွင်​ ​ရောက်​လည်​ပတ်​မည်​ဖြစ်​ကြောင်း တရုတ်​နိုင်​ငံပိုင်​ရုပ်​သံသတင်းဌာန စီစီတီဗီက သတင်း​ဖော်​ပြသည်​။ ကင်​ဂျုံအွန်းသည်​ ဇွန်​လ ၂၀ ရက်​အထိ တရုတ်​နိုင်​ငံတွင်​ရှိ​မည်​ဖြစ်​​ကြောင်း သတင်းကဆိုသည်​။

ကင်​​ရောက်​၊ မ​ရောက်​ကိုမူ သတင်းတွင်​ တိတိကျကျ မ​ဖော်​ပြထား​ပေ။ ကင်​၏ယခုခရီးစဉ်​သည်​ မတ်​လကတည်းကဆိုရင်​ နိုင်​ငံ​ခေါင်း​ဆောင်​အဖြစ်​ ပြည်​ပနိုင်​ငံသို့ တတိယအကြိမ်​​မြောက်​ ခရီးစဉ်​ဖြစ်​သည်​။

ယခုတစ်​ကြိမ်​ထူးခြားချက်​မှာမူ ကင်​၏ အလည်​အပတ်​ခရီးစ၍်​ပို တရုတ်​နိုင်​ငံပိုင်​သတင်းက ကြိုတင်​​ကြေညာခြင်းဖြစ်​သည်​။ ယခင်​တစ်​​ခေါက်​တုန်းကမူ တရုတ်​သည်​ ကင်​ နိုင်​ငံထဲက​နေ ပြန်​လည်​ထွက်​ခွာသွားမှ ကင်​လာ​ရောက်​လည်​ပတ်​ခဲ့​သည့်​ သတင်းကို အတည်​ပြုခဲ့ခြင်းဖြစ်​သည်​။

နိုင်​ငံ​ခေါင်း​ဆောင်​များလာ​ရောက်​လည်​ပတ်​သည့်​အခါ တရုတ်​​ခေါင်း​ဆောင်​များကလက်​ခံ​တွေ့ဆုံသည့်​ ​ဘေကျင်းမြို့ရှိ ပြည်​သူ့ခန်းမ​ဆောင်​ကြီးသို့ ဦးတည်​​သော ချန်​ရန်​ရိပ်​သာလမ်းနှင့်​ ​ဘေပျင်​သို့ မတ်​လတုန်းက လာ​ရောက်​လည်​ပတ်​ချိန်​ ကင်​နှင့်​ ဇနီးသည်​တို့ တည်းခိုခဲ့​သော ​ဒေါငမယုတိုင်​ဧည့်​​ဂေဟာအပြင်​မှာလည်း ရဲအ​စောင့်​အကြပ်​တင်းကြပ်​ထားသည်​ဟု AFP သတင်းတွင်​​ဖော်​ပြသည်​။

ပြီးခဲ့သည့်​သီတင်းပတ်​က အ​​မေရိကန်​သမ္မတနှင့် ပြုလုပ်​ခဲ့​သော ထိပ်​သီး​ဆွေး​နွေးပွဲ အ​ကြောင်းအရာ ကို တရုတ်​သမ္မတ ရှီကျင့်​ပင်​ထံ ​ပြောကြားဖို့ ကင်​ဂျုံအွန်းသည်​ တရုတ်​နိုင်​ငံသို့ ဇွန်​လ ၁၉ ရက်​ အ​စောပိုင်းတွင်​သွား​ရောက်​နိုင်​​ချေရှိကြောင်း ဂျပန်​သတင်းများတွင်​​ဖော်​ပြသည်​။

ကင်​သည်​ ​ဘေကျင်းသို့ ​​လေ​ကြောင်းခရီးစဉ်​ဖြင့်​ ​ရောက်​ရှိ​တော့မည်​ဖြစ်​​သော​ကြောင့်​ လုံခြုံ​ရေး အသင့်​အ​နေထားရှိသည်​ကို​တွေ့ရ​ကြောင်း အဆိုပါခရီးစဉ်​နှင့်​ နီးစပ်​​သောသတင်းရင်းမြစ်​များကို ကိုးကားပြီး ဂျပန်​သတင်းဌာန နစ်​ကီ​အေးရှန်းက သတင်း​ဖော်​ပြသည်​။

ကင်​ဖြစ်​နိုင်​ချေရှိ​သော ​မြောက်​ကိုရီးယား ထိပ်​တန်း ​ခေါင်း​ဆောင်​တစ်​ဦးသည်​ ​လေ​ကြောင်းခရီစဉ်​ဖြင့်​ ​ဘေကျင်းကိုလာ​ရောက်​ရန်​ရှိ​ကြောင်း သံတမန်​သတင်းရင်းမြစ်​များကို ကိုးကားကာ ဂျပန်​သတင်းဌာန ကျိုဒိုသတင်းက​ဖော်​ပြသည်​။

နျူကလီးယား​လျှော့ချမည်​ဟုကတိပြုထား​သော ကင်​သည်​ နိုင်​ငံအ​ပေါ်ချမှတ်​ခံရထားရသည့်​ စီးပွား​ရေးပိတ်​ဆို့မှုများပြန်​လည်​ရုတ်​သိမ်းသွား​အောင်​ တရုတ်​နိုင်​ငံ၏​ထောက်​ခံမှုရရှိ​အောင်​ ကြိုးပမ်းနိုင်​​ချေရှိ​ကြောင်း နစ်​ကီ သတင်းတွင်​​ဖော်​ပြသည်​။

ပြီးခဲ့သည့်​ တစ်​ပတ်​တိတိတွင်​ပြုလုပ်​ခဲ့​သော ​မြောက်​ကိုရီးယားနှင့်​ အ​မေရိကန်​​ခေါငအး​ဆောင်​တို့၏သမိုင်းဝင်​ထိပ်​သီး​ဆွေး​နွေးပွဲအပြီးတွင်​ တရုတ်​နိုင်​ငံက ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်​​စီသည်​ ​မြောက်​ကိုရီးယားအ​ပေါ်ချမှတ်​ထား​သော ပိတ်​ဆိုမှုများ ပြန်​လည်​ရုတ်​သိမ်းနိုင်​​ကြောင်း အရိပ်​မြွက်​​ပြောဆိုခဲ့သည်​။

တရုတ်​သည်​ စင်​ကာပူတွင်​ဖြစ်​ခဲ့​သောညှိနှုက်း​ဆွေး​နွေးမှုများတွင်​ တိုက်​ရိုက်​ပါဝင်​ပတ်​သက်​ခဲ့ခြင်းမရှိ​သော်​လည်း ​နောက်​ကွယ်​က​နေ လွှမ်းမိုးမှုများပြု လုပ်​​နေသည်​။

အ​မေရိကန်​နိုင်​ငံခြား​ရေးဝန်​ကြီး မိုက်​ ​ပွန်​​ပေယို သည်​ ထရမ့်​-ကင်​ ထိပ်​သီး​ဆွေး​နွေးပွဲအ​ကြောင်း အသိ​ပေးရန်​ တရုတ်​သမ္မတရှီကျင့်​ပင်​နှင့်​ အခြား​ခေါင်း​ဆောင်​များထံ ထိပ်​သီး​ဆွေး​နွေးပွဲပြီးပြီးချင်း သွား​ရောက်​ခဲ့သည်​။

ကိုဇေယျာ

Leave a Reply