သြဂဲနစ်ဝါးမီးသွေးဆေးကို ၅လအတွင်း ထုတ်​လုပ်ဖြန့်​ဖြူး​ရောင်းချနိုင်​ရန်​ စီစဉ်

0
133

ဇွန်​ ၂၁
ဝေ​ဝေဖြိုး

မြန်မာနိုင်ငံတွင် သြဂဲနစ်ဝါးမီးသွေးဆေး(Activated Bamboo Charcoal capsule Medicinable)ကို
ဂျပန်နိုင်ငံ၏ နည်းပညာကူညီပံ့ပိုးမှုဖြင့် ထုတ်လုပ်ဖြန့်ဖြူး​ရောင်းချသွားမည်​ဖြစ်​​ပြီး ၅လအတွင်း ထုတ်​လုပ်​နိုင်​​ရန်​ ​ဆောင်​ရွက်​လျှက်​ရှိကြောင်း Best Benefit Enterprise Bamboo Valueadded productions ကုမ္ပဏီမှ န်နေဂျင်းဒါရိုက်တာ ဦးသန့်စင်က ပြောသည်

ထုတ်လုပ်ဖြန့်ဖြူး​ရောင်းချနိုင်​ရန်​ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးဝါးဌာန၊ အစားသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)သို့ လိုင်စင်လျှောက်ထားသွားမည်​ဖြစ်​ပြီးဝါးမီးသွေးဆေးတောင့်ထုတ်လုပ်ရန်အတွက် ဆေးဝါးထည့်သွင်းရမည့် ဆေးပစ္စည်းကိရိယာများကို
တရုတ်နိုင်ငံမှ တင်သွင်းသွားမည်ဖြစ်ကာ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် တိုင်းရင်းဆေးဝါးအဖြစ် ထုတ်လုပ်သွားမည်ဖြစ်၍ လိုင်စင်ရရှိရန် အချိန်ကာလ(၄)ဝန်းကျင် စောင့်ဆိုင်းရမည်​ဟုဆိုသည်​။

“ဒီဆေးက ကမ္ဘာပေါ်မှာ အသုံးပြုနေတာကြာနေပြီ။ ဦးတို့နိုင်ငံမှာက အခုမှစထုတ်မှာပါ။ ဆေးထုတ်ဖို့အတွက် နောက် ထပ် သုံး၊ လေး၊ ငါးလလောက်ဆိုရင် ထုတ်လို့ရပါပြီ။ လိုင်စင်လျှောက်ရဦးမယ်။ ပြည်တွင်းမှာက ဝါးမီးသွေးဆေးနဲ့ ပတ်သက်ပြီး လူတွေက သိမ့်မသိကြသေးဘူး။ ဝါးနဲ့ ပတ်သက် တဲ့ အတွေ့အကြုံကလည်း နည်းတယ်။ နောက်ပိုင်းမှာ အသင်းဖွဲ့တွေ တည်ထောင်လိုက်မှ ဗဟုသုတရှိလာကြတယ်။ ဒါကို လူတွေမသိသေးလို့ မထုတ်ရသေးတာပါ။ ရည်ရွယ်ထားတာ ၈ နှစ် ​လောက်ကြာပြီ။” ဟု၎င်းက​ပြောသည်​။

ကမ္ဘာပေါ်တွင် ဝါးမီးသွေးဆေးကို အသုံးပြုနေကြသဖြင့် မြန် မာနိုင်ငံတွင် ဝါးနှင့် ပတ်သက်၍ အသိ ပညာဗဟုသု အားနည်းနေခြင်းကြောင့် ဝါးမီးသွေးဆေးတောင့် ထုတ်လုပ်ရန်အတွက် အချိန်ကာလ ၈ နှစ်ကြာ လေ့ လာဆန်းစစ်၍ ယခုကဲ့သို့ ပထမဆုံး စတင် ထုတ်လုပ်​ခြင်းဖြစ်ကြောင်း သိရသည်။

ဝါးမီးသွေးဆေးထောင့် ထုတ်လုပ်ရာတွင် ဝါးမီးသွေးကုန်ကြမ်းအဖြစ် အသုံးပြုမည့် ဝါးအမျိုးအစားပေါင်း (၅)မျိုး ဝန်းကျင်ရှိသော်လည်း ယင်းဝါးအမျိုး အစားထဲမှ ဆေးထုတ်လုပ်ရန် ပိုမိုသင့် တော်သော ဝါးအမျိုးအစားကို အသုံးပြု သွားမည်ဟုဆိုသည်​။

” ပြည်တွင်းမှာ ထုတ်တဲ့အတွက် တိုင်းရင်းဆေးအနေနဲ့ ထုတ်သွားမယ်။ နိုင်ငံခြား ဆေးဆိုရင် ထုတ်လုပ်မှုပုံစံက တော်တော်ခက်ခဲတယ်။ ဦးတို့ရဲ့ ပစ္စည်းတွေ က အစစ်ဆေးခံနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားဆေး ထုတ်မယ်ဆိုရင် FDA၊ နိုင်ငံခြား FDA က အသိအမှတ်ပြုထားတဲ့ certificate ရမှ တိုင်းရင်းဆေးအနေ နဲ့ ထုတ်ရင်လွယ်တယ်။ အဲ့ဒါက ရည်ရွယ်ချက်တော့ရှိပါတယ်။”ဟု ဦးသန့်​စင်​က​ပြောသည်​။

အဆိုပါ​ဆေး​တောင့်ကို ပြည်တွင်း ဈေးကွက်ရရှိ​အောင်​ လုပ်​​ဆောင်​သွားမည်​ဖြစ်​ပြီး သုံးစွဲသူများပြားလာပါက ပြည်​ပသို့ တင်​ပို့သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ယင်းဝါးမီးသွေးဆေးထောင့်သည် အစာအဆိပ်သင့် ရောဂါ၊ မှိုအဆိပ်သင့်ရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါနှင့် အရက်ကြောင့် ဖြစ်ပေါ်တက်သောရောဂါများ သက်သာပျောက်ကင်းစေမည့်အပြင် အဆိုပါဆေးကို ကြိုတင်သောက်သုံးခြင်းအားဖြင့် ကင်ဆာရောဂါနှင့် အသည်းရောဂါကိုလည်း ကာကွယ်ပေးမည်​ဟုဆိုသည်​။

ယင်း​ဆေး​တောင့်​ကို ဆေးလုံး(၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၅၀၀)မှ (၆၀၀)ထိ ရောင်းချပေးနိုင်ရန် စီစဉ်​ထားပြီး ဆေးညွှန်းများနှင့် ပတ်သက်၍လည်း နိုင်ငံတကာဆေးညွှန်များအား မှီငြမ်းကိုးကား စုဆောင်းထားသည့် အချက်အလက်များရှိသည်​ဟုဆိုသည်​။

လက်ရှိတွင် ကုန်ကြမ်းအဖြစ်အသုံးပြုမည့် ဝါးမီးသွေးစက်ရုံကို ပဲခူးတိုင်းဒေသကြီး၌ တည်ဆောက်ထားကာ ဆေးဝါး ထုတ်လုပ်မည့် စက်ရုံအား ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်​တွင် တည်ဆောက်ထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ်သိန်း ၁၅၀၀ ရှိ​ကြောင်းသိရသည်​။

ဇွန်​ ၂၁
ဝေ​ဝေဖြိုး

မြန်မာနိုင်ငံတွင် သြဂဲနစ်ဝါးမီးသွေးဆေး(Activated Bamboo Charcoal capsule Medicinable)ကို
ဂျပန်နိုင်ငံ၏ နည်းပညာကူညီပံ့ပိုးမှုဖြင့် ထုတ်လုပ်ဖြန့်ဖြူး​ရောင်းချသွားမည်​ဖြစ်​​ပြီး ၅လအတွင်း ထုတ်​လုပ်​နိုင်​​ရန်​ ​ဆောင်​ရွက်​လျှက်​ရှိကြောင်း Best Benefit Enterprise Bamboo Valueadded productions ကုမ္ပဏီမှ န်နေဂျင်းဒါရိုက်တာ ဦးသန့်စင်က ပြောသည်

ထုတ်လုပ်ဖြန့်ဖြူး​ရောင်းချနိုင်​ရန်​ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးဝါးဌာန၊ အစားသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)သို့ လိုင်စင်လျှောက်ထားသွားမည်​ဖြစ်​ပြီးဝါးမီးသွေးဆေးတောင့်ထုတ်လုပ်ရန်အတွက် ဆေးဝါးထည့်သွင်းရမည့် ဆေးပစ္စည်းကိရိယာများကို 
တရုတ်နိုင်ငံမှ တင်သွင်းသွားမည်ဖြစ်ကာ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် တိုင်းရင်းဆေးဝါးအဖြစ် ထုတ်လုပ်သွားမည်ဖြစ်၍ လိုင်စင်ရရှိရန် အချိန်ကာလ(၄)ဝန်းကျင် စောင့်ဆိုင်းရမည်​ဟုဆိုသည်​။

“ဒီဆေးက ကမ္ဘာပေါ်မှာ အသုံးပြုနေတာကြာနေပြီ။ ဦးတို့နိုင်ငံမှာက အခုမှစထုတ်မှာပါ။ ဆေးထုတ်ဖို့အတွက် နောက် ထပ် သုံး၊ လေး၊ ငါးလလောက်ဆိုရင် ထုတ်လို့ရပါပြီ။ လိုင်စင်လျှောက်ရဦးမယ်။ ပြည်တွင်းမှာက ဝါးမီးသွေးဆေးနဲ့ ပတ်သက်ပြီး လူတွေက သိမ့်မသိကြသေးဘူး။ ဝါးနဲ့ ပတ်သက် တဲ့ အတွေ့အကြုံကလည်း နည်းတယ်။ နောက်ပိုင်းမှာ အသင်းဖွဲ့တွေ တည်ထောင်လိုက်မှ ဗဟုသုတရှိလာကြတယ်။ ဒါကို လူတွေမသိသေးလို့ မထုတ်ရသေးတာပါ။ ရည်ရွယ်ထားတာ ၈ နှစ် ​လောက်ကြာပြီ။” ဟု၎င်းက​ပြောသည်​။

ကမ္ဘာပေါ်တွင် ဝါးမီးသွေးဆေးကို အသုံးပြုနေကြသဖြင့် မြန် မာနိုင်ငံတွင် ဝါးနှင့် ပတ်သက်၍ အသိ ပညာဗဟုသု အားနည်းနေခြင်းကြောင့် ဝါးမီးသွေးဆေးတောင့် ထုတ်လုပ်ရန်အတွက် အချိန်ကာလ ၈ နှစ်ကြာ လေ့ လာဆန်းစစ်၍ ယခုကဲ့သို့ ပထမဆုံး စတင် ထုတ်လုပ်​ခြင်းဖြစ်ကြောင်း သိရသည်။

ဝါးမီးသွေးဆေးထောင့် ထုတ်လုပ်ရာတွင် ဝါးမီးသွေးကုန်ကြမ်းအဖြစ် အသုံးပြုမည့် ဝါးအမျိုးအစားပေါင်း (၅)မျိုး ဝန်းကျင်ရှိသော်လည်း ယင်းဝါးအမျိုး အစားထဲမှ ဆေးထုတ်လုပ်ရန် ပိုမိုသင့် တော်သော ဝါးအမျိုးအစားကို အသုံးပြု သွားမည်ဟုဆိုသည်​။

” ပြည်တွင်းမှာ ထုတ်တဲ့အတွက် တိုင်းရင်းဆေးအနေနဲ့ ထုတ်သွားမယ်။ နိုင်ငံခြား ဆေးဆိုရင် ထုတ်လုပ်မှုပုံစံက တော်တော်ခက်ခဲတယ်။ ဦးတို့ရဲ့ ပစ္စည်းတွေ က အစစ်ဆေးခံနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားဆေး ထုတ်မယ်ဆိုရင် FDA၊ နိုင်ငံခြား FDA က အသိအမှတ်ပြုထားတဲ့ certificate ရမှ တိုင်းရင်းဆေးအနေ နဲ့ ထုတ်ရင်လွယ်တယ်။ အဲ့ဒါက ရည်ရွယ်ချက်တော့ရှိပါတယ်။”ဟု ဦးသန့်​စင်​က
ပြောသည်​။

Leave a Reply