ကျောက်မျက်ရောင်းဝယ်ရေးဆိုင်မှ အလုပ်သမားအား စိန်တူနဲ့ ထုရာမှ ရုဏ်းရင်းဆန်ခတ်ဖြစ်

0
212

ဇွန် ၂၂
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေကျောက်မျက်ေ ရာင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အနီးရှိ ကျောက်မျက်ရောင်း ဝယ်ရေးဆိုင်မှ အလုပ်သမားတစ်ဦးအား ဇွန်လ ၂၂ ရက် က စိန်တူနဲ့ ထုရာမှ ရုဏ်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီ က သိရသည်။

ဖြစ်စဉ်မှာ အလုပ်သမားတစ်ဦးအား ကျောက်မျက်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်၏ တူဖြစ်သူ မြန်မာနိုင်ငံသား တရုတ်လူမျိုးက တူဖြင့်ထုခဲ့သည့်အတွက် သက်ဆိုင်ရာရဲစခန်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်ရာ လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်ခြင်း မရှိသောကြောင့် ကျောက်ဝိုင်းအတွင်းရှိ ကျောက်သမားနှင့် ရုဏ်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

” ဘေးမှာရှိတဲ့ကျောက်သမားတွေက လက်ထိပ်ခတ်ဖမ်းဖို့ပြောတယ်။ နယ်ထိန်းက ဒီအတိုင်းခေါ်သွားတယ် ။ ယူနီဖောင်းမပါဘူး ။ ဒါနဲ့ လူငယ်တစ်ယောက်က အုတ်ခဲနဲ့ထုလိုက်တာ ။ ဒါကို ရဲက နားရင်းအုပ်ထားတာ လူငယ်က ရှောင်လိုက်တော့ ပါးရိုက်သလိုဖြစ်သွားတယ် ။ ဒါနဲ့ ကျောက်သမားတွေကလည်း ရဲကို ဝိုင်းထိုးကျိတ်တာလုပ်တယ်။ ကျွန်တော်တို့က ဝိုင်းဝန်းဖြန်ဖြေလိုက်တော ပြေလည်သွားပါတယ် ” ဟု ကျောက်ဝိုင်းအကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင် က ပြောသည်။

စိန်တူဖြင့်ခေါက်သည့် သူအား သက်ဆိုင်ရာရဲစခန်းတွင် ဖမ်းဆီးခေါ်ဆောင်ထားပြီး ခေါက်ခံရသည့် အလုပ်သမား ကလေးမှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့သည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်ပေါ်တွင် တရုတ် – ဗမာ ရန်ပွဲအဖြစ် ကောလဟာလ ရေးသားနေသူများအာ တွေ့ရသည် ။

Leave a Reply