ဖားကန့်တွင် ရေကြီး၊ မြေပြိုမှုများကြောင့် လူသေဆုံးမှုများရှိ

0
181

ဇွန် ၂၂
သော်လင်းထက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှု များကြောင့် မြို့ပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး မြေပြိုမှုများ ကြောင့် လူသေဆုံးမှုများရှိကြောင်း သိရသည်။

“မနေ့ညပိုင်းကတည်းကမိုးစရွာတော့ ရေတွေဝင်လာတာ အရင်နှစ်ကလောက်တော့ မ၀င်ပေမဲ့ မြေပြိုတာတွေကတော့ ထူးထူးဆန်းဆန်းဖြစ်တာဘဲလူတွေသေဆုံးမှုတွေလည်းရှိတယ်။မြေတွေပြိုပြီးအိမ်တွေပျက်စီးတော့ ကလေးတွေအတွက်တာ့ နေရေးထိုင်ရေးအခက်ခဲတွေဖြစ်နေတယ်”ဟု၎င်းကပြောသည်။

ဖားကန့်မြို့ပေါ်ရှိ မြို့မရပ်ကွက် ၊ ငှက်ပျောတော ၊ အေးမြသာယာ ၊ မရှီကထောင် စသည့်ရပ်ကွက်ကျေးရွာများေ ရ၀င်လျက်ရှိေ ကြာင်း၊ ၄င်းနေရာများအားကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဥရုချောင်းတွင် ရေလျှံမှုကြောင့် ဖားကန့်တွင် နှစ်စဉ်ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်နေပြီး သေဆု့းမှုများလည်းရှိသည်။

မိုးသည်းထန်ပြီး ရေကြီး ရေလျှ့မှုများကြောင့် ဖားကန့်- မှော်စာ ကျေးရွာတို့ကို ဆက်သွယ်ထားသည့် တံတားလမ်းပိုင်း ယနေ့တွင် ကျိုးကျခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုများကို ရဲတပ်ဖွဲ့အပါအဝင် အဖွဲ့အစည်းများက လက်ရှိတွင် ကူညီကယ်ဆယ်မှုများကို လုပ်ဆောင်နေကြောင်း သိရသည်။

See Translation

Leave a Reply