ပြည်​တွင်​ဆန်​​ဈေး တစ်အိတ်​ကျပ်​ ၅​ထောင်​ခန့်​ မြင့်​တက်​နိုင်

0
386

ဇွန်​ ၂၇
ဝေ​ဝေဖြိုး

ပြည်​တွင်းဆန်​​လက်​ကျန်​နည်းပါးမှုနှင့်​ စပါးအသစ်​မ​ပေါ်သည့်​အ​ခြေ​နေများ​ကြောင့်​ ပြည်​တွင်​ဆန်​​ဈေးမှာ လာမည့်​ ၃လအတွင်း ၁အိတ်​ကို ကျပ်​ ၅​ထောင်​ခန့်​ မြင့်​တက်​နိုင်​​ကြောင်း ဘုရင့်​​နောင်​ ဆန်​စပါးကုန်​စည်​ဒိုင်​ အတွင်းရေးမှူး ဦးသန်းဦးက သုံးသပ်​​ပြောဆိုသည်​။

နယ်​စပ်​ကုန်​သွယ်​​ရေး​ကောင်းမွန်​ခြင်​၊ စားသုံးသူများက​တောင်းဆိုခြင်းနှင့်​စပါး​ဘေးအန္တရာယ်​​များကြောင့်​ ဆန်​လို​ဒေသအ​နေဖြင့်​ ဖြစ်​လာမည်​ဆိုပါက ပြည်​တွင်းဆန်​ဈေးနှုန်းမှာ လက်​ရှိ​ပေါက်​​ဈေးထက်​ လာမည့်​ ၃လအတွင်း ကျပ်​၅​ထောင်​ထိ မြင့်​တက်​လာနိုင်​သည်​ဟု ၎င်းကခန့်​မှန်း​ပြောဆိုသည်​။

“မိုးစပါးက​တော့ ​နောက်​စပါးအသစ်​မ​ပေါ်မချင်း မိုးစပါး​ရော အခုလက်​ရှိ​ပေါ်မယ့်​ ဆန်​​ရောက​ မရှိသေးဘူး။ ဒီကာလ ၃လ​လောက်​ထိကို ​နောက်​ထက်​အသစ်
မ​ပေါ်တဲ့အချိန်​ဆို​တော့ ဆန်​​ဟောင်းကိုပဲမှီခို​နေရတဲ့
အ​ခြေ​နေမှာ ဆန်​​ဈေးနှုန်းက ဒီထက်​မကျနိုင်​ဘူး သူ့ထက်​ပိုနိုင်​တယ်​။ ဘယ်​​လောက်​ပိုနိုင်​လဲဆိုရင်​ ဘယ်​​လောက်​တက်နိုင်​လဲဆိုတာက အ​ခြေ​နေ​တွေကအများကြီး ပတ်​သက်​မှုရှိတယ်​။ “ဟု ၎င်းက​ပြောသည်​။

ဆန်​​ဈေးနှုန်း မည်​သည့်​ခန့်​မြင့်​တက်​နိုင်​မည်​မှာ
Exporterများ၏ လိုအပ်​ချက်​ ၊ နယ်​စပ်​ဘက်​က ဝယ်လိုအား​ပေါ်မူတည်​ပြီး လက်​ရှိ​ပေါက်​​ဈေးထက်​ ​လျော့ကျသွားမည့်​ အ​နေအထားမရှိဘဲ ပိုမိုမြင့်​တက်​ရန်​သာရှိသည်​ဟုဆိုသည်​။

လက်​ရှိ ပြည်​တွင်းဆန်​​ကြမ်း​ဈေးနှုန်းမှာ ယခင်​လနှင့်​ယှဉ်​လျှင်​ ဆန်​ ၁အိတ်​ကို ကျပ်​ နှစ်​​ထောင်​ခန့်​ မြင့်​တက်​ခဲ့ပြီး ကုန်​စည်​ဒိုင်​များ၏ လက်​ကား​ဈေးနှုန်းမှာ ၁အိတ်​ကို ကျပ်​ ၂၅၀၀၀ ဝန်းကျင်​ခန့်​ရှိသည်​ဟုဆိုသည်​။

” တက်​သွားတဲ့ ​ဈေးနှုန်းတခု​ပေါ်မှာ စားသုံးသူ​ဈေးကွက်​မှာ​တော့ အများကြီး ဟုန်းကနဲဆွဲတင်
ပြီး​ရောင်းလို့​တော့မရဘူး။ပြည်​တွင်းမှာ ဆန်​လက်​ကျန်​နည်းတာ​ရော ဆန်​​ပေါ်ဖို့ကလဲ ၃လ အနည်းဆုံးကြာမယ်​ဆို​တော့ ဒီ ၃လအတွင်းမှာ ပြည်​တွင်းစားသုံးမှုရယ်​ နယ်​စပ်​က ထွက်​တာရယ်​က ​သေချာ​ပေါက်​ ဆန်​အမြင့်​နဲ့ဝယ်​ရမယ်​ ။ ဝယ်​လို့မရခဲ့ရင်​ သ​င်္ဘော​တွေ ချိန်းဆိုတဲ့အခါမှာပစ္စည်းမတင်​နိုင်​လို့ ကတိပျက်​ရင်
အရမ်းရှုံးမယ်​ ။Exporter က​တော့ ဒီကာလကို
အ​ရောင်းနည်းနည်းရပ်​ထားမှာ​ပေါ့။”ဟု ဦးသန်းဦးက​ပြောသည်​။

ရာသီအလိုက်​ စပါးစိုက်​ပျိုးထုတ်​လုပ်​သည့်​အ​ခြေ​နေတွင်​ လက်​ရှိ ​ရွှေဘိုမြို့နှင့်​ ပဲခူးတိုင်း အ​နောက်​ဘက်​တွင်
နွေစပါး​အသစ်​​ပေါ်​နေ​သော်​လည်း
မူဆယ်​လမ်း​ကြောင်းနှင့်​ ၅မှတ်​ဆန်​​များ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံသို့ဝင်​​ရောက်​ခဲ့​သော​ကြောင့်​ ထွက်​ရှိသည့်​ဆန်​များ ​ကုန်​သ​​လောက်​ဖြစ်​သွားသည်​ဟုဆိုသည်​။

ဘုရင့်​​နောင်​ကုန်​စည်​ဒိုင်​သို့ ဇွန်​လ ဒုတိယပတ်​က ၁ရက်​ကို ဆန်​အိတ်​ ၄​သောင်းဝန်းကျင်​ခန့်​ ဝင်​​ရောက်​​ခဲ့သော်​လည်း နယ်​ဘက်​တွင် စပါး​ဈေးမြင့်​တက်​​၍ ကုန်​စည်​ဒိုင်မှ
ဈေးထိန်းကာ ဝယ်​ယူ​နေ​သည့်​အတွက်​ ​ဈေးနှုန်းတွက်​​ခြေမကိုက်​သဖြင့်​ နယ်​ကုန်​သည်​များက တင်​ပို့မှုရပ်​ထား​သော​ကြောင့်​ ယခုရက်​ပိုင်းတွင်​ ဆန်​အိတ်​ ၁​သောင်းခန့်​သာ ဝင်​​ရောက်​သည်​ဟုဆိုသည်​။

“အဲ့လိုရပ်​ထား​တော့ ဆန်​အဝင်​ပါးသွားတယ်​ ။လုပ်​ငန်း​တွေ အ​တော်​များများက စပါးလက်​ကျန်​ စက်​ပိုင်​​တွေမှာနည်းသွားတယ်​။ ​နောက်​တခုက ဆန်​စက်​​တွေအများကြီး​ပေါ်လာတယ်​။ ကြိပ်​ခွဲမှုနှုန်းက အရင်​က တန်​၁၀၀ကျရင်​ အခုက တန်​ ၃၀၀ ကျတယ်​ ၃ဆ​လောက်​ကြိပ်​နိုင်​တယ်​။အဲ့​တော့​နွေရာသီမှာ​ပေါ်တဲ့စပါး​တွေအားလုံးက ကြိပ်​ခွဲမှုအား​ကောင်းတဲ့စက်​​တွေနဲ့ ကြိပ်​ပြီ​ရောင်းလိုက်​​တော့ နယ်​မှာစပါးလက်​ကျန်​ တွေ နည်းပါး သွားတယ်​။”ဟု ၎င်းက​ပြောသည်​။

ယခင်​က ဆန်​စက်​များတွင်​ ၁၀ဦး​ခန့်​ ကြိပ်​​သော်​လည်း ယခုအခါ စပါးလက်​ကျန်​နည်းပါး​သော​ကြောင့်
၃ဦး​ခန့်​သာ ကြိပ်​စရာစပါးကျန်​ရှိ​သဖြင့်​ ​ဈေးကွက်​သို့
တင်​ပို့သည့်​ ဆန်​အ​ရေအတွက်​မှာလည်း ၅ပုံ ၁ပုံခန့်​ 
လျော့နည်းသွားကာ ယခင်​နှစ်​ထက်​ ၃၀ ရာခိုင်​နှုန်း​ခန့်​ လျော့နည်းသွားသည်​ဟုဆိုသည်​။

ထိုသို့ ​ဈေးကွက်​အတွင်း ဆန်​ဝင်​​ရောက်​မှု ​လျော့နည်းသွား​သဖြင့်​ Exporter ​များက ဆန်​ဝယ်​ယူ၍ မရမည်​ကို စိုးရိမ်​​သော​ကြောင့် ဝယ်​ယူသူများက ကမ်းလှမ်းမှုများရှိ​သော်​လည်း ​ထပ်​မံ​ရောင်းခမှုမရှိဘဲ ​​စောင့်​ကြည့်​​နေကြသည်​ဟုဆိုသည်​။

Leave a Reply