နိုင်ငံခြားငွေလဲနှုန်းဆက်တိုက်မြင့်တက်နေ

0
211

ဇွန်​ ၂၈
ဝေ​ဝေဖြိုး

ပြည်​တွင်း​ဈေးကွက်​၌ နိုင်​ငံခြား​ငွေလဲနှုန်းများ ဆက်​တိုက်​မြင့်​တက်​​နေပြီး ယ​နေ့ ​ဈေးမှာ အ​မေရိကန်​ ၁​ဒေါ်လာလျှင်​ ၁၄၀၈ ကျပ်​ ဝန်းကျင်​ဖြင့်​ အ​ရောင်းအဝယ်​ပြုလုပ်​လျှက်​ရှိ​ကြောင်း နိုင်​ငံခြား​ငွေ​ရောင်းဝယ်​မှု​ဈေးကွက်မှသိရသည်​။

ကမ္ဘာ့​ဈေးကွက်​တွင်​ ​ဒေါလာ​ဈေးအာ​ကောင်း​နေ​သော​ကြောင့်​ ပြည်​တွင်း​ဈေးကွက်​တွင်​ နိုင်​ငံခြား​ငွေလဲနှုန်း ဆက်​တိုက်​မြင့်​တက်​ခဲ့ပြီး ၂ပတ်​အတွင်း အ​မေရိကန်​​ဒေါ်လာ ၄၀ နီးပါးခန့်​ ​ဈေးမြင့်​တက်​လာခဲ့
ကြောင်းသိရသည်

ပြည်​တွင်း​ဈေးကွက်​၌ ဝယ်​လိုအားပိုများပြီး 
ရောင်းလိုအားနည်းခြင်း​ကြောင့်​ နိုင်​ငံခြား​ငွေလဲ​နှုန်း​ဈေးများ မြင့်​တက်​လာခြင်းဖြစ်​ပြီး ကမ္ဘာ့​ဒေါ်လာ​ဈေးနှင့်​ ဗဟိုဘဏ်​၏ ရည်​ညွှန်း​ဈေးများ တက်​လာ​ခြင်း​ကြောင့်​လည်း ထိုသို့မြင့်​တက်​လာခြင်းဖြစ်​​ကြောင်း ဈေးကွက်​ဆိုင်​ရာ ​ငွေ​ကြေးသုံးသပ်​သူ ကို​ဝေယံက​ပြောသည်​။

“ဝယ်​လိုအားနဲ့ ​ရောင်းလိုအားမမျှလာဘူးဆိုရင်​ ဝယ်​လိုအား ပို​ကောင်းလာ​လေ ​ဈေးကပိုတက်​လာ​လေပါပဲ။ ဗဟိုဘဏ်​ရဲ့ရည်​ညွှန်း​ဈေး​တွေကလဲ တက်​လာတဲ့အခါ ပြင်​ပ​ဈေးနှုန်းလဲ တက်​လာတယ်​။ဗဟိုဘဏ်​ကလဲ ကမ္ဘာ့​ဈေးကို ကြည့်​ပြီးတက်​တာဆို​တော့ ​ဈေးတက်​လာတယ်​။”ဟု၎င်းက သုံးသပ်​​ပြောဆိုသည်​။

ယင်းကဲ့သို့ ငွေ​ဈေးများမြင့်​တက်​လာခြင်း​ကြောင့်
မြန်​မာနိုင်​ငံအ​နေဖြင့်​ Import ပစ္စည်း များစွာ
တင်​သွင်းသည့်​ နိုင်​ငံဖြစ်​​သည့်​အတွက်​ ကုန်​ပစ္စည်း
ဈေးနှုန်းများ အနည်းငယ်​ တက်​လာနိုင်​​ခြေရှိပြီး
Import သွင်းလာသည့်​ ပစ္စည်း​များ ဈေးအနည်းငယ်
တက်ခြင်း၊ ကုန်​စည်​​ဈေးနှုန်းတက်​ခြင်း၊စက်​သုံးဆီ​ဈေးတက်​ခြင်း စသည့်​ကုန်​ပစ္စည်းများ ​ဈေးတက်​လာနိုင်​သည်​ဟုဆိုသည်​။

ယခုနှစ်​ ​မေလမှစတင်​၍ ကမ္ဘာ့​ဒေါ်လာ​ဈေး အညွှန်းကိန်း သိသာစွာ ပြန်​လည်​ မြင့်​တက်​လာခဲ့ခြင်းဖြစ်​ပြီး ပြည်တွင်း​ဈေးကွက်​၌ ၅လအတွင်း ဖြစ်​​ပေါ်ခဲ့သည့်​ လအလိုက်​ ​ငွေလဲနှုန်း အနိမ့်​ဆုံးနှင့်​ အမြင့်ဆုံး ​ဈေးမှာ ဇန်​နဝါရီလ တွင်​ ၁၃၂၃ နှင့်​ ၁၃၅၄ ကျပ်​ ၊​ဖေ​ဖော်​ဝါရီလတွင်​ ၁၃၂၃ နှင့်​ ၁၃၃၁ ကျပ်​ ၊မတ်​လတွင်​ ၁၃၂၆ နှင့်​ ၁၃၃၄ ကျပ်​၊ဧပြီလတွင်​ ၁၃၂၄ နှင့်​ ၁၃၃၂ ကျပ်​နှင့်​ ​မေလတွင်​ ၁၃၃၂ နှင့်​ ၁၃၅၁ ကျပ်​ တို့ ဖြစ်​​ပေါ်ခဲ့သည်​။

ယခုလအတွင်း ပြည်​တွင်း​ဈေးကွက်​၌ နိုင်​ငံခြား​ငွေ
လဲနှုန်းသည်​ ဇွန်​လ ၁၅ ရက်​က ​ ၁၃၅၅ ကျပ်​ ၊ ဇွန်​လ ၁၆ ရက်​တွင်​ ၁၃၆၅ကျပ်​ ၊ ဇွန်​လ၂၀ တွင်​ ၁၃၆၈ ကျပ်​၊ ဇွန်​လ ၂၁ရက်​တွင်​ ၁၃၇၃ ကျပ်​ နှင့်​ ဇွန်​လ ၂၂ရက်​တွင်​ ၁၃၈၅ ကျပ်​ခန့်​ မြင့်​တက်​လာခဲ့ပြီး ဇွန်​လ ၂၇ ရက်​တွင်​ ၁၃၉၅ကျပ်​ အထိ ​​မြင့်​တက်​ခဲ့သည်​။

Leave a Reply