လိင်တူချစ်သူဆိုတာ ဘာလဲ…

0
161

လိင်တူစုံမက်ခြင်း (Homosexuality) ဆိုတာ ယောက်ျားအချင်းချင်း၊ အမျိုးသမီးအချင်းချင်း ချစ်သူအဖြစ် လက်ခံတာ၊ လိင်ဆက်ဆံဖို့အတွက် စိတ်ဝင်စားတာ၊ အပြုအမှုတွေလုပ်တာတွေကို ဆိုလိုတာပါ။

ဆန့်ကျင်ဘက် လိင်နဲ့ ဆက်ဆံတာ၊ လိင်တူတာရော လိင်မတူတဲ့သူတွေနဲ့ပါ ဆက်ဆံတာနဲ့ လိင်တူခြင်းပဲ ဆက်ဆံတာဆိုပြီးတော့ လိင်ဆက်ဆံခြင်းကိုလည်း ခွဲခြားထားပါသေးတယ်။ လိင်ဆက်ဆံခြင်း သုံးမျိုးထဲက လိင်တူဆက်ဆံတာဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီအထဲမှာ လိင်ဆက်ဆံမှု လုံးဝမရှိသူများလည်း ရှိပါတယ်။

ဘယ်သူနဲ့လိင်ဆက်ဆံမယ်ဆိုတာ ရွေးချယ်မှုတစ်ခုမဟုတ်ဘဲ၊ လွန်စွာရှုပ်ထွေးသော ဇီဝဗေဒနဲ့ သဘာဝပတ်ဝန်းကျင် အချက်အလက်များနဲ့ သက်ဆိုင်နေတယ်လို့ သိပ္ပံနဲ့ ဆေးပညာလေ့လာ မှုများက ဆိုပါတယ်။

လိင်တူဆက်ဆံခြင်းဟာ လူသားတို့ရဲ့ ဇီဝပြောင်းလဲခြင်း တစ်မျိုးသာဖြစ်ပြီး စိတ်ဝေဒနာအရ ဖောက်ပြန်ဖြစ်လာ တာမဟုတ်ဘူးလို့ ဆေးပညာတွေအရ ဆိုကြပါတယ်။

ဒါပေမယ့် လိင်တူတဲ့သူတွေကို သဘာဝနဲဆန့်ကျင်တယ်၊ မူမမှန်တဲ့ လုပ်ရပ်လို့ ပြောဆိုဝေဖန်မှုတွေရှိပါတယ်။

အခြေအမြစ်မရှိတဲ့ တွေးခေါ်ထင်မြင်ချက်တွေနဲ့ တန်းတူဆက်ဆံခြင်းမခံရတာတွေကြောင့် လိင်တူဆက်ဆံသူတွေနဲ့ လိင်တူလိင်ကွဲဆက်ဆံသူတွေဟာ စိတ်ဝေဒနာ ခံစားနိုင်ရတာတွေ ရှိပါတယ်။

မြန်မာနိုင်ငံမှာ လိင်တူဆက်ဆံသူတွေကို ခွဲခြားခေါ်ဝေါ်တာတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ တော့ အမျိုးသမီးဖြစ်ရင် lesbian နဲ့ အမျိုးသားဖြစ်ရင် gay လို့ခေါ်ကြပါတယ်။ ဒါပေမယ့် gay ဆိုတာကိုတော့ အမျိုးသားရော အမျိုးသမီးပါ ကိုယ်စားပြုခေါ်ဝေါ် တာလည်း ရှိပါတယ်။

ကိုယ်ကိုယ်တိုင် gay ဒါမှမဟုတ် lesbian လို့ ပြောဆိုသူတွေဟာ လိင်တူဆက်ဆံတဲ့ အတွေ့အကြုံရှိခဲ့ဖူးသူတွေ လို့ သတ်မှတ်ကြပေမယ့် တိကျတဲ့ အချက်အလက်ကိုတော့ ထုတ်နိုင်ဖို့ ခက်ခဲနေဆဲပါ။

ဒါပေမယ့် လူ ၂ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြားလူတွေဟာ ဘဝသက်တမ်းတလျှောက်မှာ လိင်တူဆက်ဆံသ လို ပုံစံမျိုးသဖွယ် ကြုံခဲ့ရဖူးတယ်လို့ အထူးလေ့လာချက် တစ်ရပ်က ဆိုပါတယ်။ ၂၀၁၆ ခုနှစ် လေ့လာမှုတစ်ခု မှာဆိုရင် ၂၀ ရာခိုင်နှုန်းသော အမည်မဖော်လိုသူတွေက လိင်တူဆက်ဆံမယ်ဆိုတဲ့ စိတ်ကူးမျိုးပေါ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပြီး ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသောသူတွေဟာ လိင်တုဆက်ဆံခဲ့တယ်လို့ ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။

လိင်တူဆက်ဆံတဲ့ အပြုအမှုမျိုးကို လူသားတွေမှာဘဲ မဟုတ်ပါဘူး။ တရိစ္ဆာန်တွေမှာလည်း တွေ့ရှိရပါသတဲ့။

ဒီလိုလိင်တူချင်းဆက်ဆံတဲ့သူတွေဟာ သူတို့ချင်းဘဝရဲ့ ကြင်ဖော်များအဖြစ်သတ်မှတ်ကြပြီး လက်ရှိတွင် သူတို့ တည်ရှိပုံနှင့် ရပ်တည်ပုံတွေကို နိုင်ငံရေးအဆင့်အထိ လက်ခံလာကြပြီဖြစ်သည်။ သူတို့တွေဟာ လိင်ကွဲဇနီးမောင်နှံများအတိုင်းပဲ နေထိုင်ကြပါတယ်။

သူတို့တွေကို အသိအမှတ်ပြုလက်ခံသူများရှိသလို ကန့်ကွက်တဲ့သူတွေလည်း ရှိကြပါတယ်။ ၁၉ ရာစုလောက်မှာ LGBT တွေအတွက် အခွင့်အရေးတွေ ရရှိဖို့ ကမ္ဘာနဲ့ချီပြီးတော့ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

တရားဥပဒေအရ အသိအမှတ်ပြုရန်၊ လိင်တူဆက်ဆံတူများအတွက် လက်ထပ်ပိုင်ခွင့်၊ အတူပေါင်းသင်းနေထိုင်ခွင့်၊ ကလေးမွေးစားခွင့်၊ ကလေးအုပ်ထိန်းခွင့်၊ အလုပ်ခွင်မှာ တန်းတူဆက်ဆံရေး၊ ကျန်းမာရေးထောက်ပံ့မှု တန်းတူရရှိရေး၊ လိင်စိတ်ဝင်စားသည်ကို မတွေးဘဲ စစ်မှုထမ်းခွင့် ရရှိရေးတွေ နှင့် LGBT လူငယ်တွေကို နှိပ်ကွပ်တာတွေ ပပျောက်ဖို့နဲ့ အကာအကွယ်ပေးရေးတို့ကို လှုပ်ရှားလာခဲ့ကြပါတယ်။

မောင်ဗီရာ

ကိုကား – ဝီကီပီးဒီးယား

Leave a Reply