တရုတ်-မြန်မာ စီးပွားရေးစင်္ကြဖော်ဆောင်ရေး တရုတ်တိုက်တွန်း

0
161

ဇွန် ၂၉
ကိုဇေယျာ

တရုတ်နိုင်ငံတော်ကောင်စီဝန်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ၀မ်ယီဟာ မြန်မာ့နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘေကျင်းမြို့မှာ ဇွန်လ ၂၈ ရက်ကတွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာန စီစီတီဗီက ဇွန်လ ၂၉ ရက်မှာသတင်းဖော်ပြပါတယ်။

နှစ်နိုင်ငံဝန်ကြီးတွေဟာ မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေးနဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဖို့ သဘောတူခဲ့ကြတယ်လို့ သတင်းကဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကတော့ တရုတ်ရဲ့ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွေထဲက တစ်ခုဖြစ်တဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်ဖော်ဆောင်ရေးကို နှစ်နိုင်ငံစလုံးက လုပ်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ အချက်အခြာကျတဲ့နေရာမှာ ရှိနေတဲ့မြန်မာနိုင်ငံဟာ ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိသလို မြန်မာနိုင်ငံဟာ ၂၁ ရာစု ခေတ်သစ်ပင်လယ်ရေကြောင်းနဲ့ ကုန်းကြောင်း ပိုးလမ်းမကို ချိတ်ဆက်ပေးတဲ့နေရာမှာ အခရာကျတယ်လို့လည်း ၀မ်ကပြောထား
ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေကတော့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တရုတ်နိုင်ငံရဲ့အားထုတ်မှုကို ကျေးဇူးတင်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ပါဝင်သွားဖို့ မျှော်လင့်ကြောင်းပြောခဲ့တယ်လို့လည်း စီစီတီဗီသတင်းမှာ ဖော်ပြပါတယ်။

Leave a Reply