သွားတွေကို သဘာဝအတိုင်း ဖြူဝင်းစေမယ့် အစားအစာများ

0
148

မိုကာရာ

လူအများရှေ့မှာ စကားပြောရင်း ရယ်မောမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိ ဖြစ်နေပါသလား။ သွားတိုက်ဆေး တွေ အမျိုးမျိုးပြောင်းသုံးပေမယ့်လည်း စိတ်တိုင်းမကျဖြစ်နေပါလား။ ဒါတွေကို ကျော်လွှားပြီး ယုံကြည်မှုရှိရှိနဲ့ လူအများ ရှေ့မှာ ရယ်မောပြုံးပျော်နိုင်ဖို့ နည်းလမ်းကောင်းတစ်ချို့ကို စာဖတ်ပရိသတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။

သွားတွေကို ပုလဲလေးတွေလို ဖြူဝင်းလှပစေမယ့် ကုန်ပစ္စည်းအမျိုးမျိုး ဈေးထဲမှာ ရှိတယ်ဆိုပေမယ့် အများအားဖြင့် ဖြူဝင်းစေတဲ့ ဓာတုပစ္စည်းတွေဟာ သွားတွေကို ကာကွယ်ပေးထားတဲ့ အပေါ်ယံကြွေသားကို ပျက်စီးစေနိုင်ပါတယ်။

ဒီကုန်ပစ္စည်းတွေဟာ လူတိုင်းအတွက်လည်း အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် သွားနဲ့ပတ်သက်ရင် ထိလွယ်ရှလွယ် ဖြစ်တတ်တဲ့သူတွေအနေနဲ့ ပိုသတိထားသင့်ပါတယ်။ ရေရှည်အသုံးပြုတဲ့အခါမှာလည်း ဖြူဝင်းစေတဲ့ဓာတ်ပစ္စည်းတွေက ပျက်စီးမှုကို ဖြစ်စေပါတယ်။

တောက်ပတဲ့အပြုံးပိုင်ရှင်ဖြစ်ဖို့အတွက် သွားတွေကို သဘာဝအတိုင်းဖြူဝင်းစေပြီး အရသာလည်းရှိ ဓာတုဆေးဝါးတွေ လည်းမပါဝင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးကို လူတိုင်း ကြိုက်နှစ်သက်ကြပါတယ်။ စတော်ဘယ်ရီမှာပါဝင်တဲ့ malic acid ဟာ သွားရဲ့မျက်နှာ ပြင်လွှာပေါ် ပျော်ဝင်စေပြီး သွားတွေကို သဘာဝအတိုင်း ဖြူဝင်းစေပါတယ်။ စတော်ဘယ်ရီသီးကို ကြိတ်ခြေပြီး သွား တိုက်ဆေးအဖြစ် အသုံးပြုနိုင်သလို ကြိတ်ခြေထားတာကို မုန့်ဖုတ်ဆော်ဒါနဲ့ရောပြီလည်း အသုံးပြုနိုင်ပါတယ်။ ပြီးတဲ့ အခါမှာတော့ ရေနဲ့ပလုတ်ကျင်းပြီး တောက်ပတဲ့အပြုံးတစ်ပွင့် ဖန်ဆင်းလိုက်ပါ။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ဟာ သွားရောဂါဖြစ်ပွားမှု ကာကွယ်ရာမှာ အလွန်ပဲ အကူအညီဖြစ်ပါတယ်။ ဘာကြောင့်ဆို သူတို့ကို အစိမ်းလိုက်ဝါးစားတဲ့အခါ သွားတိုက်နေတာနဲ့တူပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးလို့ပါ။ ပန်းဂေါ်ဖီမှာ အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိပါတယ်။ ပန်းဂေါ်ဖီကို ကြာကြာဝါးတဲ့အခါ သွားပေါ်ကအညစ် အကြေးတွေကို ဖယ်ရှားပေးမယ့် တံတွေးတွေ ပါးစပ်ကနေ ထုတ်ပေးပါတယ်။ ဒါဟာ သွားပေါ်က အညစ်အကြေးတွေ ကို သဘာဝအတိုင်းဖယ်ရှားပေးဖို့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်နဲ့ ဒိန်ခဲလို အခြားနို့ထွက်ပစ္စည်းတွေဟာလည်း သွားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ တံတွေး ထွက်စေတာကြောင့် ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီစိမ်းတွေလိုပဲ တူညီတဲ့အကျိုးအာနိသင်တွေ ရှိပါတယ်။ ဒါ့အပြင် သွားတွေပေါ် က အညစ်အကြေးတွေကို ပျော်ဝင်စေတဲ့ လက်တစ်အက်ဆစ်လည်း ပါဝင်နေတာမို့ ဒိန်ချဉ်ဟာ သင့်ခံတွင်းကို အမြဲ သန့်ရှင်းနေစေပြီး တောက်ပတဲ့အပြုံးတပွင့်ကို ဆင်မြန်းစေနိုင်မှာ ဖြစ်ပါတယ်။

ပန်းသီး

ပန်းသီးတစ်နေ့တစ်လုံး စားခြင်းဟာ ဆရာဝန်မလိုဘူးဆိုတဲ့ စကားပုံရှိသလို သွားဆရာဝန်ဆီသွားဖို့လည်း အလား အလာနည်းစေတယ်လို့ ဆိုချင်ပါတယ်။ မာကြောလတ်ဆတ်တဲ့ပန်းသီးကို ကိုက်စားခြင်းဟာ သွားတိုက်သလိုဖြစ်စေ ပြီး သွားထဲက အစားအသောက် အကြွင်းအကျန်လေးတွေကို ဖယ်ရှားပေးပါတယ်။ ပန်းသီးမှာ ရေဓာတ်မြင့်မားစွာ ပါ ဝင်တာမို့ တံတွေးထွက်မှု တိုးစေတာကြောင့် အပေါ်မှာပြောခဲ့သလိုပဲ သွားတွေက အညစ်အကြေးတွေကို ဖယ်ရှားစေ ပြီး သန့်ရှင်းစင်ကြယ်စေမှာဖြစ်ပါတယ်။

တရုတ်နံနံကြီး

တရုတ်နံနံကြီးရဲ့ ထူးခြားတဲ့အရသာကြောင့် ဟင်းလျာတော်တော်များများမှာ ထည့်သုံးကြလေ့ရှိပါတယ်။ နောက်ထပ် ထူးခြားမှုတစ်ခုကတော့ တရုတ်နံနံကြီးကို သွားဖြူဝင်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဘာကြောင့်ဆို တရုတ် နံနံကြီးမှာ ရေဓာတ်များစွာဝင်တာကြောင့် သွားဖုံးတွေကို သန်မာစေပြီး ပါးစပ်ထဲက အစာအကြွင်းအကျန်လေးတွေကို ကင်းစင်စေလို့ပါ။

Leave a Reply