အဂတိလိုက်​စားမှု ကြိုတင်​ကာကွယ်​​​ရေးလုပ်​ငန်းများကို နည်းလမ်း ၃သွယ်​ဖြင့်​ ​ဆောင်​ရွက်မည်

0
155

ဇူလိုင်​ ၂
ဝေ​ဝေဖြိုး

အဂတိလိုက်​စားမှုကို တိုက်​ဖျက်​ရာတွင်​ ကြိုတင်​ကာကွယ်​​ရေးလုပ်​ငန်းစဉ်​က အလွန်​အ​ရေးကြီးသည့်အစိတ်​အပိုင်းဖြစ်​​သော​ကြောင့်​အဂတိလိုက်​စားမှုနှင့်​ပတ်​သက်​ပြီး ကြိုတင်​ကာကွယ်​​ရေးလုပ်ငန်း​များကို​ နည်းလမ်း ၃သွယ်​နှင့်​ ​ဆောင်​ရွက်​သွားရန်​ စီစဉ်​​နေ​ကြောင်း အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​ (ACC)ဥက္ကဋ္ဌ ဦး​အောင်​ကြည်​က
ပြောသည်​။

ယ​နေ့ ကုန်​သည်​စက်​မှုအသင်းချုပ်​ တွင်​ပြုလုပ်​​သော အဂတိလိုက်​စားမှုဆန့်​ကျင်​ခြင်း ပူးတွဲ​ကြေညာချက်​လက်​မှတ်​​ရေးထိုးပွဲတွင်​ ၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​သည်။

အများပြည်​သူဆိုင်​ရာအဖွဲ့အစည်း​များနှင့်​ အစိုးရဌာနများတွင်​ အဂတိလိုက်​စားမှု တားဆီးကာကွယ်​​ရေးအဖွဲ့များဖွဲ့စည်းခြင်း၊အဂတိလိုက်​စားမှု ဆန့်​ကျင်​​ရေး ကျင့်​ဝတ်​​ရေးဆွဲ​ခြင်းနှင့်​ အဂတိလိုက်​စားမှုဖြစ်​နိုင်​​ချေကို ဆန်းစစ်​သည့်​လုပ်​ငန်းဟူ၍ အဂတိလိုက်​စားမှုနှင့်​ပတ်​သက်​ပြီး ကြိုတင်​ကာကွယ်​​ရေးလုပ်ငန်း​များကို​ ယင်း
နည်းလမ်း ၃ သွယ်​ဖြင့်​ စီစဉ်​​ဆောင်​ရွက်​သွားမည်​ဟုဆိုသည်​။

” ကြိုတင်​ကာကွယ်​​ရေးလုပ်​ငန်းဆိုတာက ဒီပြစ်​မှုပြစ်​ဒဏ်​​တွေမဖြစ်​ပွားခင်​မှာ မဖြစ်​ပွားရ​အောင်​ ကြိုတင်​တားဆီးကာကွယ်​တဲ့လုပ်​ငန်း​တွေပါ။ဒါ​တွေဟာပိုပြီးထိထိ​ရောက်​​ရောက်​ ကျယ်​ကျယ်​ပြန့်​ပြန်​လုပ်​​ဆောင်​နိုင်​မှာဖြစ်​ပါတယ်​။ ဒီလိုဆောင်​ရွက်​တဲ့အခါမှာ အကြမ်းဖျင်း​အားဖြင့်​ နည်းလမ်း ၃သွယ်​နဲ့ ​ဆောင်​ရွက်​ဖို့အစီအစဉ်​ဖြစ်​ပါတယ်​။”ဟု ၎င်းက​ပြောသည်​။

အများပြည်​သူဆိုင်​ရာအဖွဲ့အစည်း​များနှင့်​ အစိုးရဌာနများတွင်​ ဌာနအလိုက်​၊ အဖွဲ့အစည်းအလိုက်​ တာဝန်​ယူမှုရှိ​စေသည့်​ကိစ္စနှင့်ပတ်​သက်​၍ အသင်းအဖွဲ့ ဖွဲ့စည်းရန်​​ဆွေး​နွေး​နေပြီး အသင်းအဖွဲ့​များဖွဲ့စည်းနိုင်​ရန်​အတွက်​ စည်းမျဉ်းစည်းကမ်း​များ ​ရေးဆွဲပြဌာန်းကာ သင်​တန်းများ​ပေးနိုင်​​အောင်​လည်း​ဆောင်​ရွက်​​နေသည်​ဟုဆိုသည်​။

ယင်းအဖွဲ့​များ​အ​နေဖြင့်​ မိမိဌာနအလိုက်​ အဂတိလိုက်​စားမှုမဖြစ်​ပွား​စေရန်​ တာဝန်​ယူရမည့်​ကိစ္စဖြစ်​သကဲ့သို့
တားဆီကာကွယ်​ရမည့်​ကိစ္စလည်းဖြစ်​ပြီး ယင်းကိစ္စရပ်​များသည်​ မကြာမီကာလအတွင်း ဖြစ်​လာနိုင်​မည်​ဟု​မျှော်​လင့်​ကြောင်း ၎င်းက​ပြောသည်​။

“ကိုယ့်​အဖွဲ့အစည်းရဲ့ ကိုယ်​ကျင့်​သိက္ခာကို ပိုမိုမြင့်​မားလာ​အောင်​ဆိုရင်​ အဂတိလိုက်​စားမှု ဆန့်​ကျင်​​ရေးကျင့်​ဝတ်​​ရေးဆွဲ​ရေးခြင်းဆိုတာ​တွေ လိုအပ်​မှာဖြစ်​ပါတယ်​။ကျွန်​​တော့်​အ​နေနဲ့က ဒါကိုတိုက်​တွန်းချင်​တာပါ။ အားလုံးကဒါကို ​ရေးဆွဲသွားကြမယ်​။ကိုယ့်​ဘာသာကိုယ်​​ရေးဆွဲပြီး​တော့ ကိုယ့်​ဘာသာကိုယ်​လိုက်​နာကြမယ်​။ ဒါကို ကျွန်​​တော်​တို့​ကော်​မရှင်​က​သော်​လည်း​ကောင်း တခြားအဖွဲ့အစည်းက​သော်​လည်း​ကောင်း စိစစ်​တာ၊ ကြပ်​မတ်​တာမလုပ်​ပါဘူး။ကိုယ်​ဘာသာကိုယ်​ လွတ်​လွတ်​လပ်​လပ်​ ကိုယ့်​ရဲ့ဂုဏ်​သက္ခာနဲ့အညီ လုပ်​သွားကြဖို့ပဲဖြစ်​ပါတယ်​။”ဟု ဦး​အောင်​ကြည်​က​ပြောသည်​။

အဂတိလိုက်​စားမှု ဆန့်​ကျင်​​ရေးကျင့်​ဝတ်​​ရေးဆွဲ​ခြင်း​အပိုင်းသည်​ ယင်းကိစ္စများမဖြစ်​ပွားရ​အောင်​ တားဆီးကာကွယ်​သည့်​ နည်းလမ်းတစ်​ခုဖြစ်​ပြီးအပြည်​ပြည်​ဆိုင်​ရာအဖွဲ့ အစည်းများတွင်​လည်းလုပ်​ငန်းဆိုင်​ရာကဏ္ဍအကြီး​များအားလုံးတွင်​ အဂတိလိုက်​စားမှုနှင့်​ပတ်​သက်​၍​ ဆန့်​ကျင်​ပြီး ထိ​ရောက်​ခိုင်​မာသည့်​ အ​ရေးယူ​ဆောင်​ရွက်​မှု​များနှင့်​ တားဆီးကာကွယ်​သည့်​လုပ်​ငန်း​များကို လုပ်​​ဆောင်​လျှက်ကာ တာဝန်​ရှိပုဂ္ဂိုလ်​​များကအစ လက်​​အောက်​ခံဝန်​ထမ်း​များအဆုံး အဂတိလိုက်​စားမှုကို ခွင့်​မပြု၊ မလုပ်​ဘူးဟူ​သော သံန္တိဌာန်​စိတ်​မျိုးနှင့်​ မိမိကိုယ်​ကို ရေးဆွဲသည့်​ ကျင့်​ဝတ်​မျိုးဖြစ်​သည်​ဟုဆိုသည်​။

ထို့ပြင်​အဂတိလိုက်​စားမှုဖြစ်​နိုင်​​ချေဆန်းစစ်​သည့်
လုပ်​ငန်းတွင်​​ အစိုးရဌာန​များ၊အများနှင့်​သက်​ဆိုင်​သည့်​ အဖွဲ့အစည်း​များနှင့်​ တစ်​ဦးချင်းပုဂ္ဂလိကဆိုင်​သည့်​ ကုမ္ပဏီအသင်းဖွဲ့​များက ပြန်​လည်​စိစစ်​ရမည့်​အပိုင်းဖြစ်​ပြီးဌာနဆိုင်​ရာအဖွဲ့အစည်း​များတွင်​ မိုနိုပိုလီဖြစ်​သည့်
အ​ခြေ​​နေမျိုးကို တားဆီးကာကွယ်​ရမည်​ဟု
ဆိုသည်​။

တစ်​ဦးတစ်​​ယောက်​ချင်းက ဆုံးဖြတ်​နိုင်​သည့်​ အ​နေထားမျိုးကို ​လျော့ပါး​အောင်​လုပ်​ဆောင်​ရန်​လိုပြီး
တာဝန်​ယူမှု ပိုရှိလာ​အောင်​ လုပ်​​ဆောင်​သွားကြရမည်
ဖြစ်​သည်​။

ထိုသို့လုပ်​​ဆောင်​သည့်​နည်​လမ်းအတွက်​ အ​သေးစိတ်
နည်းပညာ​ပိုင်းဆိုင်​ရာ​များ ဖြန့်​​ဝေသွားရန်​ရှိပြီး ယင်းကိစ္စ နှင့်​ပတ်​သက်​ပြီး ​နောက်​ပိုင်းတွ​င် ဆွေး​နွေးပွဲ​များ​သော်​လည်း​ကောင်း၊ ​ကော်​မရှင်​က ပြုလုပ်​မည့်​သင်​တန်း​များတွင်​လည်း​ကောင်း အ​သေးစိတ်​ဆက်​လက်​ဆွေး​နွေးသွားမည်​ဟုဆိုသည်​။

စီးပွား​ရေးလုပ်​ငန်းရှင်​​များဘက်​မှ​သော်​လည်း​ကောင်း၊ တစ်​ဦးချင်းပိုင်​ ပုဂ္ဂလိကပိုင်​လုပ်​ငန်း​များဘက်​မှ​သော်​လည်း​ကောင်း အများနှင့်​သက်​ဆိုင်​သည့်​အသင်းအဖွဲ့​များဘက်​မှ​သော်​လည်း​ကောင်း မိမိကိုယ်​ကို လိုက်​နာ​စောင့်​ထိန်းသည့်​ နည်းစနစ်​ဖြင့်​ ​ဆောင်​ရွက်​ကြရန်​တိုက်​တွန်းလိုသည်​ဟုဆိုသည်​။

ထို့ပြင်​လူထုကိုယ်​ကျင့်​သိက္ခာမြှင့်​တင်​​ရေးဆိုင်​ရာ အား​ပေးမြှင့်​တင်​သည့်​ အသိပညာ​ပေးလုပ်​ငန်းများကို
ပိုမိုမြင့်​မား​အောင်​နှင့်​ တန်​ဖိုးထားမှန်​ကန်​​အောင်​ ​ဆောင်​ရွက်​သွားမည်​ဖြစ်​ပြီး တားဆီးကာကွယ်​​ရေးလုပ်​ငန်း​များတွင်​လည်း ဌာနဆိုင်​ရာအဖွဲ့စည်း​များနှင့်​ လုပ်​ငန်းရှင်​ပိုင်းဆိုင်​ရာများကပါ လွတ်​လပ်​စွာ မိမိကိုယ်​ကို
တာဝန်​ယူမှုဖြင့်​ ​ဆောင်​ရွက်​သွားကြရမည်​ဟုဆိုသည်။

Leave a Reply