Mytel ပရိုမိုးရှင်းအစီစဉ် ညှိနှိုင်းမရ၍ ရပ်ဆိုင်း အစီအစဉ်သစ်များထပ်ထည့်မည် ဟုဆို

0
141

ဇူလိုင် ၂
မေစု

Mytel အော်ပရေတာ၏ လူကြိုက်အများဆုံး ဖြစ်သော shake ပရိုမိုးရှင်းအစီအစဉ် ကို မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက တားမြစ်ခဲ့ပြီး နောက် ညှိနှိုင်းမရ၍ ရပ်ဆိုင်းခဲ့ကာ အစီစဉ်သစ်များကို ထပ်ထည့်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ကိုင်ဖုန်းအား Mytel ဆင်းကဒ် သုံးစွဲသူမှ လှုပ်ခါလိုက်ခြင်း ဖြင့် သုံးစွဲသူများအား ဖုန်းData ပမာဏ sms voice နှင့် ကားတစ်စီးပါဝင်သော လက်ဆောင်များအား ပေးအပ်သည့် Shake အစီအစဉ် ကို အခြားအော်ပရေတာများ နှင့် ဈေးကွက်ပြိုင်ဆိုင်မှု မျှတစေရန် မြန်မာ့ဆက်သွယ်ရေးက တားမြစ်လိုက်ခြင်းဟုသိရသည်။

“ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး အကောင်းဆုံးတော့လုပ်တာပါပဲ။ ဘယ်လိုမှညှိလို့ နှိုင်းလို့မရလို့ရပ်လိုက်ရတာပါ။ အခုက အကြမ်းဖျင်းလေးတော့ရှင်းပြနေပါတယ်။ အခြားလက်ဆောင်ပေးလို့ရမယ့်ဟာတွေထပ်ထည့်နေပါတယ်။ အသေးစိတ်ကတော့websiteမှာ ပြန်ပြောပေးပါ့မယ်။”ဟု Mytel ၏ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက တားမြစ်မှုတွင် Data ပမာဏ နှင့်ဖုန်းသုံးစွဲရာတွင်အသုံးပြုရမည့် စာတိုအခမဲ့ပမာဏ များဖြစ်ခြင်းကြောင့် Mytelက ယင်းပမာဏများ နေရာတွင် လူသုံးကုန်ပစ္စည်းအမျိုးအစားများ လျှပ်စစ်ပစ္စည်းများကို ပိုထည့်ပေး၍ ဆက်လုပ်နေကြောင်းသိရသည်။

တားမြစ်ခံရသောပရိုမိုးရှင်အစီစဉ်သည် ၂၀၁၈ခုနှစ်ဇွန်လ ၉ ရက်မှ သြဂုတ်လ၈ရက်အထိ၂ခွဲလခန့် အစီအစဉ်တစ်ခုဖြစ်ကာ မပြီးဆုံးမှီ အချိန်တွင် ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

“အများပြည်သူတွေ အကြိုက်နှစ်သက်ဆုံးအစီစဉ် တစ်ခုကို အမြဲတမ်းလည်းပေးနေမှာ မဟုတ်ပါဘူး။ပရိုမိုးရှင်းကာလ လေး နှစ်လပမာဏလေး ကိုခွင့်ပြု ပေးရတာမြန်မာ့ဆက်သွယ်ရေးအနေနဲ့မတားမြစ်သင့်ဘူးလို့ထင်ပါတယ်”ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူမမြတ်မိုး ကပြောသည်။

ဇွန်လ ၉ ရက်အတွင်း ဆင်းကဒ်အရောင်းဆိုင်များစတင်ဖွင့်လှစ်ခဲ့သောMytel သည် ဈေးကွက်အတွင်း အချိန်တစ်လမပြည့်မှီ၌ပင်အသုံးပြုသူ ၁ သန်းကျော်လာပြီဖြစ်ကြောင်းသိရသည်။

Leave a Reply