မူလတန်းပ​ညာ​ရေးမှစ၍ ကိုယ်​ကျင့်​သိက္ခာမြှင့်​တင်​​ရေးလုပ်​ငန်းများ​ ဆောင်​ရွက်​သွားရန်​ပြင်​ဆင်​​နေ

0
133

ဇူလိုင်​ ၃
ဝေ​ဝေဖြိုး

အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေးနှင့်​ပတ်​သက်​ပြီး
မူလတန်းပ​ညာ​ရေးမှစ၍ ကိုယ်​ကျင့်​သိက္ခာမြှင့်​တင်​​ရေးလုပ်​ငန်းများ​ဆောင်​ရွက်​သွားရန်​ပြင်​ဆင်​​နေ​ကြောင်း
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ မူလတန်းအဆင့်မှစတင်ကာ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးကို သင်ကြားပေးနိုင်ရေးအတွက် ပြဋ္ဌာန်းချက်အစီစဉ်များ ရေးဆွဲလျက်ရှိပြီး တစ်​နိုင်ငံလုံးရှိ မူလတန်းကျောင်းများသို့ မကြာမီ ပေးပို့သင်ကြားသွားမည်​ဟုဆိုသည်​။

“ကျွန်​​တော်​တို့ရဲ့အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး
လုပ်​ငန်းစဉ်​ဟာ အလွန်​ကျယ်​ပြန့်​ပါတယ်​။တစ်​နိုင်​ငံလုံးအတိုင်းအတာနဲ့ ပျံ့နှံ့ပြီး​တော့ဖြစ်​​ပေါ်​နေတဲ့
အ​နေထားမှာ နှစ်​​ပေါင်းများစွာ ကိုယ်ကျင့်​တရားနဲ့ပတ်​သက်​လို့ အားနည်းချက်​​လေးတွေရှိလာခဲ့တာ​တွေကို
ယဉ်​​ကျေးမှုတစ်​ရပ်​သဖွယ်​ဖြစ်​​နေတယ်​လို့ တချို့က​ပြောကြပါတယ်​။ အဲ့လိုအ​နေထားမျိုးကို ကျွန်​​တော်​တို့ကပြင်​ရတဲ့အခါမှာ အချိန်​ယူပြီး​တော့မှ စနစ်​တကျပြင်​ဆင်​ဖို့လိုပါတယ်​။ဒါ​ကြောင့်​မို့မူလတန်းအရွယ်​ထဲကစတင်​ပြီး​တော့ ပြင်​ဆင်​တဲ့လုပ်​ငန်း​တွေ​ဆောင်​ရွက်​​နေပါတယ်​။”ဟု ၎င်းက​ပြောသည်​။

စတုတ္ထအကြိမ်​ပြင်​ဆင်​သည့်​ ဥပ​ဒေထဲတွင်
မူလတန်းပညာ​ရေးကစ၍ ကိုယ်​ကျင့်​သိက္ခာမြှင့်​တင်​​ရေးလုပ်​ငန်း​များကို​ ဆောင်​ရွက်​သွားရန်​ဟူ​​သော
ပြဌာန်းချက်​ပါရှိလာပြီး က​လေးသူငယ်​​များ
ယင်းကိစ္စနှင့်​ပတ်​သက်​ပြီး ကိုယ်​ကျင့်​သိက္ခာ မပျက်​ပြား​စေရန်​​ ပညာ​ပေး​ဖြေ​ဖျော်​​ရေးလုပ်​ငန်းစဉ်​များကို စတင်​​ဆောင်​ရွက်​​နေပြီဟုဆိုသည်​။

မြန်​မာနိုင်​ငံအတွင်းရှိ မူလတန်း ​ကျောင်းတိုင်းအား
ယင်းပညာ​ပေးအစီအစဉ်​​များကို ဖြန့်​​ဝေ​ပေးနိုင်​ရန်​ ပြုစု​နေပြီး ယခုလထဲတွင်​ ပြီးစီးမည်​ဖြစ်​​သော​ကြောင့် လာမည့်​ ၂လအတွင်း နယ်​စွန်​နယ်​ဖျားရှိ မူလတန်း
ကျောင်းများပါမကျန်​ အကုန်​လုံးပို့​ဆောင်​​ပေးသွားမည်​ဟုဆိုသည်​။

“ဒီလထဲ​လောက်​ဆိုပြီးစီး​တောမှာဖြစ်​ပါတယ်​။လာမယ့်​ ၁လ ၂လအတွင်းမှာ ပြည်​တွင်းမှာရှိတဲ့မူလတန်း​ကျောင်း​တွေ အစွန်​အဖျားက​ကျောင်း​တွေထိ အကုန်​​ရောက်​​အောင်​ ပို့​ပေးမှာဖြစ်​ပါတယ်​။”ဟု ဦး​အောင်​ကြည်​က​ပြောသည်​။

ယင်းစာအုပ်​များကို ဆရာကိုင်​ နည်းပြကို​င်ဟူ၍ ထုတ်​​ဝေထားပြီဖြစ်​ကာ က​လေးသူငယ်​​များအ​နေနှင့်​ အဂတိလိုက်​စားမှုနှင့်​ပတ်​သက်​၍ ဖြစ်​ပွားလာနိုင်​သည့်​ ကိုယ်​ကျင့်​သိက္ခာထိန်းသိမ်းရန်​ကိစ္စ​များကို ရိုးသား​ဖြောင့်​မတ်​မှု​များ၊ မှန်​မှန်​ကန်​ကန်​စကား​ပြောဆိုမှု၊မျှမျှတတ လုပ်ကိုင်​​ဆောင်​ရွက်​​မှု စသည့်​ လုပ်​ငန်း​လေးများကအစ စတင်​သင်​ကြားမည်​ဖြစ်​ပြီး ​ဖြေ​ဖျော်​​ရေးနှင့်​ဆက်​စပ်​၍ ပုံ​ပြောခြင်း ၊ကဗျာရွတ်​ခြင်း​ ၊ ပြဇာတ်​များနှင့်​ သီချင်းဆိုခြင်းစသဖြင့်​ ကိုယ်​ကျင့်​သိက္ခာမြှင့်​တင်​​ရေးလုပ်​ငန်း​များကို ထိုမှတဆင့်​စတင်​လုပ်​ဆောင်မည်​ဟုဆိုသည်

Leave a Reply