အသက်ရွယ်မရွေး မှတ်ဥာဏ်ကောင်းစေမယ့် နည်းလမ်းများ

0
144

မိုကာရာ

လူတွေဟာ အသက်အရွယ် ကြီးလာတာနဲ့အမျှ နည်းနည်းလေးတော့ မေ့တတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ကားသော့ယူဖို့ မေ့သွားတာမျိုး၊ အလုပ်အတွက် အရေးကြီးစာရွက်စာတမ်းတွေ မေ့ကျန်ခဲ့တာမျိုး၊ တစ်စုံတယောက်ရဲ့ နာမည်ကို မေ့သွား တာမျိုးတောင် ဖြစ်တတ်ပါတယ်။ ဒီတော့ အသက်ရွယ်မရွေး မှတ်ဥာဏ်ကောင်းစေဖို့ အထောက်အကူဖြစ်မယ့် နည်းလမ်း တွေကို ပဉ္စမလှိုင်း စာဖတ်ပရိတ်သတ်အတွက် မျှဝေပေးချင်ပါတယ်။

(၁) အသုံးပြုခဲတဲ့ လက်တစ်ဖက်ကို ပြောင်းသုံးပါ

သင်က ညာသန်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုရင် စာရေးတဲ့အခါမှာဖြစ်စေ၊ အစာစားတဲ့အခါမှာဖြစ်စေ၊ အရာဝတ္ထုတွေ ကောက်ယူတဲ့အခါမှာဖြစ်စေ သုံးနေကျမဟုတ်တဲ့ သင့်ရဲ့ဘယ်ဖက်လက်ကို ကြိုးစားသုံးကြည့်ပါ။ ဒါဟာ အစပိုင်းမှာ အ တော်လေး အခက်တွေ့စေမှာဖြစ်ပေမယ့် အလေ့အကျင့် များများပြုလုပ်ပြီးတဲ့အခါမှာတော့ အလုပ်တွေကို ဒီနည်းနဲ့ တစ်နေ့ ကို အနည်းဆုံး နှစ်ကြိမ်လောက် အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သင့်ဦးနှောက်ရဲ့ လှုပ်ရှားမှုမပြုလုပ်ဖြစ်တဲ့အခြမ်း ကို အသုံးပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

(၂) ပုံမှန်လုပ်နေကျ အိမ်မှုကိစ္စအချို့ကို မျက်စိမှိတ်ပြီး လုပ်ကြည့်ပါ

လုပ်ရမယ့် အကြောင်းအရာတွေကို မစဉ်းစားရဘဲ နေ့စဉ်သင်လုပ်ဖြစ်နေတဲ့ အလုပ်တွေက ဘယ်လိုအရာတွေလဲ။ အိမ် အပေါ်ထပ်ကိုရောက်ဖို့ သင် ခြေဘယ်နှစ်လှမ်းလှမ်းရမလဲ။ သင့်ရဲ့ မီးဖိုချောင်ကြောင်အိမ်ထဲမှာ ပန်းကန်ပြား ဘယ်နှစ်ချပ် ရှိသလဲ။ ဒီလို ကျွန်ုပ်တို့ နေ့စဉ်ပုံမှန်လုပ်လေ့ရှိတဲ့ လုပ်ငန်းတာတွေထဲက အချို့ကို မျက်စိမှိတ်ပြီး လုပ်ဆောင်ကြည့်ပါလို့ အကြံပြုချင်ပါတယ်။ ရေချိုးတာမျိုး၊ အခန်းတစ်ခန်းကနေ တစ်ခန်းကူးသန်းသွားလာတာမျိုးတွေမှာ စမ်းကြည့်ပါ။ ဒီအခါ သင် ထိတွေ့ခံစားမိတဲ့ အရာဝတ္ထုတွေရဲ့ အမှတ်သင်္ကေတွေဟာ ဦးနှောက်ဆီ ရောက်သွားမှာပဲ ဖြစ်ပါတယ်။

(၃) နံနက်ခင်းအိပ်ရာထ လုပ်လေ့ရှိတာတွေကို အပြောင်းအလဲလုပ်ပါ

ကျွန်ုပ်တို့အားလုံးမှာ အိပ်ရာထပြီးရင် ဘာလုပ်မလဲဆိုတာ အစီစဉ်တကျ ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဆန်းသစ်တဲ့ အတွေးအခေါ်ဟာ ဥာဏ်ကောင်းစေဖို့အတွက် ဓိကသော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် အစီစဉ်အသစ်တွေနဲ့ ဦးနှောက်ကို အလုပ်ပေးဖို့ အရေးကြီးပါတယ်။ သင့်အနေနဲ့ ရှုပ်ထွေးတဲ့အရာတွေကိုလုပ်ဖို့ မလိုပါဘူး။ သင့်ရဲ့တစ်နေ့တာ ဆောင်ရွက် နေကျ အစီအစဉ်တွေကို အနည်းငယ်ပြောင်းလဲရုံပါပဲ။ ဥပမာပြရရင် နံနက်စာစားပြီးမှ အဝတ်လဲတာမျိုး၊ လမ်းကြောင်းမ တူတဲ့ဆီတွေကို ဖြည်းဖြည်းမှန်မှန် ပြေးတာမျိုး၊ နံနက်ခင်းသတင်းကြည့်မယ့်အစား ကာတွန်းဇာတ်လမ်းကြည့်တာမျိုးတွေ တွေပါ။ ဒါတွေဟာ သင့်အတွက် အရမ်းကိုမခက်ခဲတာမို့ စမ်းသပ်ကြည့်စေချင်ပါတယ်။

(၄) အသံကျယ်ကျယ်နဲ့ စာဖတ်ပါ

အသံကျယ်ကျယ်နဲ့ စာဖတ်ခြင်းဖို့ အမြဲတမ်းတော့ မဖြစ်နိုင်ဘူးဆိုပေမယ့် ဒီလိုလုပ်ဖို့ လိုအပ်တယ်ဆိုရင်တော့ မဖြစ်မနေ လုပ်ကိုလုပ်ရပါမယ်။ ဒီလိုလုပ်တဲ့အခါ ပုံမှန်စာဖတ်ချိန်ထက် အချိန်ပိုယူရပေမယ့် သင့်အတွက် လုံးဝ တန်ဖိုးရှိစေပါတယ်။ စာအုပ်တစ်အုပ်ထဲက စကားလုံးတွေကို အသံကျယ်ကျယ်နဲ့ ဖတ်လိုက်တဲ့အခါတိုင်း ဦးနှောက်အစိတ်အပိုင်းတွေကို နိုး ကြားစေသလို တစ်ချိန်တည်းမှာပဲ ဦးနှောက်တွင်း သွေးလည်ပတ်မှု၊ လှုပ်ရှားမှုတွေကိုလည်း အလုပ်ပေးလိုက်တာပဲ ဖြစ်ပါ တယ်။

(၅) ဦးနှောက်ကို အစာကျွေးပါ

ဦးနှောက်ကို အစာကျွေးပါဆိုတာက ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေ ဖွံ့ဖြိုးဖို့အတွက် အစာစားခိုင်းတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်စားမယ့် အစားအစာဟာ ဦးနှောက်ကို အာဟာရဖြစ်စေဖို့ သင့်တင့်တဲ့ဗီတာမင်နဲ့ အဆီဓာတ်တွေပါဝင်တဲ့ အစားအစာ တွေဖြစ်ဖို့လည်း သိပ်ကိုအရေးကြီးပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လူသိများတဲ့ အစားအစာတွေကတော့ သစ်ကြားသီး၊ နနွင်း၊ ဥအမျိုးမျိုး၊ အုန်းဆီချက်၊ ဘလူးဘယ်ရီသီး၊ ထောပတ်သီးနဲ့ ပန်းဂေါ်ဖီစိမ်းတို့ပဲ ဖြစ်ပါတယ်။

Leave a Reply