သတင်းပေးရန်ပျက်ကွက်သည့် အုပ်ချုပ်ရေးမှူးများအား အရေးယူမည်

0
116

ဇူလိုင် ၎
လင်းသုည

လောင်းကစားကျူးလွန်နေခြင်းများကိုခွင့်ပြု၍ သတင်းပေးပျက်ကွက်သည့် အုပ်ချုပ်ရေးမှူးများအား အရေးယူ ထောင်ချသွားမည် ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက သတိပေးပြောကြားလိုက်သည်။

အရေးယူသွားမည်ဟုပြောရခြင်းသည် ခြိမ်းခြောက်ခြင်းမဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအတွင်း အေးချမ်းပြီး ပြည်သူလူထုသာယာရေးအတွက် လုပ်ရခြင်းဖြစ်သည်ဟု ဇူလိုင် ၃ ရက် မကွေးတိုင်း ဆင်ပေါင် ဝဲမြို့ ဗိုလ်ချုပ်ကြေးသွန်းရုပ်နှင့် မြို့နယ်ခန်းမ ဖွင့်လှစ်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။

“လေးကောင်၊ ခြောက်ကောင် အာဝါဒေးကစားနေတာတွေကို မသိရှိဘူး။ အုပ်စု အုပ်ချုပ်ရေးမှူးတွေမှာ တာဝန် ရှိတယ်၊ သတင်းပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးကို လုံ လောက်စွာ မဆောင်ရွက်နိုင်ဘူး၊ ဒါကြောင့် ရာထူးကနေ ဖြုတ်ရုံတင်မဟုတ်ဘူး။ ထောင်ချပစ်လို့ပါရတယ်။ ဒီ လိုလုပ်ရတာကလည်း အမြင်ကပ်လို့၊ နိုင်ငံရေးမို့ စီးပွားရေးပြိုင်ဘက်မို့ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးဖို့ ရပ်ရွာ အေးချမ်းဖို့ ရပ်ရွာပြည်သူလူထုအတွက် လုပ်ရတာဖြစ်တယ်”၀န်ကြီးချုပ်က မိန်ခွန်းပြောကြားရာတွင် ရှင်းပြခဲ့ သည်။

မကွေးတိုင်း၊မင်းဘူးမြို့နယ်၊ဆင်ခေါင်းကျေးရွာမှ ရွှေစက်တော်ဈေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအေးကိုက ” ပြောတဲ့အတိုင်း တကယ်လုပ်မယ်ဆိုရင် ကောင်းတာပေါ့၊ မကွေးတိုင်းမှာက သတင်းသာပေးပြီး ဆောင်ရွက် မပေးတဲ့ကိစ္စတွေကအများကြီးရှိတယ်။ အခုလောင်းကစားမှာလည်း ရဲတပ်ဖွဲ့တွေမှာ အထူးတာဝန်ရှိတယ်။ ဝန်ကြီးချုပ်က ဘာလဲဆိုတော့ ရှင်ဘုရင်က ခွေးမောင်းစရာမလိုပါဘူးဆိုတဲ့အတိုင်း ကိုယ်တိုင်တောင် လုပ်စရာ မလိုပါဘူး။ ဒါ့အပြင် သတိပေးမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေကိုလောက်သတိပေးတာမျိုး မဟုတ် ဘဲမြို့နယ်အဆင့်ကအုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်အဆင့်က အုပ်ချုပ်ရေးမှူးတွေကိုပါ သတိပေးဖို့ လိုပါတယ်။ အပြင်မှာက အုပ်ချုပ်ရေးမှူးတွေ၊ရဲတွေနဲ့ လောင်းကစား သမားတွေက လက်ဝါးရိုက်ပြီး လက်ပေးလက်ယူ လုပ် နေ ကြတာ။ အာဝါးဒေးတင်မဟုတ်ဘူး။ ၂လုံး ၃ လုံးတွေလည်း အတူတူပဲ ” ဟု ပြောသည်။

ဇူလိုင် (၁) ရက် က မကွေးတိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာန “၂၀၁၈ ခုနှစ် မိုးနှမ်း GAP စနစ် ဖြင့် စိုက် ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပွဲ” တွင်လည်း ပဲပေါ်ချိန်၊စပါးပေါ်ချိန်နှင့်နှမ်းပေါ်ချိန်များမှာ အာဝါးဒေး လောင်းကစားဝိုင်းများပြုလုပ်လျင် တာဝန်ရှိသည့် အုပ်ချုပ်ရေးမှူးများအားအပြစ်ပေးအရေးယူ၍ ထောင်ချသွား မည်” ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သေးသလို ဝန်ကြီးချုပ်၏ဖေ့စ်ဘွတ်ပေါ်တွင်လည်း ထိုနည်းအတိုင်း တင်ထား သည်ကိုတွေ့ရသည်။

ဓာတ်ပုံ ဝန်ကြီးချုပ်ဖေ့စ်ဘွတ်

Leave a Reply