ဂရိဒိန်ချဉ်ကနေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

0
136

မိုကာရာ

ဒိန်ချဉ်အမျိုးမျိုး ဈေးဝယ်စင်တာတွေမှာ ရှိပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ နာမည်ကြီးလာတာကတော့ ဂရိ ဒိန်ချဉ်ပဲ ဖြစ်ပါတယ်။

ဒီဂရိဒိန်ချဉ်ရဲ့ အာဟာရပြည့်ဝမှုက တခြားသောဒိန်ချဉ်တွေနဲ့ ကွာခြားစေတဲ့အကြောင်းအရာ ဖြစ်စေပါတယ်။ ဂရိဒိန်ချဉ်မှာ ကယ်လ်ဆီယမ်ဓာတ်၊ ပရိုတင်းဓာတ်၊ probiotics (ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ဘတ်တီးရီးယားတစ်မျိုး)၊ ပိုတက် စီယမ်နဲ့ ဗီတာမင် B12 တွေ ပြည့်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဂရိဒိန်ချဉ်ရဲ့အချဉ်ဓာတ်ဟာ သင့်ခန္ဓာကိုယ်အတွက် အရေး ကြီးတဲ့ တခြားအဟာရတွေကိုလည်း အလွယ်တကူ စုပ်ယူပေးပါတယ်။

ဂရိဒိန်ချဉ်ကို သွားရည်စာအဖြစ် ဒီအတိုင်းပဲစားစား၊ သစ်သီးတွေ ဒါမှမဟုတ် အခွံမာသီးတွေနဲ့ပဲ ရောစားစား၊ smoothies ဒါမှမဟုတ် အသီးဖျော်ရည်တွေထဲပဲ ထည့်သောက်သောက် သင်ကြိုက်သလို စားသုံးနိုင်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ် ဂရိဒိန်ချဉ်ကို ရွေးချယ်စားသုံးမယ်ဆိုရင် သင့်အနေနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာ ပဉ္စမလှိုင်း စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက် ပါတယ်။

(၁) ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဘတ်တီးရီးယားတစ်မျိုးဖြစ်တဲ့ probiotics တွေဟာ အစာချေလမ်းကြောင်းကို ကျန်းမာသန့်ရှင်းစေပါတယ်။ ဒါ့အပြင် သူ့မှာပါဝင်တဲ့အာဟာရတွေက တခြားသောအစားအစာတွေကို ချေဖျက်ရာမှာလည်း ကူညီပေးပါတယ်။ ဒါဟာ အူမကြီးလှုပ်ရှားမှုအတွက် အရေးပါသလို ဝမ်းချုပ်စေမယ့်ပြဿနာတွေကိုလည်း ကြိုတင်ကာ ကွယ်ရာ ရောက်ပါတယ်။

(၂) ဂရိဒိန်ချဉ်ရဲ့ အဓိက အကျိုးကျေးဇူးတွေထဲတွေက တစ်ခုကတော့ probiotics တွေပါဝင်မှုဆိုတာ သိပြီးသားပါ။ ကျွန်ုပ် တို့ရဲ့ အစာချေဖျက်ရာလမ်းကြောင်းမှာ ကောင်းတဲ့ဘတ်တီးရီးယားရော မကောင်းတဲ့ဘတ်တီးရီးယားတွေပါ ပါဝင်နေပါ တယ်။ ဂရိဒိန်ချဉ်ကနေရရှိတဲ့ probiotics တွေက ကောင်းတဲ့ဘတ်တီးရီးယားတွေ တိုးပွားလာအောင် ကူညီပေးမှာဖြစ်ပြီး အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။

(၃) ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေသူဆိုရင်တော့ အဆီမပါတဲ့ ဂရိဒိန်ချဉ်ဟာ သင့်အတွက် အကောင်းဆုံးအစား အစာလို့ ညွှန်းချင်ပါတယ်။ ဂရိဒိန်ချဉ်မှာ ရိုးရိုးဒိန်ချဉ်တွေထက် ပရိုတင်းဓာတ် နှစ်ဆပါဝင်တာကြောင့် ခန္ဓာကိုယ်ဟာ ပရို တင်းဓာတ်ကို ချေဖျက်ဖို့ အချိန်ကြာကြာယူရပါမယ်။ ဒါဟာ သင့်ကို အချိန်ကြာကြာ ဗိုက်ပြည့်နေစေဖို့ ကူညီပေးမှာဖြစ်သ လို သင့်ရဲ့ အစာစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးမှာ ဖြစ်ပါတယ်။ ဂရိဒိန်ချဉ်မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာလည်း ခန္ဓာကိုယ်ထဲက အဆီထုတ်လုပ်မှုကို အကန့်အသတ် ဖြစ်စေပါတယ်။

(၄) ဂရိဒိန်ချဉ်တစ်ခွက် စားသုံးခြင်းက သွေးခုန်နှုန်းကို ထိန်းပေးမှာ ဖြစ်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုက သွေးခုန်နှုန်းကို ထိန်းချုပ်ပေးတာပါ။ ဂရိဒိန်ချဉ်တစ်ခွက်မှာ ပိုတက်စီယမ် ၂၄၀ မီလီဂရမ် ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ အညောင်းအ ညာပြေစေပြီး သွေးတိုးတာဖြစ်စေတဲ့ သွေးကြောကျုံ့ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒီသတ္တုဓာတ်ဟာ ဆိုးကျိုးရှိတဲ့ ဆိုဒီ ယမ်ဓာတ်ပါဝင်မှုကို မျှတစေပါတယ်။ ဒါ့အပြင် ဂရိဒိန်ချဉ်မှာ သွေးခုန်နှုန်းကျစေဖို့ အကူညီပေးတဲ့ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီစီ ယမ်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

(၅) အူထဲက ကောင်းတဲ့အဏုဇီဝတွေဟာ သင့်ရဲ့စိတ်နေသဘောထားနဲ့ စိုးရိမ်ကြောင့်ကြမှုရေချိန်ကို လွှမ်းမိုးနိုင်ပါတယ်။ နေ့စဉ် ဂရိဒိန်ချဉ်ကို စားသုံးပေးခြင်းဟာ အဲဒီကောင်းတဲ့အဏုဇီဝတွေ တိုးမြင့်လာစေဖို့ ကူညီပါတယ်။ ဒါကြောင့် ဂရိဒိန်ချဉ် ဟာ သင့်ရဲ့စိတ်အနေအထားကို ကောင်းမွန်စေပြီး စိတ်ဓာတ်ကျတာတွေ၊ စိတ်အားငယ်တာတွေကိုလည်း တိုက်ထုတ်ပေး မှာ ဖြစ်ပါတယ်။

(၆) အရိုးကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ဂရိဒိန်ချဉ်မှာပါဝင်တဲ့ (အရိုးနဲ့ကြွက်သားတွေ ကျန်းမာသန်စွမ်းဖို့ အရေးပါတဲ့) ကယ်လ်ဆီယမ်ဓာတ်ဟာ အလွန်အကျိုးရှိစေမှာ ဖြစ်ပါတယ်။ မျှတတဲ့ကယ်လ်ဆီဓာတ် မရှိဘူးဆိုရင် အရိုးတွေသန်မာမှု အားနည်းလာပြီး အရိုးပျော့ရောဂါဖြစ်ပွားမှုကို မြင့်တက်စေပါတယ်။ လေ့လာမှုတွေအရ ဂရိဒိန်ချဉ်မှာ သင်နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ် ၁၈.၇ ရာခိုင်နှုန်းပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်အပြင် အရိုးတွေကို ကျန်းမာသန်စွမ်းစေဖို့ အတူတကွ အလုပ်လုပ်ကြတဲ့ မဂ္ဂနီဆီယမ်၊ ပရိုတင်း၊ ပိုတက်စီယမ်နဲ့ ဖော့စဖောရပ်တွေလည်း ပါဝင်ပါတယ်။

Leave a Reply