ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နှင့် မြောက်ပိုင်း ၄ ဖွဲ့ တွေ့ဆုံမှု အပြီး KIO မှ ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံမေးမြန်းခြင်း

0
195

ယဉ်ကေနွယ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်လာသည့် KIO ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ဂွမ်မော် နှင့် ဇူလိုင်လ ၁၂ ရက်နေ့က ၎င်း တည်းခိုနေထိုင်သည့် Horizon Lake View Hotel မှာ သတင်းထောက်များက ယခုလို တွေ့ဆုံမေးမြန်း ခဲ့ကြတာပါ။

အမေး – ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုတွင်ဆွေးနွေးခဲ့တာတွေကို ပြောပြပေးပါအုံး။

အဖြေ – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီမှာ ၀ အဖွဲ့ရယ် SSPP ရယ် မိုင်းလားရယ်ကျွန်တော်တို့ KIO ရယ် သူတို့သုံးဖွဲ့ကလည်း နှစ်ယောက်စီ ကျွန်တော်တို့ကလည်း နှစ်ယောက်စီအလွတ်သဘေွာေ့ဆုံတဲပ့သဘောမျိုးနဲ့သွားတွေ့တာပါ။ အဓိကကတော့ ကျွန်တော်တို့ဘက်ကFPNCC ဘက်ကအရင်တင်ထားတဲ့စာတမ်းအပေါ်မှာ ဆက်ပြီးဆွေးနွေးချင်တဲ့အကြောင်းကို ကျွန်တော်တို့ကပြောပါတယ်။ပြီးတော့ အဖွဲ့ခေါင်းဆောင်ဦးကျောက်ကော်အမ်းကို အာဏာဦးစီးပြီးတော့ NCA အပေါ်မှာထားရှီတဲံတချို့သဘောထားတွေကိုတင်ပြတာဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူတို့ဘက်က သဘောထားကို ရှင်းပြပါတယ်။ အဲ့လောက်ပါပဲ တခြားအထွေအထူးဆွေးနွေးတာတော့မရှိပါဘူး။

အမေး – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို လက်ခံတဲ့သဘောလား။

အဖြေ – FPNCC ကိုလက်ခံတယ်လက်မခံဘူးဆိုတဲ့သဘောမဟုတ်ပဲနဲ့ ကျွန်တော်တို့ရောက်လာတဲ့အဖွဲ့တွေကိုတွေ့တဲ့သဘောပဲဖြစ်ပါတယ်။ FPNCC ကိုလက်ခံလား လက်မံဘူးဆိုတဲ့ခေါင်းစဉ်ပေါ် ကျွန်တော်တို့ဆွေးနွေးတာတော့မရှိပါဘူး။

အမေး – NCA ကိုထိုးဖို့ ဘယ်လောက်အတိုင်းအတာအထိ စဉ်းစားပြီးသွားပြီလဲ။

အဖြေ – အခုအချိန်မှာတော့ ထိုးဖို့မထိုးဖို့ဆိုတာ ပြောဖို့စောပါသေးတယ်။ဘာပဲဖြစ်ဖြစ်ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှပဲ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

အမေး – အခုလာတဲ့အပေါ်သဘောထားမှတ်ချက်လေးပြောပေးပါအုံး။

အဖြေ – အခုလာတာက တစ်ဖက်နဲ့ တစ်ဖက်တွေ့ဆုံကြတာပါ။ ၂၁ ရာစုပင်လုံအစည်းအဝေးကိုလာတယ်ဆိုတာက ဖိတ်တဲ့လူကိုလည်း အပြန်အလှန်အသအမှတပြုတယ်။ကျွန်တော်တို့တက်ရောက်တဲ့သူတွေကလည်း အသိအမှတ်ပြုတယ်ဆိုတဲ့သဘောမျိုးနဲ့လာတာဖြစ်တယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆွေးနွေးပွဲတွေဟာ သူ့အစီအစဉ်နဲ့သူစနစ်တကျသွားနေတဲ့ပင်လုံ အစည်းအဝေးလို မဟုတ်ပဲနဲ့အခြားအချိန်တစ်ခုမှာဆွေးနွေးသင့်တယ်လို့ အပြန်အလှန်သဘောထားမှတ်ချက်ပြုခဲံတာပဲဖြစ်ပါတယ်။ ဘယ်လိုလုပ်မလဲဆိုတာတော့ သီးသန့်ဆွေးနွေးဖို့ဖြစ်ပါတယ်။

အမေး – ကချင်ပြည်နယ်မှာက စစ်ရေးအခြေအနေတွေဆိုးနေတော့ ဒီအခြေအနေတွေကောပြောဖြစ်လား။

အဖြေ – ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း အဲ့ဒီကိစ္စတွေမပြောပါဘူး။ချိတ်ဆက်မှုအပိုင်းကိုလုပ်ဖို့လိုတယ်ဆိုတာတော့ ပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီတစ်ကြိမ် KIO အရေးကို သီးသန့်ပြောဖို့မဟုတ်ပဲနဲ့ ၇ ဖွဲ့လုံးရဲ့အရေးကိစ္စကိုပြောတာဖြစ်တဲ့အတွက် အဲ့ဒီကိစ္စတွေမဆွေးနွေးပါဘူး။ ကျွန်တော်တို့ကတော့ အကောင်းဆုံးလုပ်သွားမှာပေါ့။ကျွန်တော်တိြု့ပည်နယ်အတွက်ကော အကောင်းဆုံးဆွေးနွေးသွားမှာဖြစ်ပါတယ်။ တခြားဘာမှမထူးသေးပါဘူး ဆက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Leave a Reply