အရံႈးေပၚေနသည့္ ႏိုင္ငံပိုင္စက္ရံုမ်ားသည္ စီမံခန္႔ခြဲမႈအလြဲမ်ားေၾကာင့္ အရံႈးေပၚေနျခင္းျဖစ္ဟုဆို

0
132

 

ရန္ကုန္၊ ဒီဇင္ဘာ ၁၉၊၂၀၁၇

အရံႈးေပၚေနသည့္ ႏိုင္ငံပိုင္စက္ရံု ၂၈ ခုကိုကြင္းဆင္းေလ့လာမႈၿပီးစီးသြားၿပီ ျဖစ္ၿပီး အမ်ားစုမွာ စီမံခန္႔ခြဲမႈအလြဲမ်ားေၾကာင့္သာျဖစ္ေၾကာင္း ႏိုင္ငံပိုင္စက္ရံုမ်ား ျပန္လည္ေလ့လာဆန္းစစ္ေရး အဖြဲ႔ (၁)၏ ေခါင္းေဆာင္ ဦးေအာင္မင္းက ေျပာသည္။

စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနသို႔ အၿပီးသတ္အစီအရင္ခံစာ တင္သြင္းႏိုင္ရန္အတြက္ ဒီဇင္ဘာ ၆ ရက္ မွစတင္ကာ ကြင္းဆင္းေလ့လာမႈမ်ားေဆာင္ရြက္ေနၿပီး ယေန႔ ဒီဇင္ဘာ၁၅ ရက္တြင္ ကြင္းဆင္းေလ့လာေနမႈ ၿပီးစီးသြားျခင္း ျဖစ္သည္။

” ကြင္းဆင္းေလ့လာမႈၿပီးသြားၿပီ။ အရံႈးေပၚရတဲ့ အဓိက အေၾကာင္းရင္းေတြ ထဲမွာ စီမံခန္႔ခြဲမႈအလြဲေတြေၾကာင့္ အမ်ားဆံုးျဖစ္တယ္ဆိုတာ ေတြ႔ရတယ္။ အျခားအေၾကာင္းအရင္းေတြလည္း ပါတာေပါ့။ အစီရင္ခံစာ ေရးၿပီးေတာ့မွပဲ အေသးစိတ္ေျပာႏိုင္မယ္ ” ဦးေအာင္မင္းက ေျပာသည္။

စီးပြားေရးအရ တြက္ေခ်ကိုက္မႈမရွိေသာ လတ္တေလာရပ္နားသင့္သည့္ ႏိုင္ငံပိုင္စက္ရံု ၄၄ ရံုစာရင္းကို ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းခဲ့ၿပီး ၁၆ ရံုကို ဆက္လက္လည္ပတ္ခြင့္ျပဳခဲ့ေသာ္လည္း ၂၈ ရံု ကို ဆိုင္းငံ့ထားရန္ အတြက္ လႊတ္ေတာ္က ဆံုးျဖတ္ခဲ့သည္။

အဆိုပါအရံႈးေပၚေနေသာ ႏိုင္ငံပိုင္စက္ရံုမ်ားႏွင့္ပတ္သက္ၿပီး အၿပီးသတ္အစီအရင္ခံစာ တင္သြင္းႏိုင္ရန္အတြက္ စီမံကိန္းႏွင့္ဘ႑ာေရး ဝန္ႀကီးဌာနက လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာ ပုဂၢိဳလ္မ်ား ပညာရွင္မ်ားပါဝင္သည့္ အဖြဲ႔ႏွစ္ဖြဲ႔ကို ဖြဲ႔စည္းခဲ့ၿပီး ယင္းအဖြဲ႔မ်ားက ပူးေပါင္းေလ့လာေနျခင္းလည္း ျဖစ္သည္။

အရံႈးေပၚေနသည့္ ႏုိင္ငံပိုင္စက္ရံု ၂၈ ခုတြင္ စက္မႈဝန္ႀကီးဌာနေအာက္ရွိ စက္ရံု ၂၄ ရံုႏွင့္လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ေအာက္တြင္စက္ရံု ၄ ရံုပါဝင္သည္။

ေလ့လာၿပီးစီးခဲ့ေသာ စက္ရံုမ်ားမွာ စစ္ကိုင္းႏွင့္ ျမင္းၿခံၿမိဳ႕မ်ားတြင္ရွိေသာ အထည္ခ်ဳပ္စက္ရံုမ်ားႏွင့္ ေက်ာက္ဆည္တြင္ ရွိေသာ ပလပ္စတစ္စက္ရံု၊ သာဂရတြင္ရွိေသာ အႀကီးစားစက္ရံုမ်ားျဖစ္ေၾကာင္း သိရသည္။
သွ်င္ရဲထြဋ္

ရန်ကုန်၊ ဒီဇင်ဘာ ၁၉၊၂၀၁၇

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံ ၂၈ ခုကိုကွင်းဆင်းလေ့လာမှုပြီးစီးသွားပြီ ဖြစ်ပြီး အများစုမှာ စီမံခန့်ခွဲမှုအလွဲများကြောင့်သာဖြစ်ကြောင်း နိုင်ငံပိုင်စက်ရုံများ ပြန်လည်လေ့လာဆန်းစစ်ရေး အဖွဲ့ (၁)၏ ခေါင်းဆောင် ဦးအောင်မင်းက ပြောသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အပြီးသတ်အစီအရင်ခံစာ တင်သွင်းနိုင်ရန်အတွက် ဒီဇင်ဘာ ၆ ရက် မှစတင်ကာ ကွင်းဆင်းလေ့လာမှုများဆောင်ရွက်နေပြီး ယနေ့ ဒီဇင်ဘာ၁၅ ရက်တွင် ကွင်းဆင်းလေ့လာနေမှု ပြီးစီးသွားခြင်း ဖြစ်သည်။

” ကွင်းဆင်းလေ့လာမှုပြီးသွားပြီ။ အရှုံးပေါ်ရတဲ့ အဓိက အကြောင်းရင်းတွေ ထဲမှာ စီမံခန့်ခွဲမှုအလွဲတွေကြောင့် အများဆုံးဖြစ်တယ်ဆိုတာ တွေ့ရတယ်။ အခြားအကြောင်းအရင်းတွေလည်း ပါတာပေါ့။ အစီရင်ခံစာ ရေးပြီးတော့မှပဲ အသေးစိတ်ပြောနိုင်မယ် ” ဦးအောင်မင်းက ပြောသည်။

စီးပွားရေးအရ တွက်ချေကိုက်မှုမရှိသော လတ်တလောရပ်နားသင့်သည့် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၁၆ ရုံကို ဆက်လက်လည်ပတ်ခွင့်ပြုခဲ့သော်လည်း ၂၈ ရုံ ကို ဆိုင်းငံ့ထားရန် အတွက် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

အဆိုပါအရှုံးပေါ်နေသော နိုင်ငံပိုင်စက်ရုံများနှင့်ပတ်သက်ပြီး အပြီးသတ်အစီအရင်ခံစာ တင်သွင်းနိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ ပညာရှင်များပါဝင်သည့် အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့များက ပူးပေါင်းလေ့လာနေခြင်းလည်း ဖြစ်သည်။

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံ ၂၈ ခုတွင် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ ၂၄ ရုံနှင့်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အောက်တွင်စက်ရုံ ၄ ရုံပါဝင်သည်။

လေ့လာပြီးစီးခဲ့သော စက်ရုံများမှာ စစ်ကိုင်းနှင့် မြင်းခြံမြို့များတွင်ရှိသော အထည်ချုပ်စက်ရုံများနှင့် ကျောက်ဆည်တွင် ရှိသော ပလပ်စတစ်စက်ရုံ၊ သာဂရတွင်ရှိသော အကြီးစားစက်ရုံများဖြစ်ကြောင်း သိရသည်။
သျှင်ရဲထွဋ်

Leave a Reply