ဖားကန္႔တြင္ ေသနတ္သမားမ်ားပစ္ခတ္မႈေၾကာင့္ ပုဂၢလိက ေမာ္ေတာ္ယာဥ္ႀကီးၾကပ္ေရးေကာ္မတီဥကၠ႒ ေသဆံုး

0
132

 

ရန္ကုန္ ၊ ဒီဇင္ဘာ ၁၉ ၊၂၁၀၇

ဖားကန္႕ၿမိဳ႕တြင္ ယေန႔ေန႔လယ္၁၂နာရီခန္႔က အမည္မသိေသနတ္သမား မ်ား ပစ္ခတ္မႈေၾကာင့္ ပုဂၢလိကေမာ္ေတာ္ယာဥ္ ႀကီးၾကပ္ေရးေကာ္မတီ (ရ.က.တ)ဥကၠ႒ဦးခင္စိုး ေသဆံုးခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕မရဲစခန္းမွ တာ၀န္က်ရဲအရာရွိက ပဥၥမလိႈင္းသို႔ေျပာသည္။

“တာ၀န္က်အရာရွိေတြ ေဆး႐ံုးမွာသြားေရာက္စစ္ေဆးေနပါတယ္။ အမႈအေသးစိတ္ကို စံုစမ္းတုန္းပါပဲ”ဟု အဆိုပါတာ ၀န္က်အရာရွိက ေျပာသည္။

ဦးခင္စိုးသည္ ဖားကန္႔ၿမိဳ႕ မရွိကေထာင္ရပ္ကြက္၊ေဘလီတံတားထိပ္ရွိ ၎ပိုင္ေမာ္ေတာ္ယာဥ္ဂိတ္တြင္ထိုင္ေနစဥ္ အမည္မသိေသနတ္သမားမ်ား ကေသနတ္ျဖင့္ ေလးခ်က္ပစ္ခတ္သြားျဖင္းျဖစ္ကာ ယင္းဒဏ္ရာမ်ားျဖင့္ ဖားကန္႕ျပည္သူ႔ေဆး႐ံုသို႔ပို႔ေဆာင္ၿပီးခ်ိန္ ၁၂နာရီ ၃၀မိနစ္ အခ်ိန္တြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အမႈျဖစ္စဥ္အေသးစိတ္ကို ကနဦးစံုစမ္းေနဆဲျဖစ္ၿပီး မည္သည့္ အဖဲြ႕အစည္းမွလုပ္သည္ကိုသိရွိရျခင္းမရွိေသးေၾကာင္း တာ၀န္က်ရဲအရာရွိကေျပာသည္။

ဖားကန္႔ၿမိဳ႕မရဲစခန္းအနီးသံုးဖာလံုခန္႔တြင္ ဒီဇင္ဘာ၁၃ရက္ေန႔ညပိုင္း ၁၁နာရီခန္႕ကေပါက္ကြဲမႈသံုးႀကိမ္ျဖစ္ပြားခဲ့ သည္။

ကိုဥာဏ္

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ၊၂၁၀၇

ဖားကန့်မြို့တွင် ယနေ့နေ့လယ်၁၂နာရီခန့်က အမည်မသိသေနတ်သမား များ ပစ်ခတ်မှုကြောင့် ပုဂ္ဂလိကမော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီ (ရ.က.တ)ဥက္ကဋ္ဌဦးခင်စိုး သေဆုံးခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပဥ္စမလှိုင်းသို့ပြောသည်။

“တာဝန်ကျအရာရှိတွေ ဆေးရုံးမှာသွားရောက်စစ်ဆေးနေပါတယ်။ အမှုအသေးစိတ်ကို စုံစမ်းတုန်းပါပဲ”ဟု အဆိုပါတာ ၀န်ကျအရာရှိက ပြောသည်။

ဦးခင်စိုးသည် ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်၊ဘေလီတံတားထိပ်ရှိ ၎င်းပိုင်မော်တော်ယာဉ်ဂိတ်တွင်ထိုင်နေစဉ် အမည်မသိသေနတ်သမားများ ကသေနတ်ဖြင့် လေးချက်ပစ်ခတ်သွားဖြင်းဖြစ်ကာ ယင်းဒဏ်ရာများဖြင့် ဖားကန့်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးချိန် ၁၂နာရီ ၃၀မိနစ် အချိန်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အမှုဖြစ်စဉ်အသေးစိတ်ကို ကနဦးစုံစမ်းနေဆဲဖြစ်ပြီး မည်သည့် အဖွဲ့အစည်းမှလုပ်သည်ကိုသိရှိရခြင်းမရှိသေးကြောင်း တာဝန်ကျရဲအရာရှိကပြောသည်။

ဖားကန့်မြို့မရဲစခန်းအနီးသုံးဖာလုံခန့်တွင် ဒီဇင်ဘာ၁၃ရက်နေ့ညပိုင်း ၁၁နာရီခန့်ကပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့ သည်။

ကိုဉာဏ်

Leave a Reply