တိုက္စစ္မွဴးေက်ာ္ကိုကိုႏွင့္ ခ်င္း႐ိုင္အသင္း အႀကိဳသေဘာတူညီမႈရရွိ

0
213

 

ရန္ကုန္ ၊ ဒီဇင္ဘာ ၁၉ ၊၂၀၁၇

ထိုင္းႏိုင္ငံခ်င္းရိုင္အသင္းက ျမန္မာလက္ေရြးစင္ႏွင့္ ရန္ကုန္ယူႏိုက္တက္ တိုက္စစ္မွဴးေက်ာ္ကိုကိုအား ၁ႏွစ္အငွားစာခ်ဳပ္ျဖင့္ေခၚယူရန္ အႀကိဳသေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ေၾကာင္း ရန္ကုန္ယူႏိုက္တက္ မီဒီယာတာ၀န္ခံကိုမ်ိဳးျမင့္ေသာင္း ကေျပာသည္။

“အႀကိဳသေဘာတူညီမႈၿပီးသြားပါၿပီ။ မေန႔ကပါပဲ “ဟု ကိုမ်ိဳးျမင့္ေသာင္းကေျပာသည္။

ရန္ကုန္ယူႏိုက္တက္အသင္း တာ၀န္ရွိသူမ်ားႏွင့္ ခ်င္း႐ိုင္အသင္းမွ ကုိယ္စားလွယ္မ်ားသည္ ဒီဇင္ဘာ ၁၈ရက္ေန႔ ညေနပိုင္း ကေတြ႔ဆံုခဲ့ၿပီး အႀကိဳသေဘာတူညီမႈမ်ား ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အႀကိဳသေဘာတူညီမႈအရ ေက်ာ္ကိုကိုသည္ တစ္လလွ်င္လုပ္ခလစာ အေမရိကန္ေဒၚလာ၇၀၀၀ရရွိမည္ဟုသိရသည္။

ေက်ာ္ကိုကိုအေနျဖင့္ထိုင္းႏိုင္ငံတြင္အေကာင္းဆံုးႀကိဳးစားကာ ျမန္မာႏိုင္ငံႏွင့္ရန္ကုန္ယူႏိုက္တက္၏ဂုဏ္သတင္းကို ျမွင့္တင္ႏိုင္ရန္ အတြက္ ႀကိဳးစားကစားရန္ အသင္းဥကၠ႒ဦးျပည့္ၿဖိဳးေတဇက တိုက္တြန္းထားေၾကာင္း ရန္ကုန္ယူႏိုက္တက္အသင္းက သတင္းထုတ္ျပန္သည္။

ခ်င္း႐ုိင္ယူႏိုက္တက္သည္ ယခုႏွစ္ ထိုင္းပရီးမီးယားလိဂ္အမွတ္ေပး ဇယားတြင္ အဆင့္ ၄ျဖင့္ရပ္တည္ခဲ့ၿပီးအာရွခ်န္ပီယံ လိဂ္ေျခစစ္ပဲြ ဒုတိယအဆင့္႐ံႈးထြက္အဆင့္မွ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိထားသည္။
ခ်င္း႐ိုင္ယူႏိုက္တက္အသင္းကို ၂၀၀၉ခုႏွစ္မွ စတင္ဖဲြ႔စည္းခဲ့ျခင္းျဖစ္ၿပီး ထိုင္းလက္ေရြးစင္ကစားသမားမ်ားႏွင့္ ကစား သမားေဟာင္းမ်ား ပါ၀င္ကစားလ်က္ရွိေၾကာင္းသိရသည္။ထိုင္းပရီးမီးယားလိဂ္အမွတ္ေပးၿပိဳင္ပဲြကို ၂၀၁၈ေဖေဖာ္၀ါရီ ၉ရက္ေန႔တြင္ အသင္း(၁၈)သင္းျဖင့္ က်င္းပမည္ျဖစ္သည္။

ထိုင္းပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းျဖစ္သည့္ Police Tero အသင္းႏွင့္ တစ္ႏွစ္အဌားစာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည့္ လက္ေရြးစင္ႏွင့္ ရတနာပံုအသင္းတိုက္စစ္မွဴးေအာင္သူသည္ ယေန႔တြင္ ထိုင္းႏိုင္ငံသို႔ ထြက္ခြာၿပီး ဒီဇင္ဘာ၂၀ရက္ေန႕ ၌ရာသီႀကိဳေလ့က်င့္ေရး အစီအစဥ္အတြက္ အသင္းႏွင့္စတင္ပူးေပါင္းမည္ျဖစ္သည္။

ကိုဥာဏ္

ရန္ကုန္ယူႏိုက္တက္အသင္း၏တိုက္စစ္မွဴးေက်ာ္ကိုကို
ဓာတ္ပံု-ရန္ကုန္ယူႏိုက္တက္

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ၊၂၀၁၇

ထိုင်းနိုင်ငံချင်းရိုင်အသင်းက မြန်မာလက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးကျော်ကိုကိုအား ၁နှစ်အငှားစာချုပ်ဖြင့်ခေါ်ယူရန် အကြိုသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက် မီဒီယာတာဝန်ခံကိုမျိုးမြင့်သောင်း ကပြောသည်။

“အကြိုသဘောတူညီမှုပြီးသွားပါပြီ။ မနေ့ကပါပဲ “ဟု ကိုမျိုးမြင့်သောင်းကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများနှင့် ချင်းရိုင်အသင်းမှ ကိုယ်စားလှယ်များသည် ဒီဇင်ဘာ ၁၈ရက်နေ့ ညနေပိုင်း ကတွေ့ဆုံခဲ့ပြီး အကြိုသဘောတူညီမှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အကြိုသဘောတူညီမှုအရ ကျော်ကိုကိုသည် တစ်လလျှင်လုပ်ခလစာ အမေရိကန်ဒေါ်လာရ၀၀၀ရရှိမည်ဟုသိရသည်။

ကျော်ကိုကိုအနေဖြင့်ထိုင်းနိုင်ငံတွင်အကောင်းဆုံးကြိုးစားကာ မြန်မာနိုင်ငံနှင့်ရန်ကုန်ယူနိုက်တက်၏ဂုဏ်သတင်းကို မြှင့်တင်နိုင်ရန် အတွက် ကြိုးစားကစားရန် အသင်းဥက္ကဋ္ဌဦးပြည့်ဖြိုးတေဇက တိုက်တွန်းထားကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက သတင်းထုတ်ပြန်သည်။

 

ချင်းရိုင်ယူနိုက်တက်သည် ယခုနှစ် ထိုင်းပရီးမီးယားလိဂ်အမှတ်ပေး ဇယားတွင် အဆင့် ၄ဖြင့်ရပ်တည်ခဲ့ပြီးအာရှချန်ပီယံ လိဂ်ခြေစစ်ပွဲ ဒုတိယအဆင့်ရှုံးထွက်အဆင့်မှဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။ 
ချင်းရိုင်ယူနိုက်တက်အသင်းကို ၂၀၀၉ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုင်းလက်ရွေးစင်ကစားသမားများနှင့် ကစား သမားဟောင်းများ ပါ၀င်ကစားလျက်ရှိကြောင်းသိရသည်။ထိုင်းပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲကို ၂၀၁၈ဖေဖော်ဝါရီ ၉ရက်နေ့တွင် အသင်း(၁၈)သင်းဖြင့် ကျင်းပမည်ဖြစ်သည်။

ထိုင်းပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် Police Tero အသင်းနှင့် တစ်နှစ်အဌားစာချုပ်ချုပ်ဆိုခဲ့သည့် လက်ရွေးစင်နှင့် ရတနာပုံအသင်းတိုက်စစ်မှူးအောင်သူသည် ယနေ့တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာပြီး ဒီဇင်ဘာ၂၀ရက်နေ့ ၌ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်အတွက် အသင်းနှင့်စတင်ပူးပေါင်းမည်ဖြစ်သည်။

ကိုဉာဏ်

ရန်ကုန်ယူနိုက်တက်အသင်း၏တိုက်စစ်မှူးကျော်ကိုကို
ဓာတ်ပုံ-ရန်ကုန်ယူနိုက်တက်

Leave a Reply