တတိယအႀကိမ္ ပင္လံုညီလာခံတြင္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ တည္ေဆာက္ေရးအေျခခံမူကိုဦးတည္ေဆြးေႏြးမည္

0
172

ရန္ကုန္ ၊ ဒီဇင္ဘာ ၁၉၊ ၂၀၁၇

ျပည္သူလူထုလက္ခံႏိုင္ေသာ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးအေျခခံမူမ်ားရရွိေရး ဦးတည္ကာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-၂၁ရာစု ပင္လံု တတိယအစည္းအေ၀းတြင္တက္ၾကြစြာပါ ၀င္ေဆြးေႏြးသြားမည္
ျဖစ္ၿပီး ယင္းရလာဒ္မ်ားရရွိရန္ႀကိဳးပမ္းသြားမည္ဟု NCAလက္မွတ္ ေရးထိုးထားသည့္ တိုင္းရင္း သားလက္နက္ကိုင္အဖဲြ႕၈ဖဲြ႕က ထုတ္ျပန္ခဲ့သည္။

၂၁ရာစု ပင္လံုတတိယအႀကိမ္အစည္းအေ၀းတြင္ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕မ်ားကတင္ျပေဆြးေႏြးမည့္ က႑ငါးခု ႏွင့္ပတ္သတ္၍ ႀကိဳတင္ျပင္ဆင္သည့္အစည္းအေ၀းကို ထိုင္းႏိုင္ငံခ်င္းမိုင္ၿမိဳ႕တြင္ ဒီဇင္ဘာ၁၄ရက္မွ၁၈ရက္ေန႔အထိ ၅ ရက္ၾကာျပဳလုပ္ခဲ့ၿပီး သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

၅ရက္ၾကာျပဳလုပ္ခဲ့သည့္အစည္းအေ၀းတြင္ က႑ႀကီးငါးရပ္ျဖစ္သည့္ ႏိုင္ငံေရး၊လံုၿခံဳေရး၊စီးပြားေရး၊လူမႈေရး၊ေျမယာ ႏွင့္သဘာ၀ပတ္၀န္းက်င္ က႑မ်ားကိုအေက်အလည္ေဆြးေႏြးဆံုးျဖတ္ခဲ့ေၾကာင္းသိရသည္။
ႏိုင္ငံေရးေဆြးေႏြးပဲြ က႑အလိုက္ျပင္ဆင္ထားသည့္ အဆိုျပဳမူၾကမ္းမ်ားကို အတည္ျပဳၿပီး NCAလက္မွတ္ေရးထိုးထား သည့္အဖဲြ႕မ်ားက သက္ဆိုင္ရာ ေဒသအလိုက္က်င္းပသည့္အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပဲြမ်ား၊လူထုေတြ႕ဆံုပဲြ မ်ားတြင္ ျပန္လည္ရွင္းလင္းတင္ျပကာ အႀကံျပဳခ်က္ႏွင့္ သေဘာထားမ်ားရယူသြားမည္ျဖစ္ကာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ပိုမိုေအာင္ျမင္ႏိုင္ေရးအတြက္ က႑အလိုက္ အလြတ္သေဘာ ေဆြးေႏြးမည့္ လုပ္ငန္းစဥ္မ်ားကို သက္ဆိုင္ရာက႑ အလိုက္ ေဆာင္ရြက္သြားရန္ခ်မွတ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

“EAOေတြအၾကား လက္ရွိႏိုင္ငံေရးျဖစ္ေပၚတိုးတက္မႈေတြအေပၚ ႐ႈျမင္သံုးသပ္မႈ မတူညီၾကတဲ့ အေျခခံကေနNCA လက္မွတ္ထိုးသူ၊ မထိုးသူေတြရယ္လို႕ျဖစ္ေနတဲ့ အခုလိုအေနအထားမွာ အားလံုး လက္ခံႏိုင္တဲ့ လက္ခံၿပီးျဖစ္တဲ့ဒီမိုကေရစီနဲ႔ဖက္ဒရယ္ျပည္ေထာင္စုဆိုင္ရာ အေျခခံမူေတြကိုဦးစြာေဆြးေႏြးရယူဘို႔ရယူဖို႔လိုအပ္တယ္လို႔ျမင္ပါတယ္”ဟုဒီဇင္ဘာ ၁၄ရက္ေန႔အစည္းအေ၀းအဖြင့္ႏႈတ္ခြန္းဆက္တြင္ ကရင္အမ်ိဳးသားအစည္းအ႐ံုးဥကၠ႒ေစာမူးတူးေစးဖိုးက တိုက္တြန္းေျပာဆိုခဲ့သည္။

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ေဆာင္ရြက္မည့္ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပဲြမ်ား လူထုေတြ႔ဆံုပဲြမ်ား ေအာင္ျမင္စြာက်င္းပႏုိင္ရန္ သက္ဆိုင္ရာ အဖဲြ႕အစည္းမ်ားမွလည္း ျပည္ေထာင္စုၿငိမ္း ခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီUPDJC၏ဆံုးျဖတ္ခ်က္မ်ားကိုအေလးထားလိုက္နာပံ့ပိုးရန္တုိက္တြန္းေၾကာင္းထုတ္ ျပန္ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစုပင္လံုတတိယ အစည္းအေ၀းကို ၂၀၁၈ ဇန္န၀ါရီလတြင္က်င္းပျပဳလုပ္ မည္ဟု အစိုးရကေျပာဆိုထားသည္။

NCAလက္မွတ္ကို ၂၀၁၅ခုႏွစ္ေအာက္တိုဘာ ၁၅ရက္ေန႔က ကရင္အမ်ိဳးသားအစည္းအ႐ံုး KNU ၊ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS ၊ ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္ DKBA ၊ ကရင္အမ်ိဳးသားအစည္းအ႐ံုး/ကရင္ အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္(ၿငိမ္းခ်မ္းေရးေကာင္စီ) KNU/KNLA(PC) ၊ ျမန္မာႏိုင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး ABSDF ၊ခ်င္းအမ်ိဳးသားတပ္ဦး CNF ၊ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ PNLO ၊ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP တို႔က လက္မွတ္ေရးထိုး ခဲ့သည္။

ကိုဥာဏ္

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၇

ပြည်သူလူထုလက်ခံနိုင်သော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူများရရှိရေး ဦးတည်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံ တတိယအစည်းအဝေးတွင်တက်ကြွစွာပါ ၀င်ဆွေးနွေးသွားမည်
ဖြစ်ပြီး ယင်းရလာဒ်များရရှိရန်ကြိုးပမ်းသွားမည်ဟု NCAလက်မှတ် ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၈ဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂၁ရာစု ပင်လုံတတိယအကြိမ်အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကတင်ပြဆွေးနွေးမည့် ကဏ္ဍငါးခု နှင့်ပတ်သတ်၍ ကြိုတင်ပြင်ဆင်သည့်အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဒီဇင်ဘာ၁၄ရက်မှ၁၈ရက်နေ့အထိ ၅ ရက်ကြာပြုလုပ်ခဲ့ပြီး သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၅ရက်ကြာပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ကဏ္ဍကြီးငါးရပ်ဖြစ်သည့် နိုင်ငံရေး၊လုံခြုံရေး၊စီးပွားရေး၊လူမှုရေး၊မြေယာ နှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍများကိုအကျေအလည်ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
နိုင်ငံရေးဆွေးနွေးပွဲ ကဏ္ဍအလိုက်ပြင်ဆင်ထားသည့် အဆိုပြုမူကြမ်းများကို အတည်ပြုပြီး NCAလက်မှတ်ရေးထိုးထား သည့်အဖွဲ့များက သက်ဆိုင်ရာ ဒေသအလိုက်ကျင်းပသည့်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊လူထုတွေ့ဆုံပွဲ များတွင် ပြန်လည်ရှင်းလင်းတင်ပြကာ အကြံပြုချက်နှင့် သဘောထားများရယူသွားမည်ဖြစ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုအောင်မြင်နိုင်ရေးအတွက် ကဏ္ဍအလိုက် အလွတ်သဘော ဆွေးနွေးမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်သွားရန်ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

“EAOတွေအကြား လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ရှုမြင်သုံးသပ်မှု မတူညီကြတဲ့ အခြေခံကနေNCA လက်မှတ်ထိုးသူ၊ မထိုးသူတွေရယ်လို့ဖြစ်နေတဲ့ အခုလိုအနေအထားမှာ အားလုံး လက်ခံနိုင်တဲ့ လက်ခံပြီးဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေကိုဦးစွာဆွေးနွေးရယူဘို့ရယူဖို့လိုအပ်တယ်လို့မြင်ပါတယ်”ဟုဒီဇင်ဘာ ၁၄ရက်နေ့အစည်းအဝေးအဖွင့်နှုတ်ခွန်းဆက်တွင် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌစောမူးတူးစေးဖိုးက တိုက်တွန်းပြောဆိုခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လူထုတွေ့ဆုံပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC၏ဆုံးဖြတ်ချက်များကိုအလေးထားလိုက်နာပံ့ပိုးရန်တိုက်တွန်းကြောင်းထုတ် ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံတတိယ အစည်းအဝေးကို ၂၀၁၈ ဇန်နဝါရီလတွင်ကျင်းပပြုလုပ် မည်ဟု အစိုးရကပြောဆိုထားသည်။

NCAလက်မှတ်ကို ၂၀၁၅ခုနှစ်အောက်တိုဘာ ၁၅ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ချင်းအမျိုးသားတပ်ဦး CNF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့က လက်မှတ်ရေးထိုး ခဲ့သည်။

ကိုဉာဏ်

 

Leave a Reply